Saturday, December 26, 2009
ကျောင်းသားသံမဏိကြေငြာချက်
Posted by ခါတော်မီ
မြန်မာပြည်တွင်းရှိ ကျောင်းသားများထုတရပ်လုံး အင်အားပေါင်းစု
စည်း၍ စစ်အာဏါရှင်ဖြုတ်ချရေး ဒီမိုကရေစီရရှိရေးအတွက် လက်
နက်ကိုင်တိုက်ပွဲဝင်မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်သံဓိဌါန်ချ၍ ကျောင်းသားသံမဏိ ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည် ။ မြို့ပြလူထု
တိုက်ပွဲကိုဖေါ်ဆောင်၍ မြို့ပြလက်နက်ကိုင်တိုက်ပွဲဆင်နွဲသွားမည်
ဆိုကြောင်း ဦးဆောင်ကျောင်းသားခေါင်းဆောင်မှတဆင့် သိရပါသည်။
ပြည်တွင်းပြည်ပ မျိုးဆက်သစ် မျိုးဆက်ဟောင်း ကျောင်းသားများ ပါဝင် ကူညီတိုက်ပွဲဝင်ဖို့ ဖိတ်ခေါ်တိုက်တွန်းနှိုးဆော်လိုက်ကြောင်း
သိရပါသည်၊ ကျောင်းသားသံမဏိ ကို မျိုးဆက်သစ် မျိုးဆက်ဟောင်း
များ စုစည်းပြီး ရန်ကုန်မြို့ တနေရာတွင် ဖွဲ့စည်းလိုက်ကြောင်းသိရ
သည် ။
Post By: myaegyi ,26 Dec 2009
Tuesday, December 22, 2009
သေပြီဆရာရေ
Posted by ခါတော်မီ
သေပြီဆရာရေ
ရင်မခုန်တဲ့သူရှိလား
ရှိတယ်ဆိုရင်
ဒီလူဟာ
သေပြီ...ဆရာရေ
အတ္တနဲ့ရှင်သန်
ရင်ခုန်နေသူချည်းပဲ
ဘယ်သူငြင်းမလဲ
ပြောကြည့်လိုက်ပါ
-----------
----------
မဟုတ်ခဲ့ရင်
သေပြီ..ဆရာရေ့
ရင်ခုန်သူတိုင်း
အသက်ရှူနေတယ်
အသက်ရှူသူတိုင်း
ရင်ခုန်နေမယ်
ဒါကို..ငြင်းမလား
ငြင်းကြည့်လိုက်ပါ
---------
---------
မဟုတ်ခဲ့ရင်
သေပြီ..ဆရာရေ့
မြေကြီး
Post By: myaegyi  ,22 dec 2009
Powered by ScribeFire.
Tuesday, November 24, 2009
မြစ်
Posted by ခါတော်မီ
မြစ်
ကျွန်ုပ်တို့ရင်တွင်းမှာ
မြစ်တစင်းရှိခဲ့ပြီ ။
အဲ့ဒီမြစ်က ရဲရဲနီနေပေမယ့်
ဖြူဖွေးစင်ကြယ်တဲ့မြစ် ။
အဲ့ဒိမြစ်က နူးညံ့ညင်သာပေမယ့်
အရှိန်ပြင်းစွာ စီးဆင်းတဲ့မြစ် ။
အဲ့ဒိမြစ်က တိုးတိတ်နေပေမယ့်
ကျယ်လောင်စွာ အော်မြည်နိုင်တဲ့မြစ် ။
ကြည်လင်အေးမြစွာနဲ့
ရင်ခွင်ပေါင်းများစွာကို
တိုးဝှေ့ဖြတ်သန်းလို့
ထာဝရစီးဆင်းမယ့်မြစ် ။
သူရဲကေါင်းနှင့်လျော်ကန်သော
ဝိဥာဉ်ဘုံအထွဋ္ဋ်ထိ
စီးဆင်းသွားပေါ့ ။
ကိုဆက်
Post By: Myaegyi ,Label:ကဗျာ, 2009 nov 24 pm6:03
Powered by ScribeFire.
Monday, November 16, 2009
အား
Posted by ခါတော်မီ
အား
မပြေလည်တာ ဝမ်းရေးအတွက်
လွမ်းရေးက ခက်နေသေးလား
ချို့တဲ့  တဲ့ ဦးဏှေက်အပိုင်းအစနဲ့
တိုင်းတာတွက်ချက်ကြည့်ဖို့ကို
တကယ်ကို အခက်တွေ့နေရပြီ
နာရီသံတွေ တချပ်ချပ်နဲ့
လှောင်ပြောင်ရီနေတာလား..မသိ
ပြားချပ်ချပ် အိတ်ကပ်ထဲကအကြွေတချို့နဲ့
ဘဝကို အလဲအထပ်လုပ်ဖို့ကို
.....ဖဝါးတော်ထဲ....
ဆူးကြမ်းတွေမြှုပ်နှံရတော့မယ်
သံခွါရိုက်မှဖြစ်တော့မယ်
ယုံကြည်တယ်
အားမတန်လို့မာန်လျှော့တဲ့စိတ်ကို
ထွေးအန်ထုတ်ပစ်လို့
သွေးစွန်းနေတဲ့လမ်းတွေကို
မျက်ရည်တွေနဲ့ဆေးကြောနေမဲ့အစား
အာကါတခွင်မှာ ငါတို့ရဲ့
တမန်တော်မဟာမိတ်တွေရှိတယ်
.....ဖိလို့ကြွခဲ့တဲ့.....
နှလုံးသားအပုံတွေ တောင်လိုပုံနေ
.....ပုတ်နှိုးလိုက်တဲ့.....
နာကျည်းမှု့တွေဝေဟင်ထိရိုက်ခတ်သွား
ထိလို့ချလိုက်တဲ့ ဒေါသလှိုင်းတွေ
ကမ္ဘာကို ထုတ်ချင်းပေါက်မဲ့...အား
မြေကြီး
Post By: myaegyi ,17 nov 2009 .am5:04
Powered by ScribeFire.
Monday, November 2, 2009
မရောက်ခင်...အရင်သွား
Posted by ခါတော်မီ
မရောက်ခင်..အရင်သွား
တွေ့ကြုံဆုံကွဲ
ဒီလောကဓမ္မတာထဲ
....ငါလေ....
ဖြစ်ပျက်သဘာဝ
အမှန်တရားကို
မြင်ခွင့်ရချင်တယ်
ပြောခွင့်ရချင်တယ်
ကြားခွင့်ရချင်တယ်
သိခွင့်ရချင်တယ်
ကိုယ်တိုင်ပြုခွင့်ရချင်တယ်
တွေ့ကြဆုံကြ
ဒီတဘဝ ဒီခဏလေးမှာ
မရယ်(ရီ)ချင်လည်း
မပြုံးချင်လည်း
မပြောချင်လည်း
မခေါ်ချင်လည်း
မကြားချင်လည်း
မတွေ့ချင်လည်း
မနေချင်လည်း
မသွားချင်လည်း
အနှစ်မပါ ရင်ဗလာချည်း
ဟန်ဆောင်မှု့တွေကို
သော့ခတ်ထားလို့ရယင်
ဒါဟာ..ဒုက္ခ
ဒါဟာ..သောက
ဒါဟာ..မောဟ
ဒါဟာ..လောဘ..တွေကို
စစ်ခွေးတိုက်ပို့ပြီး
ကြိုးမိန့်ပေးလိုက်ချင်
ကြုံရ ဆုံရ သမျှကို
ကြားရင်..ကြားတယ်လို့
မြင်ရင်..မြင်တယ်လို့
သိရင်..သိတယ်လို့
ရှုမှတ်နိုင်ဖို့
ငါကလည်း
သူတော်စင် မဟုတ်
အပုတ်ကေါင်..ရုပ်ဆောင်နေတဲ့
ကိလေသာ တောက်လောင်နေတဲ့
မီးတောင်ကြီး
အချိန်တန်ရင် ပြာဖြစ်မယ့်
မီးတောက်လူသား
အပူသည်တွေ အချင်းချင်း
မာန်တက်နေကြလိုက်တာ
ကြုံရဆုံရ ဒီခဏလေးမှာ
ပိုင်ဆိုင်ခြင်းဆိုတာ
အမြဲမရှိတဲ့
မရှိတရား..မသိတရား
လက်ကိုင်ထားလို့
အတ္တကင်းစင် ငြိမ်းချမ်းရေးလွင်ပြင်ဆီသို့
ခဏလေးဖြစ်ဖြစ်
........သွားကြည့်လိုက်ပါ........
နေဝန်းနီ
Post BY:MyaeGyi >Label :ကဗျာ >Oct 3,2009,Am 3:45
Powered by ScribeFire.
Saturday, October 31, 2009
နောက်ဆုံးခံတပ်..မြို့ကလေး
Posted by ခါတော်မီ
                 နောက်ဆုံးခံတပ်..မြို့ကလေး
မြို့ကလေးရေ...
ယောယုဝက  ထမြောက်ခဲ့သူတယောက်
စေတန်တကေါင်နဲ့  အပေါင်းအသင်းမှားလို့
မမျှော်လင့်ဘဲ  မင်းထံရောက်ရှိခဲ့ပေါ့
မရောက်ခင်လည်း  တစုံတရာနှင်ခဲ့သူပါ
မင်းရဲ့ပုံပြင်တွေကိုပဲ
ရေလိုနှောက်လို့  ထုံးလိုချေခဲ့ပေါ့
မည်သို့ဖြစ်စေ  
စုန်လိုက်ဆန်လိုက်
ပျံသန်းလိုက်  ကူးခတ်လိုက်နဲ့
ကျိန်စာသင့်
ကိုယ်တိုင် ရူးသွတ်ခဲ့သူမို့
အပြန်မဲ့ တောင်တတ်လမ်းမထက်
စိုးတထင့်ထင့်နဲ့
မြေကြွက်တကေါင်လား
ညဇီးကွက်တကေါင်လား
........ငါ......
.....ဝဋ်ကြွေးပါပဲ...
......မြို့ကလေးရေ.....
ဟေ့...မြို့ကလေးရေ
ငါ့နိုင်ငံကငြင်းဆန်
တောထုတ်လိုက်တဲ့အချိန်မှာ
မင်းကချစ် သည်ဖြစ်ဖြစ်
မချစ် သည်ပဲဖြစ်ဖြစ်
ရွေ့ပြောင်း တောင်ယာတခုလို
ငါက ခြေစုံချ
ကျုးကျော်နေထိုင်ခဲ့ရတယ်
စိန်ခေါ်မှု့တွေ ဒင်းကြမ်းပေါ့
နွေးထွေးအေးစက်
ကြားတဝက်တွေနဲ့
ဇဝေဇဝါဖြတ်သန်း
ပျော်သလိုလို မပျော်သလိုလို
ဘာရယ်  ခံစားရမှန်းမသိ
...ညီမလေးရေ..
မင်းကိုသိပ်လွမ်းတဲ့အတွက်
သ္မီးလေး  ဆည်းလည်းလေး
အော်ငိုနေရှာပေါ့
မျှော်နေရှာရောပေါ့
ဘာဆိုဘာမျှမတတ်နိုင်
.....အဲ့ဒါ...
ဆိုကရေးတီးတဲ့လား
အများထဲကလူ
မင်းတို့မသိနိုင်ဘူးလေ
မြို့ကလေးရေ
...ငါက..
ဘာနဲ့မျှမလဲနိုင်ဘူးလေ
လဲလှယ်စရာတခုပဲရှိတယ်
ဘဝနှင့် သက်ဝိဥာဉ်ပဲကွဲ့
ကြားအချိန်တွေထဲ
ပြူတင်းပေါက်ဆိုလို့
ပင်လယ်ရေပြင်းပြင်း
ရော့ခ် သီချင်းတွေနဲ့
ဂီတသံစဉ်တွေပဲရှိရဲ့
နောက်ကျော ဓါးမထိုးတဲ့
သေဖေါ်သေဘက်
ရင်ဘတ်ချင်းထပ်ခဲ့သူတွေ
အငတ်ငတ်အပြတ်ပြတ်နဲ့
အချို့အတဲ့တွေပဲရှိတယ်
နောက်ဆုံးခံတပ်မြို့ကလေးရေ
တသောင်းနှစ်ညရဲ့ အိမ်မက်ပေးအုံး
ငါကြိုးစား နိုးထအုံးမှာပါ
ငါ့..နိုင်ငံတော်အတွက်
ငါ့...တိုင်းပြည်အတွက်ပေါ့
ငါ့..ပြည်သူတွေအတွက်နဲ့
ငါ့...မိခင်အတွက်
ငါ့....ညီအစ်ကိုတွေအတွက်
ကျဆုံးခဲ့  ဝိဥာဉ်တွေအတွက်လေ
ကျေးဇူးပြု၍
တပြန်တလှည့်  အခွင့်အရေးပေးပါဦး
.......မြို့ကလေးရေ.....
( ကိုဆက် )
Post By :MyaeGyi :Label ,ကဗျာ :Oct 31,2009 Pm 21:18
Powered by ScribeFire.
Thursday, October 29, 2009
အမှတ်တရ..မုန်းစရာများ
Posted by ခါတော်မီ
အမှတ်တရ..မုန်းစရာများ
-- လူရိုသေရှင်ရိုသေ
(နိုင်ငံရေး)ဆောင်းပါးတပုဒ်ရေး
မလို.
အေဖိုး ပေါ်မှာ
အနာဂတ်သစ်ကို ရေးမရ
အတိတ်ဆိုးကိုချည်း
ထပ်တလဲလဲ ရေးနေရတာကို
မုန်းတယ် ။
-- အယ်လ်ကိုဟော ဒီဂရီ-၉၄နဲ. ..
အပေါစား (ဇ၀က်သာ) တွေကို
နေ.ရော ..ညရော...နာရီမသိ
ပက်ပက်စက်စက်
မြိုဆို့ရတဲ့နေ့တွေကိုလည်း
မုန်းတယ် ။
-- ခပ်ညံ့ညံ့ ကိုယ့်သမိုင်းကို
(ဂေးမူတို့ ရဲ့ ) ထုံထောင်းကျောက်ခုံဆိုင်
အငန်းမရ လောက်ခေါင် မော့ယင်း
မာန်တက်စွာ အန်ထုတ်ရတာကိုလည်း
သိပ်မုန်းတယ် ။
-- ကိုယ့်လောက်မရိုးသား သူတွေထံ
အမှန်တကယ်ရိုးသားကြောင်း
( အောက်ကျနောက်ကျ) ထောက်ခံစာ
ယူနေရတာကိုလည်း
သိပ်မုန်းတယ် ။
-- အေဘီစီဒီ တံဆိပ်တုံးတွေနဲ့ 
ကိုယ့်ကိုယ်ကို လှလှပပကြီး
လိမ်လည်ကာ
ကိုယ်တိုင်လက်တွေ့ လည်း
မလုပ်.. မဖြစ်နိုင်တဲ့
စာစီစာရွက်တွေကိုလည်း
မုန်းတယ် ။
-- ပြီးတော့...
မိမိကိုယ်မိမိ....ရက်ရက်စက်စက်
ဖဲသုံးချပ်ကစား နေရတာကိုလည်း
တကယ်မုန်းတယ် ။
-- မဆုံးနိုင်တဲ့ အမုန်းတွေနဲ့ 
ရှံးနေတဲ့ (သက်ရှိ) တကောင်
စာနာမှုကင်းတဲ့
ဒီ (ရောမ) မြို့ ပျက်လေးထဲမှာ
ရူးသွပ်မိုက်မဲစွာ
ပျော်ဝင်နေခဲ့တာကြာပေါ့ ။
-- ညီမလေးရေ
ငါ့ဘ၀မှာ ငါ့ဥဏှောက်မှာ
ငါ့အသဲနှလုံးတစုံမှာ
ဘာတွေများ ကျန်ရှိဦးမယ်
ယူဆသလဲကွဲ့
(တစုံတခုသော) အယူအဆအတွေးအခေါ်
လုပ်ဟန်ကိုင်ဟန်
အကြံအစည် တမျိုးမျိုးပေါ့ ။
-- ချဉ်ချင်းတက်လွန်းမက တက်လွန်းလို့ 
ရင်အုံအတွင်းနက်နက်နဲ့ 
သွေးကြောရှိုင်းရှိုင်းတွေထဲ
လက်ကုန်နှိုက်ကြည့်လိုက်တဲ့အခါ
(- - - - -)၀ပ်ပါမစ်နဲ့ 
ပြောရေးဆိုခွင့် လက်မှတ်တစောင်ဟာ
ငရဲကိုးထပ်မှာကျန်ရစ်
အမေ့တိုင်းပြည်မှာကျန်ရစ်
၂၁- သမိုင်းထဲမှာကျန်ရစ်
(ပါလာခဲ့တောင်မှ) မူးယစ်ရီဝေနေလို့ 
ဟိုမှာလား ဒီမှာလား
ဒီမြို့ပျက်လေးရဲ့ တနေရာရာမှာ
ပျောက်ဆုံးကျန်ရစ်
အား ...ဆိုးလိုက်တဲ့အဖြစ်
ဒီလောက်မုန်းတီးစရာ
ရွံ့ မုန်းစရာများ ...
ဘယ်မှာရှိနိုင်ပါ့မလဲလေ .....။
( ကိုဆက် )
Post By : MyaeGyi ; Label : ကဗျာ ; 29 oct 2009 PM 16:01
Wednesday, October 28, 2009
ဘဝ
Posted by ခါတော်မီ
ဘဝ
ဘနှင့်ဝ
ပေါင်းထားလို့
ဘဝလို့ခေါ်တာလား
ဘဝဆိုတာ..ဘာလဲ
နှစ်လုံးတည်းကြပ်တည်းနေတာ
နှစ်လုံးတည်းနဲ့ရှုတ်ထွေးနေတာ
နှစ်လုံးတည်းနဲ့သံသရာလည်နေတာ
နှစ်လုံးတည်းနဲ့ဒုက္ခတွေဝေနေတာ
ဘဝဆိုတာ
မွေးဖွါးခြင်းနဲ့သေဆုံးခြင်း
ကြားကါလရဲ့
ရှင်သန်နေမှု့လား
ဒါဆိုရင်
ဘ..သည်မွေးဖွါးခြင်း
ဝ..သည်သေဆုံးခြင်း
ဘ..မှ..ဝ..အထိဒီခရီးက
တိုချင်လည်း..တိုမယ်
ရှည်ချင်လည်း..ရှည်မယ်
နီးချင်လည်း..နီးမယ်
ဝေးချင်လည်း..ဝေးမယ်
ဘဝဆိုတာ
ဖြစ်ခြင်းနဲ့ပျက်ခြင်း
သတ္တဝါတွေဟာ
ဖြစ်တည်ပြီးတာနဲ့
အပျက်ဆီသို့ဦးတည်
အပျက်ခရီးကိုလမ်းထွင်
ဒုက္ခကိုစားသုံးရင်း
ကိုယ်မပိုင်တဲ့ခန္ဓာကို
တပ်မက်နေခြင်းသည်
ဘဝ....ဘ....ဝ
မြေကြီး
Sunday, October 25, 2009
ရွာရိုးကိုးပေါက်
Posted by ခါတော်မီ
ရွာရိုးကိုးပေါက်
ကျနော် အိမ်လည်ခြင်းအလုပ်ကို ဝါသနာလို့ပြောရင်ရမယ်။ ကျနော် ရန်ကုန်
မှာ ဘယ်လောက်ထိ ရွာရိုးကိုးပေါက် လျှောက်သွားသလဲဆိုရင် မနက် ၇နာရီခွဲဆိုရင် အိမ်
မှာမရှိတော့ဘူး။ ညဘက် အစောဆုံး အိမ်ပြန်ရောက်ရင် ၉နာရီ ပုံမှန်ကတော့ ၁၀နာရီ
၁၁နာရီလောက်မှ အိမ်ကိုပြန်ရောက်တာ။ အိမ်မှာရှိတဲ့ အချိန်က အိပ်ချိန်လောက်ပဲ.နေ
တာ။ ဒါကြောင့် ငယ်သူငယ်ချင်း တယောက်က အိမ်ဦးနတ်နဲ့ ရန်ဖြစ်ထားသလားလိုတောင်
ပြောခံခဲ့ရတယ်။အဲ့ဒီအကျင့်က ပြည်ပရောက်တဲ့အထိပဲဆိုပါဆို့။ ပြည်ပမှာလည်း အလုပ်
သွားတဲ့နေ့ပဲဖြစ်ဖြစ် အလုပ်နားရက်ပဲ ဖြစ်ဖြစ် အိပ်ယာကနိုးပြီးလို့ နာရီဝက်အတွင်း
အိမ်အပြင်ကို ရောက်နေပါပြီ။ အိမ်ထဲမှာ နေရတာကို အကျဉ်းကျနေတယ်လို့ ခံစားမိ
တဲ့ အတွေးလည်းပါမယ် အိမ်တွင်းအောင်းနေလို့ ကိုယ့်အတွက် ဘာအကျိုးမှ မဖြစ်နိုင်
ဘူး လို့ယူဆတာလဲပါမယ်ထင်ပါတယ်။ ဒါကြောင့် အိမ်လည်ခြင်း လျှောက်လည်ခြင်း
အလုပ်ဟာ ဗီဇ တခုလိုဖြစ်နေတယ်။
အိမ်လည်ခြင်း ရွာရိုးကိုးပေါက်လျှောက်သွားခြင်း လမ်းမရှိလမ်းရှာ၍ လမ်း
သလားနေတတ်သူကျနော် ချုပ်နှောင်ခြင်းကိုခံလိုက်ရပါတော့တယ် ၊ ဖြစ်ပုံက ဒီလိုပါ။
ပြည်ပ နိုင်ငံတခုမှာ တရာမဝင် ဗီဇာမရှိ ရက်ရှည်နေထိုင်မှု့နဲ့ ရဲကဖမ်းချုပ်လိုက်
ပါတယ်၊အိုဗာစတေး (ဝလုံး)အမှု့နဲ့ပေါ့ဗျာ၊ သူတို့အခေါ်အဝေါ်အရ တရားမဝင်နေ
ထိုင်မှု့နဲ့ ဖမ်းတယ်ပေါ့ဗျာ။ ဖမ်းတယ်ပြီးတော့ ပြည်နှင်ဒဏ်ပေး အမိနိုင်ငံနေရင်းကို
ပြန်ပို့မယ်ပေါ့။ ရဲကနေ လူဝင်မှု့ကြီးကြပ်ရေးကိုအပ်ပေါ့။ ရဲမှာလည်းစစ်ဆေးမှု့တွေ
ကလည်းအထပ်ထပ် ဓါတ်ပုံရိုက်လက်ဗွေယူ စစ်ဆေးမှု့တွေက အထပ်ထပ်ပါ၊ ဗမာပြည်
ကရဲတွေနဲ့ တော့ကွါပါတယ်။ သူတို့လုပ်ထုံးလုပ်နည်းအတိုင်း သူတို့နိုင်ငံမှာ ပြစ်မှု့
ကျုးလွန်ခဲ့ ခြင်းရှိမရှိကို စစ်ဆေးတာကအဓိကပါ။ကျနော်ဆိုတဲ့ကေါင်ကလည်း ဗမာပြည်
ထဲ ရွာရိုးကိုးပေါက် သွားရတာအားမရလို့ ပြည်ပထိတောင် ခြေပေါက်သွားခဲ့တာ အချုပ်
ထဲ ထိရောက်အောင် ခြေထောက်က ရောက်သွားတာ။။လူဝင်မှု့ကြီးကြပ်ရေးလည်း
ရောက်ရော ပြည်နှင်ဒဏ်ပေး ၅နှစ်အတွင်း သူ့နိုင်ငံကို ပြန်မဝင်ရ အမိန့်ကိုဖတ်ပြ
သဘောတူကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ဒီကလည်း ဟုတ်ကဲ့ပေါ့။ ထိုးပေးလိုက်တာ
ပေါ့။ပြီးတော့မှ လေယာဉ်လက်မှတ်ဝယ်ခိုင်းပြီး ပြန်ခိုင်းပါလေရော။ဒီကလည်းဘာရမ
လဲ ( မင်းတို့နိုင်ငံကို မင်းတို့ခေါ်လို့လာတာမဟုတ် ကိုယ့်ဖါသာလာတာ မင်းတို့ပြန်
ခိုင်းတိုင်းပြန်ရမှာလား ကိုယ်ပြန်ချင်တဲ့အချိန်ပြန်မှာပေါ့ ရင်ထဲက ) ပြန်နိုင်ဘူးလို့ 
ပြောလိုက်တယ်။ မပြန်ချင်ရင်ခိုလှုံခွင့်လျှောက်ပေါ့။ ဒါပဲရှိတာပဲ။ အဲ့ဒါနဲ့ပဲ ကျနော်
လည်း ဒုက္ခသည်ဘဝ ကို နေ့ချင်းညချင်းရောက်သွားလေသတည်း။
လူဝင်မှု့ကြီးကြပ်ရေးကလည်း ဒီလောက်တောင်ကိုယ့်နိုင်ငံ ကိုမပြန်
ချင်တဲ့ကေါင်တွေ ဘယ်လောက်တောင်နေနိုင်မလဲဆိုပြီး ဖမ်းထားပါတော့တယ်။ တချို့
တွေဆိုရင် ၂နှစ်၃နှစ်လောက်ထိဖမ်းထားတာ။ အင်မတန်မှ လမ်းသလားတဲ့ကျနော့်
အဖို့ ဘယ်မှသွားလို့ မရတော့ဘူး။ ၅ယောက်နေရတဲ့အခန်းကျဉ်းလေးထဲမှာ ငြိမ်ငြိမ်
မနေတတ်တဲ့ ကျနော့်အဖို့ ဒုက္ခတော်တော်ကြီးခဲ့နေတာပေါ့။ ဖမ်းခံရတာထက် လမ်း
မသလားရတဲ့ ဒုက္ခကပိုဆိုးနေတယ်။ ဒါပေမဲ့ ကျနော် ဆိုတဲ့ကေါင်ကလည်း ဒီအခန်းကျဉ်း
လေးထဲမှာ ကိုပဲ ရအောင်လမ်းလျှောက်တယ်။ ရေချိုးဆင်းချိန်၂နာရီမှာ ကိုယ့်အဆောင်
ထဲမှာ ခေါက်တုန့်ခေါက်ပြန် တခန်းဝင်တခန်းထွက်လျှောက်သွားတယ်။ အဲ့ဒီငြိမ်ငြိမ်မ
တတ်တဲ့ အကျိုးကြောင့် ဖမ်းခံရတဲ့ ကါလတလျှောက် ကျန်းမာစွာနဲ့ အပြင်ကိုပြန်ရောက်
ခဲ့တယ်။ သူတို့လူဝင်မှု့ကြီးကြပ်ရေးအချုပ်က ကျနော့်အဖို့ တော့ဟော်တယ် တခုသာ
သာပါ။ ဘာလို့လဲဆိုတော့ အင်းစိန်ထောင်မှာနေခဲ့တဲ့ အကျင့်ကရှိနေပြီးသားဖြစ်နေလို့
ပါ။ ဗမာပြည်နဲ့ကတော့ တခြားဆီပါ။ လူ့အခွင့်အရေးအပြည့်နဲ့ထားပါတယ်။ အလုပ်မရှိ
တဲ့အချိန် ခေါ်ထားမယ်ဆိုရင်တောင် နေချင်သေးတယ်။ လူဝင်မှု့ကြီးကြပ်ရေးက ဗမာ
တော်တော် များများကို မျိုးချစ်စိတ်ရှိအောင်တောင်လုပ်ပေးလိုက်သေးတယ်။ ဘာဖြစ်
လို့လဲဆိုတော့ အဖမ်းခံရပြီး ပြန်ထွက်လို့ အပြင်ပြန်ရောက်ရင် နောက်ထပ်ဖမ်းမခံရ
အောင် နေထိုင်ခွင့်လေးရအောင် တိုင်းပြည်ကိုဘယ်လောက်ချစ်ကြောင်း စစ်အစိုးရ
မကေါင်းကြောင်း ရောယောင်ပြီး သံရုံးရှေ့ဆန္ဒသွားပြရတယ်လေ။ စိတ်ထဲပါသော်ရှိ
မပါသော်ရှိ မျိုးချစ်စိတ်ရှိတယ်ဆိုတာ သိရအောင် လက်သီးလက်မောင်းတန်း အော်
ပြပါမှ နေထိုင်ခွင့်ရမယ် ။ ရပြီးသွားတဲ့ တော့ ပျောက်ကုန်တာပဲ။
အချုပ်ကပြန်ထွက်လာ တော့ အရင်ကလို ကျနော်လမ်းမသလားနိုင်
တော့ဘူး။ ဘာလို့လဲဆိုတော့ ကဗျာရေး သီချင်းရေးကဝါသနာပါတော့ သူငယ်ချင်း
တွေက ဝိုင်းမြှောက်ပေးလို့ စာစောင်လေးတစောင်ထုတ်ဝေဖြစ်သွားတယ်။ အဲ့ဒါနဲ့
ကျနော်လည်း ခြေငြိမ်သွားပြီး အိမ်လည်ခြင်းအလုပ် ရွာရီုးကိုးပေါက်လျှောက်သွားတဲ့
အလုပ်ကို မလုပ်နိုင်တော့ပါဘူး။ စာစောင်သာထုတ်ဖြစ်တယ် ကွန်ပျုတာကိုလုံးဝကို
မလုပ်တတ်ဘူး။ နားကိုမလည်တာ ဘယ်လောက်မသိလဲဆိုရင် စာစီစာရိုက်လုပ်ဖို့ သူ
ငယ်ချင်းက ကွန်ပျုတာပေးသွားတယ်။ ကွန်ပျုတာကို မီးကြိုးနဲ့ ဆက်ပြီးဆင်တာ
တောင်မလုပ်တတ်ဘူး။ ကွန်ပျုတာအဖွင့်အပိတ်တောင် မလုပ်တတ်ဖူး။ အဲ့ဒီလောက်
ထိတော်တာ။ သူလာပြီးဆင်ပေး ပြပေးမှနဲနဲလုပ်တတ်သွားတယ်။ စာစီစာရိုက်လဲသူ
သင်ပေးသလောက်ပဲ တတ်တာ။ဒီထက်ပိုပြီးဘာမှ မလုပ်တတ်ဘူး။စာစောင်လည်း
၁၅စောင်လောက်ထုတ်ပြီး ဆက်မထုတ်နိုင်တော့ဘူး။ဒီကြားထဲမှာ ဝက်ဒ်ဆိုက်လေး
တခုလုပ်ဖြစ်လိုက်ပါတယ်။ပိုက်ဆံအကုန်ခံပြီး တနှစ်ဝယ်ပြီးလုပ်လိုက်ပါတယ်။ဒါပေ
မယ့် ကွန်ပြူတာကျွမ်းကျင်တဲ့ ဝက်ဆိုဒ်လုပ်တဲ့သူက ဆက်မလုပ်တဲ့တော့ တနှစ်ထဲ
နဲ့ရပ်သွားပါရော။ပိုက်ဆံသာကုန်သွားတယ် ကျနော့်မှာ ဘာပညာမျှမကျန်ခဲ့ဘူး။
ဝက်ဆိုဒ်လုပ်နည်းကို သူ့ကိုသင်ခိုင်းပြန်လည်း အိလေးဂျလေးနဲ့ မသင်ပေးဗျာ။အဲ့
ဒီလို စာစောင်လေးထုတ်နေတော့ စာရိုက်နေရတာနဲ့ ကျနော်လည်း ဘယ်မျှသွားဖို့
အချိန်မရှိ အလုပ်သွား ပြန်လာစာရိုက်နဲ့ ဒါနဲ့ပဲအချိန်တွေကုန်ခဲ့ပေါ့။
အားတဲ့အချိန်လေးတွေ မှာ ဟိုဆိုက်ဝင်ဒီဆိုက်ဝင်ကြည့်နဲ့ အလည်
အပတ် စလာပါတော့တယ်၊ စာစောင်ကလည်းဆက်မထုတ်ဖြစ်တော့ အချိန်လေးက
ရလာတော့ ရွာရိုးကိုးပေါက်လည်တဲ့ အကျင်ကပြန်ရလာပါတယ်၊ ဒီတခါ အလည်အ
ပတ်ကတော့ ခြေထောက်မညောင်းတော့ပါဘူး၊ နက်ထဲကဘလော့အိမ်လေးတွေကို
လျှောက်လည်ဖြစ်သွားတယ်။ နိုင်ငံတွေစုံနေအောင်ရောက်တော့တာပဲ။ အိမ်တွေကို
လျှောက်လည်တာ မောင်းထုတ်မဲ့သူလည်းမရှိဘူး။ ခွေးဟောင်ခွေးကိုက်မှာလည်းမ
ကြောက်ရဘူး။ စိတ်ချမ်းသာလိုက်တဲ့ဖြစ်ခြင်း။ ဗဟုသုတလည်းရတယ်။ ယူစရာရှိတာ
ယူတယ်။ခိုးစရာရှိတာလည်း မသိအောင်ခိုးလို့ရတယ်။ တဖြည်းနဲ့ ဘလော့အိမ်လေး
တွေကို လျှောက်လည်ရင်း အားကျလာတယ်။ သူတို့တွေလို အိမ်လေးဆောက်ချင်လာ
တယ်။ ကိုယ်ပိုင်လေးတလုံးလောက်ဆောက်ချင်လာတယ်။ ကိုယ့်မှာဘလော့အိမ်တ
လုံးမပြောနဲ့ တကယ့် လူနေတဲ့အိမ်တလုံးတောင်မပိုင်ဆိုင်။ ဘလော့အိမ်လေးတခု
တော့ လူရိုသေရှင်ရိုသေရှိသင့်တယ်ပေါ့။ အိမ်တလုံတော့ပိုင်အောင်လုပ်မှ လူနေအိမ်
မပိုင်ရင်တောင်မှ ဘလော့အိမ်လေးတလုံးပိုင်မှဖြစ်မယ်ဆိုပြီး လျှောက်လေ့လာလိုက်
တာ တကယ့်လက်တွေ့ကျတော့ လုံးဝကို မလွယ်မှန်း သိလိုက်ရတယ်၊။ အစ်ကို ဘလော့
ကါ ကိုအောင်သာငယ်ကလည်း မြှောက်ပေးပါတယ်။ ဝိုင်းကူလုပ်ပေးမယ်ပြောပါတယ်။
သူငယ်ချင်းတွေကိုလိုက်ကြည့်တော့လည်း ဘလော့အိမ်လေး ကိုယ်စီပိုင်ဆိုင်နေကြ
ပြီ။ ငါ့လည်း သင်ပေးပါလို့ပြောတော့ သူတို့လည်းမလုပ်တတ်ပါဘူး လုပ်တတ်တဲ့
သူကိုပိုက်ဆံပေးပြီး လုပ်ခိုင်းတယ် တင်ခိုင်းတယ်။ မင်းတို့ဟာကဟုတ်သေးပါဘူး.
ဘလော့တောင်ရှဲဒိုးရှိသေးလား။အဲလိုကျတော့လည်း မလုပ်ချင်ပြန်ဘူး။ သူတို့တွေ
ဆိုရင် အမည်ပဲခံထားတာ ပိုက်ဆံပေးပြီး အချိန်တန်ရင် ဘလော့ပေါ်ပြည့်နေအောင်
တင်ထားတာ လှတပတလေးတွေနဲ့စုံလို့ပါ။ ဒါပေမဲ့ အဲ့ဒီလိုမျိုးတော့အားမကျမိတာ
အမှန်ပါ။
ဒါနဲ့ ဘလော့ရေးချင်တဲ့စိတ်က ကိုယ်တိုင်မလုပ်တတ်တာကြောင့် ၂နှစ်ကျော်
လောက်နောက်ကျခဲ့တယ်။ ကျနော်လည်းလိုက်လေ့လာတာပဲ။ အဲ့ဒီလောက်တောင်ပဲ
ညံ့ရသလားပေါ့။ ကျနော်ရဲ့ညံ့ချက်များ ကျနော်ထင်ထားတာထက်တောင် ညံ့နေမှန်း
သိလာခဲ့တယ်။ ကိုအောင်သာငယ် ကိုပြောတော့လဲ လွယ်လွယ်လေးပါတဲ့။ ကြာတော့
ဘလော့ရေးမယ်ဆိုတဲ့ကုန်သွားခဲ့တယ်။ သင်ပေးဖို့ပြောရမှာလည်းရှက်လာမိတယ်။
၂၀၀၆လောက် ကတည်းက လုပ်ချင်တာ ၂၀၀၉ကျမှပဲလုပ်ဖြစ်တော့တယ်။ အထူးသ
ဖြင့်ကိုအောင်သာငယ် နဲ့စကါးပြောတိုင်း လွယ်လွယ်လေးပါ မခက်ဘူးစကါး က ကျ
နော့် ကို နောက်ဆုံးတွန်းပေးလိုက်ပါတော့တယ်။ သူ့ကျေးဇူးနဲ့ သူ့အားကျတာလဲ
ပါတယ်၊ ကျနော် ကဗျာတွေသီချင်းတွေရေးဖြစ်တာလဲ သူ့ကိုအားကျခဲ့လိုပါ၊။ ကျနော့်
ကိုဂစ်တာတီး သင်ပေးခဲ့တာလည်း ကိုအောင်သာငယ်ပါ။ သူနဲ့ရဲ့ သင်ပြမှု့တွေကို
နောက်ကြုံရင်ပြောပြပါအုံးမယ်၊
ဘလော့ရေးဖြစ်တယ်ဆိုတာ ကျနော်တော်လို့မဟုတ်ပါဖူး။ကျနော်သူ
ငယ်ချင်းရဲ့သားကျေးဇူးကြောင့်ပါ။ သူနဲ့စကါးပြောရင်း ဘလော့အကေါင့် ကိုသူစ
ဖွင့် ပေးခဲ့လို့ သူ့ရဲ့ကျေးဇူးကြောင့် ခုလိုဆက်ရေးဖြစ်ခဲ့တာပါ။သူစပြီးဖွင့်ပေးပြီး
တပတ်လောက် စာရိုက်ပြီးဘယ်လိုတင်ရမှန်းတောင်မသိသေးဘူး။ အမေရိက ကနေ
သူအကေါင့်ဖွင့်ပေးခဲ့တဲ့ ကျေးဇူရှင် သက်ကိုကို( ကိုဆွေကို -၈၈မျိုးဆက်ကျောင်သား
ခေါင်းဆောင်)ရဲ့သား ကို အထူးကျေးဇူးတင်ပါတယ်။ အစ်ကိုကြီးကိုအောင်သာငယ်ကိုလည်း
ကျေးဇူးတင်ပါတယ်။ ဘလော့ကါ ကိုညီလင်းဆက် ၊ကိုမောင်လှ၊မသင်ကါ ၊ကိုစေတန်
ဂေါ့၊ ကိုညီနေမင်း၊ ကိုကျော်စွာငြိမ်း တို့ ကိုကျေးဇူးတင်ကြောင်း ဒီကနေ ပြောပါရ
စေ။
ကျနော့် ရဲ့ ခြေညောင်းအောင်ရွာရိုးကိုးပေါက်လျှောက် သွားတတ်
တဲ့ အကျင့်စရိုက်က ချိန်မှာ ခြေမညောင်းတော့ပဲ ရွာတွေတင်မကပဲ နိုင်ငံတကါပါ
နက်ကနေလည်နိုင်ပါပြီ၊ အရင်လိုတော့ခြေထောက်တော့ မညောင်းတော့ပါ။ မျက်
မှန်တော့ တပ်ရကါ နီးနေပါပြီ။ နက်ကနေ အိမ်လည်နည်းတော့တတ်သွားပြီ မျက်မှန်
မတပ်ရ တဲ့ နည်းများရှိရင်ပေးကြပါဦး. ။ကူညီကြပါဦး...လို့
မြေကြီး
Posted by ခါတော်မီ
    မြေကြီး
မြေကြီးသည်
သက်ရှိသက်မဲ့တွေကို
နေထိုင်ခွင့်ပေးတယ်
ရှင်သန်ခွင့်ပေးတယ်
လိုအင်မှန်သမျှကို
ဖြည့်စည်းပေးတယ်
တူးချင်သလိုတူး
ဆွချင်သလိုဆွ
လိုချင်သလိုယူ
မညီးမငြူ.....
ငြူစူခြင်းအလျင်းမရှိ
အချိန်တန်တော့
မြေကြီးဆီပြန်ရောက်မြဲ
မြေကြီးနှင့်ကင်းရပါ့
အားလုံကိုထမ်းပိုးလျက်
ဆန်ကုန်မြေလေး
မြေကြီးကိုဒုက္ခပေးသူတွေ
ဘယ်ဆီကိုပို့ရပါ့.......
မြေကြီး
Powered by ScribeFire.
Friday, October 23, 2009
မှတ်တိုင်
Posted by ခါတော်မီ
မှတ်တိုင်
ဘာလိုလိုနဲ့ မှတ်တိုင်
လေးဆယ်နှစ်တိုင်ကျော်ခဲ့ပြီပဲ
လျှောက်လှမ်းခဲ့တဲ့
ခြေလှမ်းတွေ
မရေတွက်နိုင်ခဲ့ပြီ
သပွတ်တိုင်လည်
အမာရွတ်တွေနဲ့
အလဲအကွဲမှတ်တမ်းတွေ
ငါ့တရပ်ကျော်နေပါပြီ...
ဘာလိုလိုနဲ့
ဒီမြေနဲ့ခွဲ
ဆယ့်ငါးနှစ်တိုင်ကျော်ခဲ့ပြီ
စုဆောင်းခဲ့တာဘာမျှမရှိ
ဒေါသ...........
မောဟ..........
လောဘ.........
သောက.........
ရာဂ...............
တွေသာတပွေ့တပိုက်
သွားစရာလမ်းကမရှိ
ဝါးစရာသွားသာကျွှတ်ခဲ့ပြီ
ခါးမှပုဆိုးလည်းချွတ်ရပြီ
လက်ကျန်ဆိုလို့
ငါဟာဗမာဘဲလို့ ....
မြေကြီး
Post by:Myaegyi :24Oct2009 :AM 04:54
Powered by ScribeFire.
Monday, October 19, 2009
ပြည်တွင်းကပေးစာ
Posted by ခါတော်မီ
ဗ.က.သ(ယာယီ)ဗဟိုစည်းရုံးရေးကေါ်မတီ အထွေထွေအတွင်းရေးမှုးမှပေးပိုသောစာ
Post by: myaegyi
Powered by ScribeFire.
Sunday, October 18, 2009
ကွေးကွေးလေးရဲ့နောက်ကွယ်
Posted by ခါတော်မီ
ကွေးကွေးလေးရဲ့နောက်ကွယ်
လက်ကလေးကွေးပြီး
အသိပေးလှုပ်နှိုးလိုက်တာ
ကျောင်းနံရံတဝိုက်
ဒေါင်းအလံကို
စိုက်နိုင်ခဲ့တယ်
လက်ကလေးကွေးပြီး
နှိပ်ကွပ်လိုက်တော့
ကျောင်းနံရံကခွါ
ဒေါင်းအလံနဲ့ 
မောင်းပြန်ကိုကိုင်
ယမ်းငွေ့ တွေနဲ့
တောရပ်ကိုမှီခဲ့ကြတယ်
လက်ကလေးကွေးပြီး
အာဏါသိမ်းတော့
ပြည်သူတွေဒုက္ခရောက်
မိဘတွေသားသမီးပျောက်
ဘုန်းကြီးတွေဆွမ်းခွက်မှောက်
သာသနာပါပျောက်တော့မယ်
လကွေးကွေးလေးတောင်
အချိန်တန်ပြောင်းတယ်
စစ်အုပ်စုကွေးပုံများ
ငရဲပြည်ထိတောင်
ကွေးဦးမယ်ထင်
မြေကြီး
Post By: myaegyi...Label :ရင်တွင်းဖြစ်...ကဗျာ
Powered by ScribeFire.
                                                     နာခံတိုင်းကေါင်းသွားမလား (1)
              ကျနော်တို့ ဗမာလူမျိုးတွေမှာ မိဘစကါး မြေဝယ်မကျနားထောင်သော သားသမီးသည် ခလုတ်မထိ ဆူးမငြိ  ဘေးအန္တရယ်  ကင်းတယ်။သွားလမ်း လာလမ်း  ဝယ်လမ်းဖြောင်တယ်။ အရာရာ ဖြောင့်ဖြူးတယ်လို့ ဆိုရိုးစကါးရှိခဲ့ တယ်။ ညီအစ်ကိုမောင်နှမ ကြီးစဉ် 
ငယ်လိုက် ထက်အောက်ရိုသေမှု့တွေဆိုတာ ရှိကြတယ်၊ အမိန့် ပေး အာဏါဆန်တဲ့ ဖြစ်စဉ်တွေ မိသားစု တော်တော်များများမှာ တွေ
့ရပါတယ်။မိဘက ကေါင်းတယ်ထင်လို့  လုပ်ခိုင်းတာကို နင်တို့က မိဘကိုအာခံတာလား ဒါမျိုးတွေကလည်းရှိပါသေးတယ်။ မိဘက
လက်နဲ့ရေးတာကို နင်တို့ကခြေနဲ့ဖျက်ချင်တာလား  ဒါမျိုးကလည်းပါလိုက်ပါသေးတယ်၊ နင်တို့လုပ်စာဖြင့်မစားရသေးဘူး ငါတို့ 
မွေးလို့ ကျွှေးလို့ ကြီးလာတာ နင်တို့ ကခြေ ရာတိုင်းချင်နေပြီပေါ့။ ဒါမျိုးအပြောလေးတွေ ကင်းခဲ့တဲ့ သူများရှိမယ်တော့ ကျနော်မထင်မိပါ၊ အနည်းနဲ့အများအ ပြော  ခံ ခဲ့ရမယ်လို့ကျနော်ထင်ပါတယ်၊ ဒီလိုပြောလို့ မိဘတွေကိုစော်ကါးချင်စိတ် နဲ့ ပြောတာမဟုတ်ပါ၊ အခံတယ်
ခြေရာ တိုင်းတယ် ရိုင်းတယ်လို့ ထင်လိမ့်တယ်၊ ကျနော်တို့ ဗမာလူမျိုးမှာ မိဘနဲ့သားသမီး ဖြေရှင်းခွင့် အယူခံတင်ခွင့် ဆိုတာ မရှိတဲ့ သဘောဖြစ်နေတယ်၊ ဖြေရှင်းတာ ရှင်းပြခွင့်တောင်းတာတွေဟာ သူတို့ ကို ပြန်ပြောတယ် မနာခံဘူး ရိုင်းစိုင်းတယ် သေရင်ငရဲကျမဲ့သူ
မြေမျိုမယ်လို့  တောင်ကျိန်းမောင်းခံရ သေးတယ်၊ ဒီတော့ ဖြေရှင်းခွင့်  အယူခံဝင် တောင်းဆိုတာတွေဟာ စစ်အုပ်စုဆီမှတင်မဟုတ်ဖူး ကျ
နော်တို့ မိဘတွေ ဗမာလူမျိုးတွေရဲ့ မိရိုးဖလာ ထုံးတမ်းစဉ် လာ တရပ်လို ဖြစ်နေကြပြီ၊ ကျနော်ဘဝင်မကျတာလေးကို နည်းနည်း တော့ဆွေးနွေးကြည့်ချင်တယ်၊  မှား သလား မှန်သလား ဆိုတာ ကျနော့်ရဲ့  စာကိုဖတ်မိသူများ ဝေဖန်နိုင်ပါတယ်၊ အပြစ်တင်နိုင်ပါတယ် ။
                                         ပထမဆုံးအနေဖြင့် စာပေအပိုင်း ကို ကျနော်အရင်ဆွေးနွေး ပါ့မယ်။ ကျနော် ငယ်ဘဝ ကျောင်းသား ဘဝမှာ
မိဘတွေဟာ    ကျောင်းစာကိုလေ့လာဖို့နဲ့ ကျောင်းစာလွဲရင် ဘယ်အရာကိုမျှ စိတ်ဝင်စားတာကို မကြိုက်ဖူး။ ကျောင်းစာကိုပဲ သီးသန့် 
လေ့လာရမယ်။ ကျန်တဲ့ ဗဟု သုတဖြစ်စေမဲ့ စာတွေလေ့လာမယ်ဆိုရင် လုံးဝလက်မခံပါဖူး။ ကျနော် ၁၄နှစ် ၁၅နှစ်အရွယ်ရောက်လာတဲ့
အချိန် တားမြစ်ထားကနေ တခြားစာ တွေကို  ဖတ်ချင်စိတ်ပေါက်လာတယ်၊ အကြောင်းကတော့ ကျောင်းနေဖက်   သူငယ်ချင်းတွေ
ကျောင်း ရောက်လာရင် သူတို့ဖတ်ခဲ့တဲ့ စာအုပ်အကြောင်းတွေကို  ပြန်ပြောပြ ကြတဲ့အခါတိုင်း ကျနော်မှာ    ပါးစပ်အဟောင်းသားနဲ့
နားထောင်  ရုံသက်သက်ဖြစ်နေတယ်။ ကိုယ့်မှာ သူတို့နဲ့အပြန်အလှန်ဆွေးနွေးလိုစိတ်  သူတို့လိုပြန်ပြောပြချင်စိတ်တွေ  ဖြစ်လာခဲ့
တယ်။ စိတ်ထဲမှာသူတို့ရွှီးသမျှကိုခံခဲ့ရတာပေါ့။ သူတို့ပြောသမျှကို မှန်သော်ရှိ မမှန်သော်ရှိ သူတို့ရွှီးသမျှကို ကိုယ်က ကန့်ကွက်ဆွေး
နွေးလိုစိတ် ရှိသော်လည်း အသိဗဟုသုတက ကိုယ့်မှာမရှိတော့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အသိဝင်လာတယ်၊ ငါလည်းသူတို့လိုဘဲ စာကို
ဖတ်ရမယ်  ဆိုတာ သိလာတယ်၊ ကျနော်တို့ခေတ်က ခုလိုအင်တာနက်ခေတ်မဟုတ်သေးဘူး။ စာအုပ်အငှါးဆိုင်တွေက ငှါးဖတ်ရတယ်။
 စာအုပ်ဆိုင်မှာ သွား ပြီးစာအုပ်ငှါး ဖတ်ဖို့မဆိုထား နဲ့ အိမ်ပေါ်ကနေ အိမ်အောက်ကို ဆင်းခွင့်တောင်မရဘူး၊ ကျောင်းသွားတဲ့ အချိန်က
လွဲရင်ပေါ့။ စကါးမစပ် ကြားဖြတ်ပြီး ကျနော့်အိမ်က ချူပ်ချယ်တယ်ပြောမလား သူများခလေး တွေလမ်းမပေါ်ထွက်ပြီး ကစားနေတာကို ဝရံတာနေမေးထောက်ကြည့်ရင်ကြည့်ရမလားဆိုပြီး အမေကနောက်ကနေ ကြက်မွှေးတံမြက်စည်း နဲ့သမခံရသေးတယ်၊ ကိုယ်ထွက်
ကစားတာ မဟုတ်ဘူးနော်၊ အားကျရမလားပေါ့၊အကျင့်ကေါင်းတွေကို အတုခိုးရမလားပေါ့။ လမ်းဘေးရောက်မဲ့ကေါင် လမ်းမကိုမျှော်
တယ်ပေါ့ဗျာ၊ ဘာညာပေါ့၊ အဲ့ဒီလိုကြည့်မိတဲ့ အတွက် အပြစ်လို့လုပ်တယ်လို့သတ်မှတ်ပြီး စာသွားကျက်ဆိုတဲ့ ဒဏ်ပေးခြင်းကိုခံရပြီမှတ်၊ အမေရှိတဲ့အချိန် စာမကျက်ချင်ရင်တောင် လမ်းကိုမမျှော်ရဲဘူး။ စာကျက်ရမှာစိုးလို့၊ အိမ်ထဲမှာဟိုယောင်ဒီယောင်လုပ်နေရတယ်၊ အိမ်မှာ လွတ်လပ်ရေးရတဲ့အချိန်တော့ရှိတယ်။ ဘယ်အချိန်တွေလဲဆိုရင် ဧည့်သည် အိမ်ကိုလာတဲ့အချိန်ရယ် အိမ်မှာအလှူ  လုပ်တဲ့အချိန်ရယ်
 အဲ့ဒီအချိန်တွေက လွတ်လပ်ရေးပေါ့ဗျာ။ အဲ့ဒီတော့ အမေအလှူ ခဏခဏလုပ်ပါစေလို့ ဆုတောင်းရတာကတော့ အမြဲဘဲ၊ မသိစိတ်နဲ့ လွတ်လပ်ရေးရလိုမှု့နဲ့ဆုတောင်းတာ ကုသိုလ်ရမှန်း ကြီးလာမှပဲ သိလာရတော့တယ်။ ပြောရင်းနဲ့ မဆိုင်တဲ့ဘေးတွေရောက်ကုန်ပြန်ပြီ၊ ပြင်ပစာအုပ်တွေစဖတ်ဖြစ်တဲ့ အကြောင်းကိုပြန်စမယ်။
                      ကိုယ်က စာဖတ်အားမရှိတော့ သူများတွေဆရာလုပ်သမျှ  ရွှီးသမျှကို  ခံရဖန်များတော့ ကိုယ်လဲသူတို့လိုပြန်ရွှီးချင်စိတ်နဲ့
စာဖတ်မယ်ပေါ့ဗျာ။ ဘယ်အရွယ်လဲဆိုတော့ ကျနော် ၈တန်းကျောင်းသားဘဝမှာပါ။ ကျနော်မှာ  တဦးတည်းသောအစ်ကိုတယောက်
ရှိတယ်ဗျ။ သူကအဲ့ဒီ အချိန်မှာ တက္ကသိုလ်ရောက်နေပြီ။ ဒေသကေါ်လိပ် (ဗိုလ်တထောင်နယ်မြေ) မှာသူတက်တယ်၊ သူက အဲ့ဒီအချိန်မှာ
လွတ်လပ်ရေး  ရသွားပြီ။  လွယ်လွယ်နဲ့ ရတယ်မထင်နဲ့ အမေနဲ့သူုတိုက်ပွဲတွေ  ဆင်နွဲပြီးမှရတာ၊ ဆန္ဒပြမှု့တွေ အိမ်သပိတ် (အိမ်မှာ
အမေ့ကိုသပိတ်မှောက်တာကိုပြောတာ)
သူလည်းအဆင့်ဆင့်  ဆင်နွဲခဲ့ရတာအဲ့ဒါကြောင့် လွတ်လပ်ရေးဆိုတာ တိုက်ယူမှပဲရတာ ပါးစပ်
နဲ့တောင်းယူလို့ဘယ်တော့မှမရဘူး ...ဒါတောင်အမေနဲ့သားနော်။ တခြားသူ  ဆိုရင်တော့  ပြောစရာတောင် မလိုဘူးလို့ထင်တယ်။
ဒီထက်ပြောရင် ရေကြည်အိုင် ရောက်နေဦးမယ်။ ကျနော်တို့ခေတ်  ကိုပြောတာ ခုခေတ်ဆိုရင် အောင်သပြေတို့  သံ
လျှင်တို့  ရဲမွန်
တို့ကို ပျော်ပွဲစားခရီး လေယာဉ်ပျံတွေ ဆိုင်ကယ်တွေစီးနေရဦး ။သားသားကြောက်ကြောက်၊ ဟိုရောက်ဒီရောက်နဲ့ လေကြောရှည်တယ်
ဆိုဦးမယ်။ အဲ့ဒီမှာ ကျနော့်အစ်ကိုက လွတ်လပ်ရေးရနေပြီဆိုတော့ သူဆီက စာအုပ်တွေကို ကျနော်ခိုးပြီး ဖတ်ပြီပေါ့။ ဒါပေမဲ့ အမေလစ်
တဲ့အချိန်မှာပဲ ခိုးပြီးဖတ်ရတာ။ မိသွားရင်တော့များ အပြောခံရတာ မကါမိဘူး ၊နင်တို့ကကျောင်းစာတော့  စိတ်မဝင်စားဘူး အရေမရ
အဖတ်မရ  ခွေးဖြစ်မဲ့ ဟာတွေကို  စိတ်ဝင်စားတယ် ခွေးဖြစ်မဲ့ကေါင်   ဆိုပြီး သမခံရတာပေါ့၊ အစ်ကို့ကိုလည်း အကြီးကရှေ့ကနေပြီး
အတတ်ကေါင်းတွေ သင်ပေးတယ်ဆိုပြီး သူ့ကိုပါရောသမတော့ တာပဲ။ ဒါနဲ့သူ့ဆီကစာအုပ် ယူဖတ်ခွင့်ပါပိတ်သွားရော ဆိုပါတော့ဗျာ။
ကျနော်တို့ ညီအစ်ကိုနှစ်ယောက်က သိပ်မတဲ့ဘူးဗျ လုံးဝ  မတဲ့ ဘူးဆိုရင်ပိုမှန်မယ်။ နေ့နံကြောင့်လား အကျင့်စရိုက် မတူတာပဲလား
တော့မသိဘူး။ တနလာင်္နဲ့သောကြာလေ၊ စာအုပ်သွားဖတ်ရင်  သူ့အခန်းသွားဖတ်ရတာ  ပထမကတော့  ဟုတ်နေတာပေါ့၊ ညီအစ်ကို
နှစ်ယောက်  တည့်နေတဲ့အထာနဲ့ အမေကထင်နေတာ လာချောင်းတော့မှမိသွားပြီး ပါမစ်ပိတ်သွားတာ၊ ဒါပေမယ့်   ဒီအတိုင်းတော့
ဘယ်ငြိမ်ခံမလဲ အမေကိုသွေးတိုးစမ်းတဲ့ အနေနဲ့ အမေသားကျတော့ ဘာမျှမပြောဘူး သားကိုကျတော့ချုပ်ချယ်တယ်ဆိုပြီး မသိမသာ
လေး တော်လှန်ရေး စလိုက်တာပဲ။ အမေက.... နင်ကဆယ်တန်းမအောင်သေးဘူး ကျောင်းတတ်နေတုန်း သူက
တက္ကသိုလ် ရောက်နေပြီ
တဲ့၊ ဘာရမလဲ ချက်ချင်း
တက္ကသိုလ် ရောက်ရင် အမေ့သားလိုအခွင့်ရေးရမှာလားလို့ မေးလိုက်တယ်၊ နင်သာဆယ်တန်းအောင် အောင်
လုပ်ပါတဲ့၊ လူကိုအထင်သေးတဲ့ အထာနဲ့။  သိပ်တော့ဘဝင်မကျဖူးပေါ့၊ တိုက်ပွဲတခုတော့ အောင်သွားပြီပေါ့။
အခွင့်ရေးက  ရသေးတာ
မဟုတ်ဖူးနော် ရမဲ့ဟာကြိုပြီး ကျေနပ်နေမိတာ။ ဒါနဲ့ ၈တန်းစာမေးပွဲဖြေပြီးတော့ ထပ်ပြီးတော်လှန်ရေးတခု ထပ်ဆင်နွဲလိုက်တယ်။ စာမေး
ပွဲဖြေပြီးတော့ တပတ်နေတော့ ခပ်တည်တည်နဲ့ စာအုပ်အငှါးဆိုင်သွားပြီး ဝထ္ထုစာအုပ်ငှါးပြီးလာဖတ်တာပေါ့။ စာအုပ်ဆိုင်ရောက်တော့
ဘာစာအုပ်ငှါးရမလဲ ဘာစာအုပ်ဖတ်ရမလဲဆိုတာ မသိဘူး။ ကြောင်တောင်ဖြစ်နေတာ။ ကျနော့်အစ်ကိုနဲ့ သူ့သူငယ်ချင်းတွေပြောနေကြ
တဲ့ စာရေးဆရာငြိမ်းကျော်တို့  နွမ်ဂျာသိုင်း တို့ စာအုပ်တွေလိုက်ရှာ ဘာဖတ်ရမှန်းမသိ ဖတ်ချင်စိတ်ရှိတာပဲ သိတယ်။ နောက်ဆုံးတော့
နံမည်ဆန်းဆန်းလေး ဖြစ်တဲ့  လွမ်းလို့ကျန်ရစ်မှာကိုအားနာပါတယ်လေ စာအုပ်ကိုရွေးပြီး  ပြန်ခဲ့တယ်။   ပြောရဦးမယ် စာအုပ်ဆိုင်က
အပြန်လမ်းမှာ ဒီစာအုပ်လေးကိုင်ပြီးပြန်လာ ရတာအဲ့ဒီအရသာကိုခုထိ မမေ့သေးဘူး။ကိုယ့်ကို ကိုယ်ဂုဏ်ယူနေတာစာအုပ်ကို ဘယ်ညာ
ပြောင်းကိုင်လိုက် ဂျိုင်းခြားညှပ်လိုက် မျောက်အုန်းသီးရသလို ပေါ့။ ဟန်ကလည်းထုတ်ချင်သေးတယ်၊ ငါ့ကိုဘယ်သူကများကြည့်နေသေး
လဲပေါ့၊ တကယ်တော့ ဘယ်သူက စာအုပ်ဆိုင်က
ဝထ္ထုစာအုပ် ငှါးလာတာကိုအရေးတယူလုပ်နေမှာလဲ၊ ကိုယ့်မှာသာ အထူးအဆန်းနဲ့ ဘ
ဝင်မြင့်နေတာ။ အိမ်ရောက်မှဂွမ်းတော့တာ၊ အိမ့်ရှေ့ရောက်တော့ အမေက ဒါဘယ်ကပြန်လာတာလဲလက်ထဲမှာလဲစာအုပ်နဲ့ဆိုတော့ စာအုပ်ငှါးပြီးပြန်လာတာ လေလို့ကြောက်ကြောက်နဲ့ပြောလိုက်မိတယ်။အမေ့ရဲ့အလစ်မှာခိုးထွက်လာခဲ့တာလေ၊အပြစ်နှစ်ခု၊အပြင်ကို
သွားတာဘယ်သူ့ပြောသွားသလဲ သတ္တိ သိပ်ကေါင်း  နေတယ်ပေါ့လေဆိုပြီး  အမေကြိမ်လုံး  ပြေးဆွဲပါလေရော၊ စာအုပ်ကိုလဲဆွဲဆုတ်
ပြစ်မယ်တဲ့ ဗျင်းလဲခံရဦးမယ် စဉ်းစားကြည့်ပေတော့ ငါတော့ မှားပီ ပေါ့ ဗျင်းခံရတာက  ပြသနာမဟုတ် ရိုးနေပြီ  စာအုပ်ဆွဲဆုတ်မှာက
ပြသနာ  ရော်ရမှာ။အဲ့ဒီမှာ  ကျနော့်အစ်ကိုရှိနေလို့သူက ဝင်ပြီးအမေကိုဝိုင်း  ပြောပေးလို့ပြေလည် သွားတယ်၊ နွေရာသီကျောင်းပိတ်
ရက်မှာပြင်ပစာတွေကိုဖတ်ခွင့်ခဲ့တယ်။ဒါတောင်ကန့်သတ်ချက်နဲ့နော် ၈တန်းအောင်စာရင်းထွက်  သည့်အထိပဲ ။အောင်စာရင်းထွက်
ပြီးရင် ၉တန်းကိုကြိုပြီးလုပ်ရမှာ၊ ခုခေတ်စကါးနဲ့ပြောရရင်မိုးနတ်မင်းကြီးကယ်ပေလို့။လမ်းမှာကြည်နူးခဲ့တာလေးတွေ ထွက်ပြေးကုန်ပြီ။ ဘာနဲ့တူသလဲဆိုတော့ ၈၈ခုနှစ်မှ တပါတီ မ.ဆ.လ စနစ်ကို  ဖြုတ်ချပြီး ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ ကျောင်းသား   ပြည်သူလူထု
သံဃာတွေ ဒီမိုကရေစီစံနစ် လွတ်ရေးရပြီလို့ပျော်နေတဲ့အချိန်၊ ဗြုန်းဆို ဗိုလ်ချုပ်စောမောင်ရဲ့ စစ်အုပ်ချုပ်ရေးစံနစ်ကြေငြာပြီး လူဖမ်းပွဲ
လုပ်လို့  တောထဲနယ်စပ်  ထွက်ပြေးကြရတာနဲ့တူနေတယ်။
                            အဲ့ဒီတော့ ကျနော်ငယ်ဘဝ ကပြင်ပစာပေကိုလေ့လာခြင်းဟာ အမေပြောသလို ခွေးပဲဖြစ်တော့မလို လို လူညွန့်တုန်း
တဲ့ဘဝပဲ  ရောက်တော့မလိုလိုနဲ့ တားမြစ်မှု့တွေတပုံကြီးပါ။ အမေတို့ပြောတဲ့ကျောင်းစာကိုပဲလေ့လာရမယ် ။ ဒါမှကြီးပွါးမယ် ချမ်းသာ
မယ်ဆိုတဲ့  အမေ့ရဲ့စကါးတွေ  မှားသလားမှန်သလား  ကျနော်ပြောရင်လည်း  အကုသိုလ်ဖြစ်မယ်။  ဗမာပြည်က  သင်ထားတဲ့ ပညာနဲ့ 
ကျနော်လုပ်စားရင် ထမင်းမပြောနဲ့ ထမင်း ရည်တောင်သောက်ရမှာ မဟုတ်ဘူး။ စာဖတ်လို့အကျိုးယုတ်သွားနိုင်လား။ တနေရာရာမှာ
တော့ အသုံးဝင်မှာပါ၊ မကေါင်းတဲ့စာပေတော့  ရှိမယ်မထင်ပါ ဖူး။ သုံးတတ်ရင်တော့ဆေးဖြစ်ပါတယ်။ မသုံးတတ်ရင်တော့ဘေးဖြစ်စေ
တယ်ပေါ့ဗျာ။ ကျနော့်ရဲ့စာဖတ်ပရိတ်သတ် သူငယ်ချင်းတွေဆီမှာ သားသမီး တွေရှိကေါင်းရှိလိမ့်မယ် ၊သူတို့လေးတွေကျနော်လို မဖြစ်
စေချင်ဘူး၊ ကျောင်းပညာရေးကို  ထိခိုက်မှာစိုးလို့ တားမြစ်ချင်ရင်တောင် သူတို့လေးတွေရဲ့
  စာဖတ်ချင်တဲ့   စိတ်အာသာပြေအောင်
သင့်လျော်တဲ့ စာပေကို  လမ်းညွန်ပေးစေလိုတယ်။  ဒါကြောင့် နာခံမှု့တိုင်းဟာကေါင်းသွားတာလဲ  ရှိနိုင်သလို   ဆိုးသွားတာလည်းရှိ
နိုင်ပါတယ်၊ ဘယ်အရာမှပုံသေကါးချပ်ယူလို့မရပါ။ တခြားကြည့်နေစရာမလိုဘူး။ ကျနော်တို့တိုင်းပြည်ကိုပဲ ကြည့်ပါ၊ လက်ရှိမင်းမှုနေ
တဲ့ စစ်အုပ်စုကေါင်းတယ် ဆိုးတယ် ကျနော် မဝေဖန်ပါ။ သူတို့အုပ်ချုပ်တာကေါင်းတယ်ဆိုရင်နာခံလိုက် ၊ မကေါင်းဖူးဆိုရင်တော်လှန်
လိုက်။ ရှင်းရှင်းလေးပါ၊  မတော်လှန်နိုင်ဘူးဆိုရင် နာခံတဲ့သဘောကို  ဆောင်နေတယ်။ အဲ့ဒီတော့ နာခံတာ  ကေါင်းတယ်ဆိုးတယ် ဝေဖန်သုံးသတ်နိုင်ကြပါစေ။ မကြိုက်လို့မကေါင်း လို့မတော်လှန်နိုင်ဘူးဆိုရင် ဒါဟာနာခံခြင်းတမျိုးဘဲ။ တနည်းမဟုတ် အပြင် ခြံစည်း
ရိုးကနေ ဂဲနဲ့သာထုပေတော့ ...။။။။။။။။။။
     ခဏနားလိုက်ပါဦးမည်.........ဆက်လက်ဖေါ်ပြသွားပါမည်...........
                                                                                                                            မြေကြီး
                  Post By :မြေကြီး ..Label: ဆောင်းပါး AT 16oct2009AM6:16     
Powered by ScribeFire.
Thursday, October 8, 2009
သံဃာ့ကျိန်စာ
Posted by ခါတော်မီ
စစ်အုပ်စု အား သံဃာတော်များ ဝန်ချတောင်းပန်မှု့ ပြုရန် ကျိန်စာတိုက်တောင်းဆိုလိုက်သည်၊
post by:myaegyi ..8oct 2009
၈ အောက်တိုဘာ ၊၂၀၀၉ ခုနှစ်
ဗကသ များအဖွဲ့ ချုပ်(ယာယီ)ဗဟိုစည်းရုံးရေးကေါ်မတီ ရဲဘော်များမှ ဗမာပြည်သား အားလုံး
နှင့် မိမိတို့ ၏ဆန္ဒ အမှန်ကို ပို့စကဒ် ကမ်ပိန်း လှုပ်ရှားမှု့ ဖြင့် ရန်ကုန်မြို့ တွင်း မှာလုပ်ဆောင်ခဲ့ကြသည်၊
Wednesday, October 7, 2009
စစ်ခွေး
Posted by ခါတော်မီ
စစ်ခွေး
ခွေးဆိုတဲ့အမျိုး
သခင်ကို..ကိုးကွယ်
ကျွန်လို..သစ္စာရှိ
အနံ့ ခံရာ..သူမတူအောင်စွမ်း
မြင်မြင်ရာ..ထိုးဟောင်တတ်
မစင်ကို..သူနှစ်သက်
ခွေးဇတ်အမျိုး
စစ်ခွေးတွေ..ဆိုးသွမ်းပုံများ
အနံ့ ခံရှာ...ကြံဖန်ဖမ်းလို့ 
ထောင်သွင်းကါ...အကျဉ်းချလိုချ့
အမှောင်ကျဉ်းကါ..နှိပ်စက်လို..နှိပ်စက်
နိုင်ငံမှာ..ခြေချစရာမရှိအောင်
စစ်ခွေးတွေ....လိုက်ဆွဲလို့ 
ပြည်ပြေးတွေဖြစ်ရပြန်
အာဏါကို...ပြောင်းဝမှာတပ်
သံဃာတောင်..အရောင်ပြောင်းခိုင်း
အာဏါအထက်...ဥပဒေမရှိ
ဂေါတမတောင်..ထောင်ချချင်
သာဿနာကိုမီးပုံရှို့ တဲ့
ဒေဝဒတ်တဲ့ဆိုး
ဒီစစ်ခွေးဆိုး
အာဏါရှင်..စစ်ခွေးဆိုး
ရှူးတိုက်တိုင်း..လိုက်ကါကိုက်
အိမ်က...အောင်နက်
ထမ္မင်းကျွေးတာ..လက်ပြန်မကိုက်
ပြည်သူကကျွေး...ဒီစစ်ခွေးမိုက်က
ပြည်သူကို..ကိုက်ပုံများ
မိုက်ချက်ကကမ်းကုန်
အာဏါရှင်..စစ်ခွေးများ
ခွေးဇတ်တော့ခင်းနေပြီ....
မြေကြီး
Post by:myaegyi : 7oct2009
Powered by ScribeFire.
Tuesday, October 6, 2009
တွေ့ ရင်အကြောင်းကြားပေးကြပါ
Posted by ခါတော်မီ
ပုံပါ ကောင်မလေး တစ်ယောက်အား တွေ့ရှိပါက အကြောင်းကြားပေးပါ...ရှမ်းပြည်နယ်ကကျောင်း သူ လေး နံမည် နန်းယမင်း ဖြစ်ပါတယ်။အသက်(၁၆)နှစ် ကိုးတန်းကျောင်းသူပါ၊ ကျောင်းသွားပြီး အိမ်ပြန်မ
ရောက်သည်မှာ ၅ရက်ရှိပါပြီ၊ သက်ဆိုင်ရာသို့ သတင်းပို့ တိုင်ကြားထားသည်။ အ.ထ.က(၂) လားရှိုးမှာ ကျောင်းမှာပညာသင်နေပါသည်၊။
ဆက်သွယ်ရန်လိပ်စာ
ဦးစံဖူး + ဒေါ်အေးခမ်း
အမှတ် (၁၉/၂၆၅)၊ အဝေရာလမ်း၊
လားရှိုး။ ဖုန်း - 082-23367..
Post by: myaegyi
. ၅၊ ၁၀၊ ၀၉နေ့လည် (၁၂)နာရီမှာတောင်ဥက္ကလာ(နန္ဒ၀န်ဈေး)ရှေ့က
ရောင်ခြည်ဦး ရွှေပန်းတိမ်က ဈေးဝယ်သူတစ်ယောက်ကဖတ်ကြည့်နေတဲ့ပုံ
့ ည(၈)နာရီလောက်က..နန္ဒလှိုင်အိမ်ရှေ့က...ခြံဝန်းရှေ့က...အုတ်နံရံမှာ
ကပ်ခဲ့တဲ့ပုံပဲ
Post by:myaegyi ,သတင်းဓါတ်ပုံ
Saturday, October 3, 2009
ABFSU (ပြည်သူလူထုသို့ ပန်ကြားချက်)
Posted by ခါတော်မီ
စစ်အစိုးရက သံဃာထုကို ၀န်ချတောင်းပန်ရန် သတ်မှတ်ထားသည့် နောက်ဆုံးရက် သီတင်းကျွတ်လပြည့် နေ့သံဃာတော်များ တတိယအ ကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ ကျင်းပသည်ဟု သတင်းရရှိသည်။
ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲနှင့် အချိန်နှင့်တပြေးညီ ရန်ကုန်မြို့ နှင့်မန္တလေး
မြို့ များတွင်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသမဂ္ဂများအဖွဲ့ ချုပ်မှ ပြည်သူ သို့ ပန်ကြားချက်(သဘောထားထုတ်ပြန်ချက်)တစောင်ကို ဖြန့် ဝေလိုက်
ကြောင်း သိရပါသည်။ ရန်ကုန်မြို့ အလုပ်သမားဆေးရုံကြီးရှေ့ ၊ကန်တော် ကြီးပန်းခြံရှေ့ ၊တောင်ဥက္ကလာပမြို့  ဝေဇန္တယလမ်းမပေါ် ၊မြောက်ဥက္က လာပ ကျောက်ရေတွင်းဈေးရှေ့ ရန်ကင်းမိုးကေါင်းဘုရား၊
မန္တလေး မြို့ တွင် မန္တလေးတက္ကသိုလ် (ပင်မ)မန္တလေးရတနာပုံတက္ကသိုလ၊် တခွန်
တိုင်ဈေးထောင့် ၇၈လမ်းနှင့်၃၆လမ်းထောင့် ရှမ်းစုဘူတာအနီးတဝိုက်
တို့ တွင် စာများဖြန့် ဝေခဲ့ကြောင်း ကို ABSFU အတွင်းရေးမှုး ကိုထွန်းထွန်းထံမှ သတင်းရရှိပါသည်။ ကိုထွန်းထွန်းမှ ပြည်တွင်းမှလုံခြုံရေးအခက်အခဲများကြားမှ နေ၍ စစ်အစိုးရကို ဆက်လက်တိုက်ပွဲဝင်လှုပ်ရှား
သွားမည်ဖြစ်ကြောင်း ပြည်တွင်းပြည်ပအသီးသီးမှ အင်အားစုများက ဘုံရန်သူကိုဝိုင်းဝန်း တော်လှန်ရမည့်အ
ချိန်ဖြစ်ကြောင်း ပူးပေါင်းဆောင်ရွက်ကြပါစို့ လို့ ပြောကြားသွားပါသည်၊
Post by:myaegyi 3 oct 2009 am1:30
Wednesday, September 30, 2009
သွေးမှာတမ်း
Posted by ခါတော်မီ
သွေးမှာတမ်း
ငါ့ရဲ့ သမိုင်းကို
ငါ့ရဲ့ သွေးနဲ့ ရေးချင်ပါရဲ့ 
ငါ့ရဲ့ အနာဂတ်ကို
ငါ့ရဲ့ သွေးနဲ့ ရေးချင်ပါရဲ့ 
ငါ့ရဲ့ မျိုးဆက်ကို
ငါ့ရဲ့ သွေးနဲ့ရေးချင်ပါရဲ့ 
ငါ့ရဲ့ သွေး..မရဲတရဲ
ခပ်ကျဲကျဲနဲ့ 
ဖြစ်နိုင်ပါ့မလား
ပြောလာသော်ငြား
လူမစွမ်း ..
နတ်မ.သတဲ့...
မြေကြီး
post by:myaegyi :1oct2009 5:45am
Powered by ScribeFire.
Monday, September 28, 2009
ခေါင်းမြီးခြုံများသို့ 
Posted by ခါတော်မီ
ခေါင်းမြီးခြုံများသို့ 
ဥမှစပေါက်စ
သားပေါက်တကေါင်
ဝိုင်းလို့ ထိုးဆိတ်
စားသောက်မယ်ကြံနေကြ
ပြေးလမ်းပေါ်တတ်စ
လူငယ်ခြေတတ်ပေါက်
ပြေးလမ်းပိတ်စို့ 
ခြေဝိုင်းရိုက်ချိုးနေကြ
ယိုးမယ်ဖွဲ့ တဲ့
အောက်လမ်းနည်းစုံနဲ့ 
ခိုလှုံရာမဲ့စေတော့
သမိုင်းကွေးမဲ့
လက်အစုံများနဲ့ 
ခေါင်းမြီးခြုံတိုက်လို့ 
သမင်ကမွေး
ကျားကစား
ပုံပြင်ထဲမှာထားခဲ့တော့
သခင်အကြိုက်လိုက်
လက်ညှိုးညွန်ရှုးတိုက်တိုင်း
လိုက်ကိုက်မယ်ထင်
သစ်ကိုင်းထောင်ချောက်
မကြောက်တတ်သော်ငြား
ဟိုအပင်ဒီအပင်ကူးတဲ့
မျောက်ဘဝတော့
အရောက်မခံနိုင်
အမြီးကိုလေမှုတ်
အတောင်ကိုရေစွတ်
မျက်နှာကိုအိုးမဲသုတ်
ခွပ်လက်ကျပြန်တော
ညူစူကါမြူတအိုးနဲ့ 
ဟင်းအိုးဘဝရောက်ပြီပေါ့
Post by: myaegyi  29sep2009 am5:40
Powered by ScribeFire.
Sunday, September 27, 2009
ဂန္ဓ္ဓာရီလှည့်စဉ်က
Posted by ခါတော်မီ
ဂန္ဓ္ဓာရီလှည့်စဉ်က
ငါဘာမျှမလုပ်နိုင်ဘူး
ဘာမျှမလုပ်ဖြစ်ဘူး
ဘာမျှလုပ်မရဘူး
ဘာလုပ်ရမှန်းမသိဘူး
ဘာမျှဖြစ်မလာဘူး
ဘာမျှမသိနိုင်တော့ဘူး
ငါ့မှာကိုယ်ပိုင်အခန်းမရှိ
ကိုယ်ပိုင်နှလုံးသားမရှိ
ကိုယ်ပိုင်ခံစားခွင့်မရှိ
ကိုယ်ပိုင်ဥဏှောက်မရှိ
ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရ
ငါ့အသွေးအသားတွေ
သူတို့ ချေဖျက်တော့မှာ
သေခိုင်းတော့မှာ
အခန်းကျဉ်းလေးထဲမှာ
ငါ့လက်တွေနဲ့ ငါ
ငါ့ခြေထောက်တွေနဲ့ ငါ
ငါ့ဝိဥာဉ်နဲ့ ငါ
နံရံတွေကြမ်းပြင်တွေနဲ့ 
ငါအဖေါ်ပြု
စကါးပြောနေရတယ်
ခပ်သဲ့သဲ့ရီသံတွေနဲ့ 
ဟိန်းဟောက်တဲ့အမိန့် သံတွေ
ဟိုဒီယိမ်းနွဲ့ ကယင်း
ကြောပြင်ကဗြောသံစဉ်နဲ့ 
စတုထ္တဈာန်ကိုဝင်စားရင်း
ချစ်ခြင်းမရှိမုန်းခြင်းမသိ
အဆုံးအစမရှိတဲ့
လွတ်မြောက်မှု့ သံစဉ်ကို
ငံ့လင့်ရှာဖွေရင်း
ငါ့ရဲ့ စိတ်ကိုကျားကန်အားပြု
ယုံကြည်မှု့ တွေ
ဒေါက်ခတ်ခံထားရတယ်
မြေကြီး
Post By:myaegyi 27Sep2009 Pm7:57
Monday, September 21, 2009
ပြဿနာ
Posted by ခါတော်မီ
ပြဿနာ
သူတို့ က..ပြောကြတယ်
ကျနော်..မကေါင်းဖူးတဲ့
အတွေ့ ..အမြင်ကို
ဘယ်လိုသုံးသပ်
ဘယ်လိုထင်မြင်
မှန်ရာကိုမြင်ရင်..ကျေနပ်တယ်
နှစ်ဖက်ပဲ..မြင်ချင်မြင်
တဖက်တည်း..မြင်..မြင်
မြင်ရာကိုသုံးသပ်
ပြောချင်ရာပြော
အားလုံးကို..ကျေနပ်တယ်
သည်လိုဆို.....
အားလုံး ကျေနပ်ပြီလို့ ထင်ပါတယ်
တချို့ ..တချို့ သော
သူတို့ တတွေကပြောကြတယ်
မသိသော..ဘာသာစကါးတွေနဲ့ 
တွေ့ ကြ..သိကြပေမယ့်
နားလည်မှု့ တွေခဲ့တယ်
ဘယ်လိုဖြေရှင်းကြမလဲ
ဒါပေမဲ့
ဖြေရှင်းရခက်သောပုစ္ဆာတွေနဲ့ 
မခက်ခဲဖြေရှင်းနည်းကို
ခက်ခဲနေကြတယ်
ဒါကို...ပြဿနာတဲ့
သူတို့  ..သူတို့ တွေဟာ
လိမ်ညာနေကြပြီ..
ဟန်ဆောင်နေကြပြီ..
ဒါဟာ...ပြဿနာလား
မြေကြီး
POST BY :MYAEGYI 22SEP2009 2;36 AM
အကြွေး
Posted by ခါတော်မီ
အကြွေး
အကြွေးဆိုတာ
ပေးစရာရှိရင်လည်း
ကျေအောင်ပေးဆပ်ရတယ်
ရစရာရှိပြန်ရင်လည်း
မကျန်စေနဲ့ ပေါ့
ပေးစရာရှိတဲ့သူကပေး
ယူစရာရှိတဲ့သူကယူ
အချိန်ကြာရင်အတိုးကြီး၏
သွေးကြွေးဘဝအကြွေး
အကြွေးမှန်သမျှကြွေးရှင်များ
အကြွေးပြန်ဆပ်ပါတော့
မြေကြီး
POST BY: MYAEGYI 21SEP2007 17:15 PM
Sunday, September 20, 2009
ခွက်ပျောက်
Posted by ခါတော်မီ
ခွက်ပျောက်
လိုက်ကေါက်စရာ
ခွက်ပျောက်နေကြတယ်
ဗိုက်ပျောက်မှာစိုးလို့ 
ခွက်လိုက်ကေါက်နေကြတယ်
အရက်ထည့်စရာ
ခွက်လိုက်ရှာတယ်
စားကျက်ပျက်မှာ
အရက်ခွက်နဲ့ 
အမြည်းရှာတယ်
ခွက်ပျောက်ပုလင်းမှောက်နဲ့ 
လမ်းမပေါ်တက်ရန်ဖြစ်မယ်
နက်ပေါ်တက်ရန်တွေ့ မယ်
ကိုယ့်အရှက်ကိုယ်ခွဲ
ကိုယ့်အသက်ကိုယ်လဲ
တောင်းစားတာချင်းအတူတူ
မောင်းချခံရတာချင်းအတူတူ
ခွက်စောင်းခုတ်နူတ်ခမ်းပြဲ
အချုပ်ခန်းထဲမှောက်
လိုက်ကေါက်စရာမရှိတော့
ဗိုက်မှောက်လျက်
အရပ်ပျက်ဇတ်ပျက်
ဟော့ဒီ..
ခွက်ပျောက်ရပ်ကွက်
မြေကြီး
POST BY:MYAEGYI  21SEP2009 5:52am
မရည်ရွယ်၍စူးသောဆူး
Posted by ခါတော်မီ
မရည်ရွယ်၍စူးသောဆူး
မုသာဝါဒ
တမူးသာနေသူတွေအဖို့ 
လိုအပ်ရင်ထုတ်သုံးတာ
အဆန်းမဟုတ်တဲ့
သူတွေအဖို့ တော့
အမှန်တရားကို
ကိုးကွယ်သူတွေနဲ့ 
ပြဒါးတလမ်း
သံတလမ်းလော
ပေါင်းစပ်ဖို့ ရန်ခက်
မလိုအပ်လို့ 
ခဏတာဆိုတဲ့
ရည်ရွယ်ခဲ့ရိုးမှန်ရင်
ကိုယ့်ရဲ့ ဆူးကို
ကိုယ်တိုင်နူတ်လိုက်ပါ့မယ်
အစမ်းသတ်သဘော
မရည်ရွယ်ခဲ့ရိုး
မှန်ခဲ့ရင်တော့
ကိုယ့်သစ္စာကိုယ်
မရည်ရွယ်၍ဆူး
ခဏတာရဲ့ ဒေါသ
တွေဝေတဲ့မောဟ
မရောင့်ရဲနိုင်တဲ့လောဘ
ခံစားရတဲ့သောက
စူးနစ်ခဲ့ရတဲ့ဝေဒနာ
မမျှပါလားလို့ 
သိလိုက်ရတဲ့အချိန်မှာတော့....
မြေကြီး
Thursday, September 17, 2009
ဘောင်မရှိတဲ့မျဉ်း
Posted by ခါတော်မီ
ဘောင်မရှိတဲ့မျဉ်း
ဒုက္ခတွေ ခဏရပ်တန့် ထားကြည့်ပါ
အရောက်ကိုအနံသွင်းဖို့ မကြိုးစားနဲ့ 
သက်တန့် ကိုဖန်ဆင်းလို့ မရပါ
သဘာဝကိုအားကိုးနေရင်
ငုတ်တုတ်မေ့သွားမယ်
ချုပ်ရိုးမဖြေရသေးတဲ့ဒဏ်ရာ
ရေးစီးသန်တဲ့ရာဇဝင်ထဲကမြစ်
အမှည့်လွန်နေတဲ့
နေမင်းထဲကမျိုးစေ့တစေ့
ဆွံအနေတဲ့ မျိုးဆက်တွေ
မွေးဖွါးနေ
လျှာဖြတ်ခံလိုက်ရတဲ့..သူငယ်ချင်းတွေ
သွေးလဲခံလိုက်ရတဲ့..သူရဲကေါင်းတွေ
ကြိုးဆွဲခံနေရတဲ့..ရုပ်သေးရပ်တွေ
ဘဝမကူးနိုင်သေးတဲ့...လမ်းပေါ်ကဝိဥာဉ်တွေ
သေမိန့် ကျတာကိုမသိဟန်ပြုလို့ ရပေမယ့်
လုပ်စားလို့ မရတဲ့ခေတ်ကို
တွန်းလှဲဖို့ ကြိုစားကြရင်း
မြေမြိုသလိုဝါးမြိုခံရပြီ
လုံးပါးပါးလို့ ချိန်ခွင်ရှာမဲ့ကုန်ပြီ ။။။
မြေကြီး
post by:myaegyi :comment : link: 18sep2009 16:45
Wednesday, September 16, 2009
အနာဂတ်အတွက်လား
Posted by ခါတော်မီ
အနာဂတ်အတွက်လား
အများသူငါအကြိုက်
မကြိုက်တတ်တဲ့ငါ့အကျင့်စရိုက်
တည့်တည့်ကိုငိုက်နေလား
သွားစမ်းပါ
အများမိုးခါးရေ ငါမသောက်နိုင်
ခြုံခိုလို့ တိုက်ခိုက်တဲ့ မြေခွေးစရိုက်
လူဘုံအလယ်ခြေထိုးလို့  အရှက်ဟက်တက်ကွဲ
ခွက်ခွက်လန်သဘောကျလို့ ရီမော
ဒီလိုအဖြစ်မျိုးဆယ်ခါပြန်တိုးလည်း
ငါဂရုမစိုက်ရေးချ မဆိုက်
သေအောင်နာမငိုလေနဲ့  မိုးမပြိုတုန်းပေါ့
ရွာအပြင်မှာလယ်ကိုစိုက်ဖို့ 
ထွန်းရယ်ပြင်နေတုန်း
တောင်ပေါ်မှာ မိုးကရွာစိုပြေနေဆဲ
တောင်အောက်မှာမိုးကထန်
လူတွေမှာဝေဒနာပဲ
ငိုယိုသူအသံသာကြားတယ်
အမှောင်သာအမှောင်သာပါပဲ
ရတာမလို လိုတာမရတဲ့လူ့ ဘဝ
လမ်းမပေါ် ခွေးဆိုးများလေလွှင့်
ဘ၀ဘ၀တွေ အရုပ်ကြိုးပြတ်သဖွယ်
ဒါဟာ...သဘာဝတဲ့လား
ဒါလာ...လောကရဲ့ ဓမ္မတဲ့လား
ဒါဟာ....အနာဂတ်အတွက်လား
မြေကြီး
POST:MYAEGYI .COMMENT.. LINK   16SEP 2009PM18:18
Tuesday, September 15, 2009
သင်းကွပ်ခံလိုက်ရတဲ့...ဘ၀များ
Posted by ခါတော်မီ
သင်းကွပ်ခံလိုက်ရတဲ့...ဘဝများ
အတောင်ပံမဲ့ အရောင်စုံပန်းချီတချပ်နဲ့ 
အပြန်အလှန်စပ်စုကြည့်မိလိုက်တော့
စိတ်ကူးယဉ်အိမ်မက်တခုဖန်တီးဖြစ်
စုတ်ချက်ကြမ်းကြမ်းနဲ့ ဘဝကခက်ထန်
မာန်မာနတွေရောယှက်တဲ့မော်ဒန်တခက်.....
အကိုင်းအခက်တွေဖြတ်တောက်ခံလိုက်ရတဲ့
အသက်ရှိလားအသက်မဲ့လားဝေခွဲမတတ်သူတို့ ရဲ့ 
သင်းသတ်လို့ ထင်းအဖြစ်အသုံးချခဲ့ရင်တောင်
လင်းနိုင်သမျှအလင်းစွမ်းအားပေးနိုင်သေး၏
သင်းသတ်လို့ ဘဝဘဝတွေမျိုးတုန်းခဲ့ရပြီပေါ့ ----
လွတ်လပ်မှု့ ဟာဘယ်နေရာမှာမှမရှိ
ကယ်တင်ရှင်ဘယ်မှာလဲအော်ခေါ်မိ
နေရာတိုင်းမွန်းကြပ်မှု့ နဲ့ ချွတ်ချုံကျ
ငါတကိုယ်တည်းမဟုတ်တာသိလျက်နဲ့ 
ရုန်းထွက်ဖို့ လွတ်မြေက်ရာလမ်းမကျန်တော့ပါလား....
.
ဒီအတိုင်းထားလို့ တော့မဖြစ်နိုင်တော့ပါ
ဒီအတိုင်းသွားလို့ တော့မရောက်နိုင်တော့ပါ
ဒီအတိုင်းအော်လို့ တော့မကြားနိုင်တော့ပါ
ဒီအတိုင်းရုန်းလို့ တော့မလွတ်နိုင်တော့ပါ...
...
မြေကြီး
ဝိဉာဉ်ခင်းတဲ့လမ်း
Posted by ခါတော်မီ
ဝိဉာဉ်ခင်းတဲ့လမ်း
ဇာမဏီကိုငှက်သတ်
သူ့ သွေးကိုဖေါက်သောက်
အသက်ရာထောင်တည်ရှည်သတဲ့....
ခွပ်ဒေါင်းကိုသတ်
သူ့ သွေးကိုဖေါက်သောက်
အာဏါရှင်တွေအသက်ဆက်
အသက်ထောင်ရှည်မတဲ့လား
သေချင်းဆိုးနဲ့ သေပြီသာမှတ်......
.
ရှစ်ဆယ်ရှစ်ရဲ့ သွေး
ခင်းထားခဲ့တဲ့လမ်း...
ညီတော်မျိုးဆက်သစ်များ
ချိတ်ဆက်ကါလှမ်းလိုက်စမ်း
ရဲရဲသာ.. လျှောက်လိုက်စမ်း
အာဏါရှင်..ပြုတ်ပြီသာမှတ်...
မြေကြီး
post by မြေ ကြီး comments
Thursday, September 10, 2009
အမေသို့ ....တမ်းချင်းတစိတ်တဒေသ
Posted by မြေကြီး
အမေသို့ ....တမ်းချင်းတစိတ်တဒေသ
အမေ..ကျွေးရကျိုးမနပ်
ဝမ်းရေစစပ်တယ်လို့ ပြောပါတော့
အကြိမ်ကြိမ်အခါခါအမေ့ကိုလေ
မွေးကျေးဇူးမဆပ်နိုင်ခဲ့ပေမဲ့
အမေ့ရဲ့ နောက်ဆုံးဆိုဆုံမကို
မကြားနိုင်တော့ပြီ
ကန်တော့ခွင့်မဲ့ခဲ့ပြီ ........
အမေ..ကြွေကျသွားတဲ့
ကြယ်တပွင့်ကိုလိုက်ကေါက်ခင်ပါရဲ့ 
လွှတ်ချလိုက်တဲ့ အမေ့ရဲ့ 
ဝိဉာဉ်ကိုလိုက်ကေါက်လို့ ရယင်ဖြင့်
ဘဝအင်္သေချေပါစေ
အမေ့ခန္ဓာကိုယ်ထဲ ....
ပြန်ကေါက်ထည့်ပေးချင်ပါတယ်......
လွတ်မြောက်ရာလမ်းအမေထွက်ခွက်ခွါသွား
အဓမ္မလောကမှ.. အမေလွတ်မြောက်သွား
ဓမ္မလောမှာ ...အမေငြိမ်းချမ်းစေသား
သံသရာတကွေ့  ခရီးတနေရာမှာ
အမေနဲ့  ပြန်တွေ့ ရယင်ဖြင့် ...
အမေ ဝမ်းရေမစပ်စေရတော့ပါ
မြေကြီး
ပြည်တွင်းကပေးစာ
Posted by မြေကြီး
ိအကိုရေ...ကိုဗိုလ်မင်းယုကို ထောင်(၁၀၄)နှစ်ဟာ ကျန်းမာရေးမကောင်းဘူးလို့
ကြားရပါတယ်။ တော်တော်ဆိုးရွားတယ်တဲ့ဗျာ။ သူ့ကိုလွန်ခဲ့တဲ့(၃)လပိုင်းလောက်က
ရန်ကုန်အင်းစိန်ကို ပို့လိုက်ပြီး..အခုသရက်ထောင်ကို ပြန်ပို့လိုက်ပြန်ပါတယ်။
အခု သရက်ထောင်မှာပါ။ သူနဲ့ အတူကိုညီညီ(နှစ်-၅၀)လည်း
အတူ ရှိနေပါတယ်။ ကိုဗိုလ်မင်းယုကိုဟာအပြင်းဖျားနေပြီး ခေါင်းကိုက်ဝေဒနာကိုလည်း
ခဏခဏခံနေ၇တယ်လို့သူ့မိသားစုတွေဆီကနေ ကြားရတယ်။သူ့ကို
လမ်းလျှောက်ချိန်မပေးတာရယ်..မန္တလေးထောင်မှာနေခဲ့ရစဉ်က..တိုက်ပိတ်ထားတဲ့ဒဏ်တွေကြောင့်..အခုဆိုရင်
အညောင်းချီနေတယ်တဲ့။ အခု သရက်ထောင်မှာလည်း အစာ.ရေစာ မ၀မလင်ကျွေးတာကြောင့်
သူက စိတ်ပျက်မိတယ်လို့ တိတ်တိတ်လေးပြောပါတယ်တဲ့။ အိမ်က မိဘတွေလည်းသရက်ထောင်ဆိုတော့
မန္တလေးနဲ့ ဝေးတာမို့..တလတခါတောင် မသွားနိုင်ပါဘူးတဲ့။ကိုဗိုလ်မင်းယုကိုဟာ အမေတစ်ခုသားတခုပါ။ မောင်နှမ သုံးယောက်ရှိတဲ့အနက်သူက အငယ်ဆုံးသားပါ။ အခုဆို..အသက်က.၂၂နှစ်ရှိပါပြီ။ သူ့မိသားစုက ချို့တဲ့ကြပါတယ်။ မိဘကို သူတတ်တဲ့ကားဆေးမှုတ်ပညာနဲ့ လုပ်ကျွေးရင်း
တဖက်ကလည်း ကျောင်းသားနိုင်ငံရေးကိုသူအားသန်ရာလုပ်ကိုင်ရင်းနဲ့ ဗကသ(အထက်ဗမာပြည်)ရွေဝါရောင် နှစ်ပတ်လည်လုပ်မည်ကို စိုးတာနဲ့ ၂၀၀၈ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့မှာနေပြည်တော်ဘူတာ
မှာ အဖမ်းခံရတာပါ။နောက်ကျနော်တို့အုပ်စုထဲက..ဦးဇင်း မေတ္တာနိုင်(ခ) ဦးပါကဋ ဟာလည်း အခုဆို..
မြစ်ကြီးနားထောင်ကို ပြောင်းထားပါတယ်။ မကေသီအောင်ကတော့ထားဝယ်ထောင်ကနေ..
နှလုံးရောဂါ.သွေးအားနည်းဝေဒနာနဲ့ ကိုယ်ဝန်ပျက်ကျဒဏ်တွေကြောင့် ထားဝယ်ထောင်မှာ
ရှိနေစဉ် ကျန်းမာရေးက အတော်ကြီးကိုဆိုးဆိုးရွားရွားဖြစ်ခဲ့တာကနေ..သူ့မိသားစုက ထောင်ပြောင်းပေးဖို့နဲ့
အပြင်ဆေးရုံမှာ ဆေးကုသခွင့်ပေးဖို့ကို နေပြည်တော်ရှိဝန်ကြီးဌာနအားလုံးကို
မိတ္တူကူးပြီး ပို့လိုက်လို့..မန္တလေးထောင်ကိုပြန်ပို့ပေးပြီး ထောင်တွင်းရှိ ဆေးရုံမှာပဲ
ကုသခွင့်ပေးထားတယ်လို့သိရတယ်။ အရင်တခါကလည်း မကေသီအောင်ရဲ့
ကျန်းမာရေးနဲ့ အပြစ်မရှိတဲ့အပေါ်မှာလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့နဲ့ ဆေးကုသခွင့်ပေးဖို့
မန္တလေးတိုင်းတရားရုံးကို တင်ပြရာမှာ ပလပ်လိုက်လို့ နေပြည်တော်
ပြည်ထဲရေးဝန်ကြိးဌာနကို စာတင်ရာမှာ ကျမလာဘဲ ပဲခူးထောင်မော်လမြိုင်.
ထားဝယ်ထောင်တွေကို ပို့လိုက်ပြီး..အခုဝန်ကြီးဌာနတွေအားလုံးကို စာတင်ရာမှ
ပြန်ကျလာတယ်လို့ သိရတယ်အကို။
ကျနော့်ကိုလည်း ထောင်(၁၂၆)နှစ် ချထားတယ်လို့ သိရတယ်။ ကျနော်လည်း
ပြည်တွင်းထဲမှာ လုပ်နိုင်သလောက်လုပ်နေပါတယ်အကို။ မဲဆောက်မှာလည်း
မင်းနိုင်တို့အုပ်စုက အရည်မရ အဖတ်မရတွေ ပြောနေတာကို အကိုလည်း
ကြားသိရမယ်လို့ ကျနော်ယူဆပါတယ်အကို။ ဒါကတော့ အကိုရာ..သူတို့ကို ကျနော်က
စာထုတ်ထားတာနဲ့ပတ်သက်ပြီးနဲ့ ဗကသပြန်ဖွဲ့စည်းတဲ့အပေါ်မှာ သူတို့
အရှိုက်ကို ထိုးလိုက်သလိုဖြစ်သလို..ကျနော်လည်း ပြည်တွင်းထဲမှာ
ကိုယ်လုပ်နိုင်သလောက် လှုပ်ရှားမှုတွေ လုပ်တယ်လေ။ အဲဒီတော့ သူတို့
ငုတ်တာပေါ့အကိုရာ..ဟား..ဟား။ ကျနော့်ကို အပုတ်ချတာလည်း ကျနော်က သီအိုရီအရ
လုပ်နေတယ်လို့ သဘောထားပါတယ်။ ဒါတွေက...သမိုင်းမှာ အကြွေးတင်နေပြီလေ။
တချိန်မှာ ရှင်းမှာပါ..အခုချိန်မှာ..သူ့အလုပ်သူလုပ်ကိုယ့်အလုပ်ကိုယ်လုပ်ပဲ။ ဒီကောင်တွေက..မီဒီယာကို
စီးထားနိုင်တော့..ကျနော်နဲ့ပတ်သက်တဲ့ သတင်းကိုတင်ခွင့်မပေးဘူးလေ။ြ ပည်တွင်းထဲမှာ..ကျနော်တို့ လှုပ်ရှားမှုတွေကိုသတင်းမတင်ဘူးဆိုတော့..ကျနော်လည်း အတော်တော့ အံသြမိတာပေါ့အကိုရာ။ ကျနော်
ယုံကြည်တဲ့ နိုင်ငံရေး တော်လှန်ရေးက ဘာလဲဗျာ..။သာယာစီးတွေလား..
အနာဂတ်ဒီမိုကရေစီမှာလည်း..ဒီလို.သာယာစီးတွေနဲ့..အသာစားတွေပဲ
တိုင်းပြည်ကို တည်ဆောက်ကြမှာလား။ ထားပါဗျာ..။ အဲဒီတော့အကို..အခု..ကျနော်
ကိုဗိုလ်မင်းယုကိုရဲ့ဓာတ်ပုံနဲ့..ဦးဇင်းမေတ္တာနိုင်ပုံကိုထည့်ပေးလိုက်ပါတယ်။
ကိုဗိုလ်မင်းယုကိုရဲ့ဓာတ်ပုံဟာ..နာဂစ်ကယ်ဆယ်ရေးသွားတုန်းကပါ.။
ဦးဇင်းမေတာရဲ့ပုံကတော့.သူကို လိုက်ဖမ်းနေတဲ့အချိန်မှာ..ကျနော့်
အိမ်ကိုရောက်လာပြီး..လူဝတ်လဲ အသွင်ပြောင်းထားတဲ့ပုံပါ။ အမှတ်တရအနေနဲ့
ရိုက်ထားတာပါ။ ကျေးဇူးတင်ပါတယ်။ ကိုဆက်ကိုလည်းတွေ့ရင်မှာပါဦး။ ကျနော်
ရှိနေတယ်လို့။ နောက်ပြီး..အကို ပို့လိုက်တဲ့ ငွေကို ထုတ်ယူပြီးပါပြီတဲ့။
ကျေးဇူးတင်မိပါတယ်အကို။ ကျနော်တို့ကြေညာချက်ထုတ်တဲ့နေ့က..
မုံရွာ..မနလေးက..ကျောင်းတွေမှာ ..စာရွက်တွေကိုကပ်တယ်.ဖြန့်တယ်။
ဒါပေမယ့်..သတင်းသမားများက..ဘယ်လို စိတ်ကူးတွေနဲ့မတင်တာလဲဆိုတာတော့
ကျနော်လည်း နားမလည်တော့ဘူး။အဓိကက..ကိုယ့်အလုပ်ကိုယ်လုပ်နေတာပဲလေ။
လေးစားစွာဖြင့်..
ထွန်းထွန်း