Sunday, October 25, 2009

ရွာရိုးကိုးပေါက်

Posted by ခါတော်မီ

ရွာရိုးကိုးပေါက်
ကျနော် အိမ်လည်ခြင်းအလုပ်ကို ဝါသနာလို့ပြောရင်ရမယ်။ ကျနော် ရန်ကုန်
မှာ ဘယ်လောက်ထိ ရွာရိုးကိုးပေါက် လျှောက်သွားသလဲဆိုရင် မနက် ၇နာရီခွဲဆိုရင် အိမ်
မှာမရှိတော့ဘူး။ ညဘက် အစောဆုံး အိမ်ပြန်ရောက်ရင် ၉နာရီ ပုံမှန်ကတော့ ၁၀နာရီ
၁၁နာရီလောက်မှ အိမ်ကိုပြန်ရောက်တာ။ အိမ်မှာရှိတဲ့ အချိန်က အိပ်ချိန်လောက်ပဲ.နေ
တာ။ ဒါကြောင့် ငယ်သူငယ်ချင်း တယောက်က အိမ်ဦးနတ်နဲ့ ရန်ဖြစ်ထားသလားလိုတောင်
ပြောခံခဲ့ရတယ်။အဲ့ဒီအကျင့်က ပြည်ပရောက်တဲ့အထိပဲဆိုပါဆို့။ ပြည်ပမှာလည်း အလုပ်
သွားတဲ့နေ့ပဲဖြစ်ဖြစ် အလုပ်နားရက်ပဲ ဖြစ်ဖြစ် အိပ်ယာကနိုးပြီးလို့ နာရီဝက်အတွင်း
အိမ်အပြင်ကို ရောက်နေပါပြီ။ အိမ်ထဲမှာ နေရတာကို အကျဉ်းကျနေတယ်လို့ ခံစားမိ
တဲ့ အတွေးလည်းပါမယ် အိမ်တွင်းအောင်းနေလို့ ကိုယ့်အတွက် ဘာအကျိုးမှ မဖြစ်နိုင်
ဘူး လို့ယူဆတာလဲပါမယ်ထင်ပါတယ်။ ဒါကြောင့် အိမ်လည်ခြင်း လျှောက်လည်ခြင်း
အလုပ်ဟာ ဗီဇ တခုလိုဖြစ်နေတယ်။
အိမ်လည်ခြင်း ရွာရိုးကိုးပေါက်လျှောက်သွားခြင်း လမ်းမရှိလမ်းရှာ၍ လမ်း
သလားနေတတ်သူကျနော် ချုပ်နှောင်ခြင်းကိုခံလိုက်ရပါတော့တယ် ၊ ဖြစ်ပုံက ဒီလိုပါ။
ပြည်ပ နိုင်ငံတခုမှာ တရာမဝင် ဗီဇာမရှိ ရက်ရှည်နေထိုင်မှု့နဲ့ ရဲကဖမ်းချုပ်လိုက်
ပါတယ်၊အိုဗာစတေး (ဝလုံး)အမှု့နဲ့ပေါ့ဗျာ၊ သူတို့အခေါ်အဝေါ်အရ တရားမဝင်နေ
ထိုင်မှု့နဲ့ ဖမ်းတယ်ပေါ့ဗျာ။ ဖမ်းတယ်ပြီးတော့ ပြည်နှင်ဒဏ်ပေး အမိနိုင်ငံနေရင်းကို
ပြန်ပို့မယ်ပေါ့။ ရဲကနေ လူဝင်မှု့ကြီးကြပ်ရေးကိုအပ်ပေါ့။ ရဲမှာလည်းစစ်ဆေးမှု့တွေ
ကလည်းအထပ်ထပ် ဓါတ်ပုံရိုက်လက်ဗွေယူ စစ်ဆေးမှု့တွေက အထပ်ထပ်ပါ၊ ဗမာပြည်
ကရဲတွေနဲ့ တော့ကွါပါတယ်။ သူတို့လုပ်ထုံးလုပ်နည်းအတိုင်း သူတို့နိုင်ငံမှာ ပြစ်မှု့
ကျုးလွန်ခဲ့ ခြင်းရှိမရှိကို စစ်ဆေးတာကအဓိကပါ။ကျနော်ဆိုတဲ့ကေါင်ကလည်း ဗမာပြည်
ထဲ ရွာရိုးကိုးပေါက် သွားရတာအားမရလို့ ပြည်ပထိတောင် ခြေပေါက်သွားခဲ့တာ အချုပ်
ထဲ ထိရောက်အောင် ခြေထောက်က ရောက်သွားတာ။။လူဝင်မှု့ကြီးကြပ်ရေးလည်း
ရောက်ရော ပြည်နှင်ဒဏ်ပေး ၅နှစ်အတွင်း သူ့နိုင်ငံကို ပြန်မဝင်ရ အမိန့်ကိုဖတ်ပြ
သဘောတူကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ဒီကလည်း ဟုတ်ကဲ့ပေါ့။ ထိုးပေးလိုက်တာ
ပေါ့။ပြီးတော့မှ လေယာဉ်လက်မှတ်ဝယ်ခိုင်းပြီး ပြန်ခိုင်းပါလေရော။ဒီကလည်းဘာရမ
လဲ ( မင်းတို့နိုင်ငံကို မင်းတို့ခေါ်လို့လာတာမဟုတ် ကိုယ့်ဖါသာလာတာ မင်းတို့ပြန်
ခိုင်းတိုင်းပြန်ရမှာလား ကိုယ်ပြန်ချင်တဲ့အချိန်ပြန်မှာပေါ့ ရင်ထဲက ) ပြန်နိုင်ဘူးလို့ 
ပြောလိုက်တယ်။ မပြန်ချင်ရင်ခိုလှုံခွင့်လျှောက်ပေါ့။ ဒါပဲရှိတာပဲ။ အဲ့ဒါနဲ့ပဲ ကျနော်
လည်း ဒုက္ခသည်ဘဝ ကို နေ့ချင်းညချင်းရောက်သွားလေသတည်း။
လူဝင်မှု့ကြီးကြပ်ရေးကလည်း ဒီလောက်တောင်ကိုယ့်နိုင်ငံ ကိုမပြန်
ချင်တဲ့ကေါင်တွေ ဘယ်လောက်တောင်နေနိုင်မလဲဆိုပြီး ဖမ်းထားပါတော့တယ်။ တချို့
တွေဆိုရင် ၂နှစ်၃နှစ်လောက်ထိဖမ်းထားတာ။ အင်မတန်မှ လမ်းသလားတဲ့ကျနော့်
အဖို့ ဘယ်မှသွားလို့ မရတော့ဘူး။ ၅ယောက်နေရတဲ့အခန်းကျဉ်းလေးထဲမှာ ငြိမ်ငြိမ်
မနေတတ်တဲ့ ကျနော့်အဖို့ ဒုက္ခတော်တော်ကြီးခဲ့နေတာပေါ့။ ဖမ်းခံရတာထက် လမ်း
မသလားရတဲ့ ဒုက္ခကပိုဆိုးနေတယ်။ ဒါပေမဲ့ ကျနော် ဆိုတဲ့ကေါင်ကလည်း ဒီအခန်းကျဉ်း
လေးထဲမှာ ကိုပဲ ရအောင်လမ်းလျှောက်တယ်။ ရေချိုးဆင်းချိန်၂နာရီမှာ ကိုယ့်အဆောင်
ထဲမှာ ခေါက်တုန့်ခေါက်ပြန် တခန်းဝင်တခန်းထွက်လျှောက်သွားတယ်။ အဲ့ဒီငြိမ်ငြိမ်မ
တတ်တဲ့ အကျိုးကြောင့် ဖမ်းခံရတဲ့ ကါလတလျှောက် ကျန်းမာစွာနဲ့ အပြင်ကိုပြန်ရောက်
ခဲ့တယ်။ သူတို့လူဝင်မှု့ကြီးကြပ်ရေးအချုပ်က ကျနော့်အဖို့ တော့ဟော်တယ် တခုသာ
သာပါ။ ဘာလို့လဲဆိုတော့ အင်းစိန်ထောင်မှာနေခဲ့တဲ့ အကျင့်ကရှိနေပြီးသားဖြစ်နေလို့
ပါ။ ဗမာပြည်နဲ့ကတော့ တခြားဆီပါ။ လူ့အခွင့်အရေးအပြည့်နဲ့ထားပါတယ်။ အလုပ်မရှိ
တဲ့အချိန် ခေါ်ထားမယ်ဆိုရင်တောင် နေချင်သေးတယ်။ လူဝင်မှု့ကြီးကြပ်ရေးက ဗမာ
တော်တော် များများကို မျိုးချစ်စိတ်ရှိအောင်တောင်လုပ်ပေးလိုက်သေးတယ်။ ဘာဖြစ်
လို့လဲဆိုတော့ အဖမ်းခံရပြီး ပြန်ထွက်လို့ အပြင်ပြန်ရောက်ရင် နောက်ထပ်ဖမ်းမခံရ
အောင် နေထိုင်ခွင့်လေးရအောင် တိုင်းပြည်ကိုဘယ်လောက်ချစ်ကြောင်း စစ်အစိုးရ
မကေါင်းကြောင်း ရောယောင်ပြီး သံရုံးရှေ့ဆန္ဒသွားပြရတယ်လေ။ စိတ်ထဲပါသော်ရှိ
မပါသော်ရှိ မျိုးချစ်စိတ်ရှိတယ်ဆိုတာ သိရအောင် လက်သီးလက်မောင်းတန်း အော်
ပြပါမှ နေထိုင်ခွင့်ရမယ် ။ ရပြီးသွားတဲ့ တော့ ပျောက်ကုန်တာပဲ။
အချုပ်ကပြန်ထွက်လာ တော့ အရင်ကလို ကျနော်လမ်းမသလားနိုင်
တော့ဘူး။ ဘာလို့လဲဆိုတော့ ကဗျာရေး သီချင်းရေးကဝါသနာပါတော့ သူငယ်ချင်း
တွေက ဝိုင်းမြှောက်ပေးလို့ စာစောင်လေးတစောင်ထုတ်ဝေဖြစ်သွားတယ်။ အဲ့ဒါနဲ့
ကျနော်လည်း ခြေငြိမ်သွားပြီး အိမ်လည်ခြင်းအလုပ် ရွာရီုးကိုးပေါက်လျှောက်သွားတဲ့
အလုပ်ကို မလုပ်နိုင်တော့ပါဘူး။ စာစောင်သာထုတ်ဖြစ်တယ် ကွန်ပျုတာကိုလုံးဝကို
မလုပ်တတ်ဘူး။ နားကိုမလည်တာ ဘယ်လောက်မသိလဲဆိုရင် စာစီစာရိုက်လုပ်ဖို့ သူ
ငယ်ချင်းက ကွန်ပျုတာပေးသွားတယ်။ ကွန်ပျုတာကို မီးကြိုးနဲ့ ဆက်ပြီးဆင်တာ
တောင်မလုပ်တတ်ဘူး။ ကွန်ပျုတာအဖွင့်အပိတ်တောင် မလုပ်တတ်ဖူး။ အဲ့ဒီလောက်
ထိတော်တာ။ သူလာပြီးဆင်ပေး ပြပေးမှနဲနဲလုပ်တတ်သွားတယ်။ စာစီစာရိုက်လဲသူ
သင်ပေးသလောက်ပဲ တတ်တာ။ဒီထက်ပိုပြီးဘာမှ မလုပ်တတ်ဘူး။စာစောင်လည်း
၁၅စောင်လောက်ထုတ်ပြီး ဆက်မထုတ်နိုင်တော့ဘူး။ဒီကြားထဲမှာ ဝက်ဒ်ဆိုက်လေး
တခုလုပ်ဖြစ်လိုက်ပါတယ်။ပိုက်ဆံအကုန်ခံပြီး တနှစ်ဝယ်ပြီးလုပ်လိုက်ပါတယ်။ဒါပေ
မယ့် ကွန်ပြူတာကျွမ်းကျင်တဲ့ ဝက်ဆိုဒ်လုပ်တဲ့သူက ဆက်မလုပ်တဲ့တော့ တနှစ်ထဲ
နဲ့ရပ်သွားပါရော။ပိုက်ဆံသာကုန်သွားတယ် ကျနော့်မှာ ဘာပညာမျှမကျန်ခဲ့ဘူး။
ဝက်ဆိုဒ်လုပ်နည်းကို သူ့ကိုသင်ခိုင်းပြန်လည်း အိလေးဂျလေးနဲ့ မသင်ပေးဗျာ။အဲ့
ဒီလို စာစောင်လေးထုတ်နေတော့ စာရိုက်နေရတာနဲ့ ကျနော်လည်း ဘယ်မျှသွားဖို့
အချိန်မရှိ အလုပ်သွား ပြန်လာစာရိုက်နဲ့ ဒါနဲ့ပဲအချိန်တွေကုန်ခဲ့ပေါ့။
အားတဲ့အချိန်လေးတွေ မှာ ဟိုဆိုက်ဝင်ဒီဆိုက်ဝင်ကြည့်နဲ့ အလည်
အပတ် စလာပါတော့တယ်၊ စာစောင်ကလည်းဆက်မထုတ်ဖြစ်တော့ အချိန်လေးက
ရလာတော့ ရွာရိုးကိုးပေါက်လည်တဲ့ အကျင်ကပြန်ရလာပါတယ်၊ ဒီတခါ အလည်အ
ပတ်ကတော့ ခြေထောက်မညောင်းတော့ပါဘူး၊ နက်ထဲကဘလော့အိမ်လေးတွေကို
လျှောက်လည်ဖြစ်သွားတယ်။ နိုင်ငံတွေစုံနေအောင်ရောက်တော့တာပဲ။ အိမ်တွေကို
လျှောက်လည်တာ မောင်းထုတ်မဲ့သူလည်းမရှိဘူး။ ခွေးဟောင်ခွေးကိုက်မှာလည်းမ
ကြောက်ရဘူး။ စိတ်ချမ်းသာလိုက်တဲ့ဖြစ်ခြင်း။ ဗဟုသုတလည်းရတယ်။ ယူစရာရှိတာ
ယူတယ်။ခိုးစရာရှိတာလည်း မသိအောင်ခိုးလို့ရတယ်။ တဖြည်းနဲ့ ဘလော့အိမ်လေး
တွေကို လျှောက်လည်ရင်း အားကျလာတယ်။ သူတို့တွေလို အိမ်လေးဆောက်ချင်လာ
တယ်။ ကိုယ်ပိုင်လေးတလုံးလောက်ဆောက်ချင်လာတယ်။ ကိုယ့်မှာဘလော့အိမ်တ
လုံးမပြောနဲ့ တကယ့် လူနေတဲ့အိမ်တလုံးတောင်မပိုင်ဆိုင်။ ဘလော့အိမ်လေးတခု
တော့ လူရိုသေရှင်ရိုသေရှိသင့်တယ်ပေါ့။ အိမ်တလုံတော့ပိုင်အောင်လုပ်မှ လူနေအိမ်
မပိုင်ရင်တောင်မှ ဘလော့အိမ်လေးတလုံးပိုင်မှဖြစ်မယ်ဆိုပြီး လျှောက်လေ့လာလိုက်
တာ တကယ့်လက်တွေ့ကျတော့ လုံးဝကို မလွယ်မှန်း သိလိုက်ရတယ်၊။ အစ်ကို ဘလော့
ကါ ကိုအောင်သာငယ်ကလည်း မြှောက်ပေးပါတယ်။ ဝိုင်းကူလုပ်ပေးမယ်ပြောပါတယ်။
သူငယ်ချင်းတွေကိုလိုက်ကြည့်တော့လည်း ဘလော့အိမ်လေး ကိုယ်စီပိုင်ဆိုင်နေကြ
ပြီ။ ငါ့လည်း သင်ပေးပါလို့ပြောတော့ သူတို့လည်းမလုပ်တတ်ပါဘူး လုပ်တတ်တဲ့
သူကိုပိုက်ဆံပေးပြီး လုပ်ခိုင်းတယ် တင်ခိုင်းတယ်။ မင်းတို့ဟာကဟုတ်သေးပါဘူး.
ဘလော့တောင်ရှဲဒိုးရှိသေးလား။အဲလိုကျတော့လည်း မလုပ်ချင်ပြန်ဘူး။ သူတို့တွေ
ဆိုရင် အမည်ပဲခံထားတာ ပိုက်ဆံပေးပြီး အချိန်တန်ရင် ဘလော့ပေါ်ပြည့်နေအောင်
တင်ထားတာ လှတပတလေးတွေနဲ့စုံလို့ပါ။ ဒါပေမဲ့ အဲ့ဒီလိုမျိုးတော့အားမကျမိတာ
အမှန်ပါ။
ဒါနဲ့ ဘလော့ရေးချင်တဲ့စိတ်က ကိုယ်တိုင်မလုပ်တတ်တာကြောင့် ၂နှစ်ကျော်
လောက်နောက်ကျခဲ့တယ်။ ကျနော်လည်းလိုက်လေ့လာတာပဲ။ အဲ့ဒီလောက်တောင်ပဲ
ညံ့ရသလားပေါ့။ ကျနော်ရဲ့ညံ့ချက်များ ကျနော်ထင်ထားတာထက်တောင် ညံ့နေမှန်း
သိလာခဲ့တယ်။ ကိုအောင်သာငယ် ကိုပြောတော့လဲ လွယ်လွယ်လေးပါတဲ့။ ကြာတော့
ဘလော့ရေးမယ်ဆိုတဲ့ကုန်သွားခဲ့တယ်။ သင်ပေးဖို့ပြောရမှာလည်းရှက်လာမိတယ်။
၂၀၀၆လောက် ကတည်းက လုပ်ချင်တာ ၂၀၀၉ကျမှပဲလုပ်ဖြစ်တော့တယ်။ အထူးသ
ဖြင့်ကိုအောင်သာငယ် နဲ့စကါးပြောတိုင်း လွယ်လွယ်လေးပါ မခက်ဘူးစကါး က ကျ
နော့် ကို နောက်ဆုံးတွန်းပေးလိုက်ပါတော့တယ်။ သူ့ကျေးဇူးနဲ့ သူ့အားကျတာလဲ
ပါတယ်၊ ကျနော် ကဗျာတွေသီချင်းတွေရေးဖြစ်တာလဲ သူ့ကိုအားကျခဲ့လိုပါ၊။ ကျနော့်
ကိုဂစ်တာတီး သင်ပေးခဲ့တာလည်း ကိုအောင်သာငယ်ပါ။ သူနဲ့ရဲ့ သင်ပြမှု့တွေကို
နောက်ကြုံရင်ပြောပြပါအုံးမယ်၊
ဘလော့ရေးဖြစ်တယ်ဆိုတာ ကျနော်တော်လို့မဟုတ်ပါဖူး။ကျနော်သူ
ငယ်ချင်းရဲ့သားကျေးဇူးကြောင့်ပါ။ သူနဲ့စကါးပြောရင်း ဘလော့အကေါင့် ကိုသူစ
ဖွင့် ပေးခဲ့လို့ သူ့ရဲ့ကျေးဇူးကြောင့် ခုလိုဆက်ရေးဖြစ်ခဲ့တာပါ။သူစပြီးဖွင့်ပေးပြီး
တပတ်လောက် စာရိုက်ပြီးဘယ်လိုတင်ရမှန်းတောင်မသိသေးဘူး။ အမေရိက ကနေ
သူအကေါင့်ဖွင့်ပေးခဲ့တဲ့ ကျေးဇူရှင် သက်ကိုကို( ကိုဆွေကို -၈၈မျိုးဆက်ကျောင်သား
ခေါင်းဆောင်)ရဲ့သား ကို အထူးကျေးဇူးတင်ပါတယ်။ အစ်ကိုကြီးကိုအောင်သာငယ်ကိုလည်း
ကျေးဇူးတင်ပါတယ်။ ဘလော့ကါ ကိုညီလင်းဆက် ၊ကိုမောင်လှ၊မသင်ကါ ၊ကိုစေတန်
ဂေါ့၊ ကိုညီနေမင်း၊ ကိုကျော်စွာငြိမ်း တို့ ကိုကျေးဇူးတင်ကြောင်း ဒီကနေ ပြောပါရ
စေ။
ကျနော့် ရဲ့ ခြေညောင်းအောင်ရွာရိုးကိုးပေါက်လျှောက် သွားတတ်
တဲ့ အကျင့်စရိုက်က ချိန်မှာ ခြေမညောင်းတော့ပဲ ရွာတွေတင်မကပဲ နိုင်ငံတကါပါ
နက်ကနေလည်နိုင်ပါပြီ၊ အရင်လိုတော့ခြေထောက်တော့ မညောင်းတော့ပါ။ မျက်
မှန်တော့ တပ်ရကါ နီးနေပါပြီ။ နက်ကနေ အိမ်လည်နည်းတော့တတ်သွားပြီ မျက်မှန်
မတပ်ရ တဲ့ နည်းများရှိရင်ပေးကြပါဦး. ။ကူညီကြပါဦး...လို့

0 comments:

Post a Comment