Wednesday, October 28, 2009

ဘဝ

Posted by ခါတော်မီ

ဘဝ
ဘနှင့်ဝ
ပေါင်းထားလို့
ဘဝလို့ခေါ်တာလား
ဘဝဆိုတာ..ဘာလဲ
နှစ်လုံးတည်းကြပ်တည်းနေတာ
နှစ်လုံးတည်းနဲ့ရှုတ်ထွေးနေတာ
နှစ်လုံးတည်းနဲ့သံသရာလည်နေတာ
နှစ်လုံးတည်းနဲ့ဒုက္ခတွေဝေနေတာ
ဘဝဆိုတာ
မွေးဖွါးခြင်းနဲ့သေဆုံးခြင်း
ကြားကါလရဲ့
ရှင်သန်နေမှု့လား
ဒါဆိုရင်
ဘ..သည်မွေးဖွါးခြင်း
ဝ..သည်သေဆုံးခြင်း
ဘ..မှ..ဝ..အထိဒီခရီးက
တိုချင်လည်း..တိုမယ်
ရှည်ချင်လည်း..ရှည်မယ်
နီးချင်လည်း..နီးမယ်
ဝေးချင်လည်း..ဝေးမယ်
ဘဝဆိုတာ
ဖြစ်ခြင်းနဲ့ပျက်ခြင်း
သတ္တဝါတွေဟာ
ဖြစ်တည်ပြီးတာနဲ့
အပျက်ဆီသို့ဦးတည်
အပျက်ခရီးကိုလမ်းထွင်
ဒုက္ခကိုစားသုံးရင်း
ကိုယ်မပိုင်တဲ့ခန္ဓာကို
တပ်မက်နေခြင်းသည်
ဘဝ....ဘ....ဝ
မြေကြီး

0 comments:

Post a Comment