Sunday, September 27, 2009

ဂန္ဓ္ဓာရီလှည့်စဉ်က

Posted by ခါတော်မီ

ဂန္ဓ္ဓာရီလှည့်စဉ်က
ငါဘာမျှမလုပ်နိုင်ဘူး
ဘာမျှမလုပ်ဖြစ်ဘူး
ဘာမျှလုပ်မရဘူး
ဘာလုပ်ရမှန်းမသိဘူး
ဘာမျှဖြစ်မလာဘူး
ဘာမျှမသိနိုင်တော့ဘူး
ငါ့မှာကိုယ်ပိုင်အခန်းမရှိ
ကိုယ်ပိုင်နှလုံးသားမရှိ
ကိုယ်ပိုင်ခံစားခွင့်မရှိ
ကိုယ်ပိုင်ဥဏှောက်မရှိ
ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရ
ငါ့အသွေးအသားတွေ
သူတို့ ချေဖျက်တော့မှာ
သေခိုင်းတော့မှာ
အခန်းကျဉ်းလေးထဲမှာ
ငါ့လက်တွေနဲ့ ငါ
ငါ့ခြေထောက်တွေနဲ့ ငါ
ငါ့ဝိဥာဉ်နဲ့ ငါ
နံရံတွေကြမ်းပြင်တွေနဲ့ 
ငါအဖေါ်ပြု
စကါးပြောနေရတယ်
ခပ်သဲ့သဲ့ရီသံတွေနဲ့ 
ဟိန်းဟောက်တဲ့အမိန့် သံတွေ
ဟိုဒီယိမ်းနွဲ့ ကယင်း
ကြောပြင်ကဗြောသံစဉ်နဲ့ 
စတုထ္တဈာန်ကိုဝင်စားရင်း
ချစ်ခြင်းမရှိမုန်းခြင်းမသိ
အဆုံးအစမရှိတဲ့
လွတ်မြောက်မှု့ သံစဉ်ကို
ငံ့လင့်ရှာဖွေရင်း
ငါ့ရဲ့ စိတ်ကိုကျားကန်အားပြု
ယုံကြည်မှု့ တွေ
ဒေါက်ခတ်ခံထားရတယ်
မြေကြီး
Post By:myaegyi 27Sep2009 Pm7:57



0 comments:

Post a Comment