Saturday, November 6, 2010

အတိတ်စိမ်း

Posted by ခါတော်မီ

အတိတ်စိမ်း

ရင်ခုန်သံတွေကို
ထုဆစ်လို့မရဘူး
အရိုးတွန်သံတွေဟာ
သင်တို့အား
နာပျော်ဖွယ်တေးသွားတပုဒ်
ဖျော်ဖြေနေတာမဟုတ်
တော်လှန်ဖို့အသင်အနေအထား
သတိပေးအချက်ပြနေတာ
သမိုင်းကြွေးရဲ့ အမိန့်နဲ့
နှလုံးသားနဲ့ နာခံလော့ ။။

ထလော့ ကြွလော့
သင့်ကိုယ်သင်
အသိစိတ်နဲ့အမိန့်ပေးလိုက်ပါ
ရဲသော်မသေ
သေသော်ငရဲမလား
သင့်ရှေ့ကရောက်နှင့်နေတဲ့
ခွပ်ဒေါင်းနတ်သမီးများ
ဆီးကါကြိုနေလိမ့်မယ် ။။

ထုခတ်ခံထားရတဲ့
သင်တို့ရဲ့လွတ်လပ်ခွင့်တွေကို
သင်တို့ကိုယ်တိုင်
ရိုက်ချိုးမှ ရလိမ့်မယ်
ကမ္ဘာမြေအနှံ
ခွပ်ဒေါင်းအရိုးတွေ တွန်နေပြီ

တုတ်နှောင်မရတဲ့
ခွပ်ဒေါင်းဝိဥာဉ်တွေ
သင်တို့ထံသို့
ပူးကပ်ဖို့လာချေပြီ
အတ္တတွေကို ဇကါစစ်ချ
အသေသတ် ပစ်လိုက်ပါ

ထလော့ ကြွလော့
အသင်တို့
အတိတ် တဘောင်
နမိတ်ဆောင်တဲ့
နှစ်ဆယ်ကို တစ်ဆယ်တိုး
ကြံဖွတ် အသေဆိုး မယ့်နှစ် ။။

မြေကြီး





Powered by ScribeFire.

Thursday, November 4, 2010

နောင်ဘဝ

Posted by ခါတော်မီ

နောင်ဘဝ

မွေးဖွါးခြင်း
သေဆုံးခြင်း
အလယ်မှာ
ရှင်သန်ခြင်းက
ရပ်တည်နေ
(သို့)
ရွေ့လျားနေ

အစရှိရင်
အဆုံးရှိမယ်
မွေးဖွါးခြင်းရှိရင်
သေဆုံးခြင်းကရှိနေတယ်
အစရှိပြီး
အဆုံးမရှိတာ
ရှိနေရော့ ..လား
စ ..လယ် ..အဆုံး
နိဂုံးမသတ်နိုင်တာ
အာဏါရှင်ဖြစ်နေရော့..လား
ဒါ မှ မဟုတ်
ရှင်သန်ထမြောက်နေတာလား

လူသေလို့
လူပြန်ဖြစ်လား
အတိတ် ..ပစ္စုပ္ဂန် ..အနာဂတ်
အတိတ် ဘဝ
ပစ္စုပ္ဂန် ဘဝ
အနာဂတ် (သို့) နောင် ဘဝ
လူသေ လူပြန်ဖြစ်လို့
နောင် ဘဝဆိုတာများ
ရှိခဲ့ရင်
ဗမာပြည်မှာ လူပြန်မဖြစ်ဖို့
ပြင်ဆင်ရဦးမယ်
အာဏါရှင်အောက်က
ခေတ်သစ်ကျွန် မဖြစ်ချင်လို့

နောင် ဘဝ မှာ
နောင်မှ မ..တ ချင်လို့
နောင်ဘဝ ဆိုတာများ ရှိခဲ့ရင်
အာဏါရှင် လက်သစ်ရဲ့
ခေတ်သစ်ကျွန် လက်သစ်လေး
မဖြစ်ရစေလိုသား ။။။
(( မှတ်ချက်။။ သေခါနီး ဗမာပြည်ကို မစွဲလမ်းလေနဲ့ ))

မြေကြီး

Post By :MyaeGyi , 5 Nov 2010
ဘလော့လိပ်စာပြောင်းသွားပါသဖြင့်
http://myaegyiup.blogspot.com သို့အလည်လာကြပါရန်
ဖိတ်မန္တက ပြုပါသည် ။




Powered by ScribeFire.

Sunday, October 31, 2010

ဘလော့လိပ်စာပြောင်းသွားပါသည်

Posted by ခါတော်မီ

ဘလော့လိပ်စာပြောင်းသွားပါသဖြင့်
http://myaegyiup.blogspot.com သို့ အလည် လာကြပါရန်




Powered by ScribeFire.

Saturday, October 30, 2010

အား အား ယား ယား

Posted by ခါတော်မီ

အား အား ယားယား

သူတို့ မို့
အား အား ယားယား
လမ်း သလားနေကြလားလို့
ဘယ် ဟုတ်လိမ့် မလဲ
အဆိတ်ခတ်ထားတဲ့ ထ္မင်းပွဲ
မျြုဆွယ်နေကြတာ
ယောင်လို့များ
သွားမစားလေနဲ့
မာလကီးယားသွားမယ်

သူတို့ မို့
အား အား ယားယား
ညသန်းခေါင် ခွေးဟောင်ခံတယ်
ဘယ် ဟုတ်လိမ့်မလဲ
ဧည့်စာရင်းစစ်သယောင်နဲ့
ခြင်ထောင်လိုက်လှန်နေတာ
ယောင်လို့များ
တိုင်မထူလိုက်နဲ့
မာလကီးယားသွားမယ်

သူတို့ မို့
အား အား ယားယား
ခြသေ့င်္နှစ်ကေါင် အမြီးထောင်လို့
ဘယ် ဟုတ်လိမ့် မလဲ
ခေတ်သစ်ကျွန် ရွေးမလို့
ကြိုတင်မဲကေါက်နေတာ
ယောင်လို့များ
အား အား ယားယား
ဖင်သွားမယမ်းလိုက်လေနဲ့

မြေကြီး
Post By :Myaegyi , 31 oct 2010




Powered by ScribeFire.

Thursday, August 26, 2010

ကြက်ခြေခတ်လိုက်ပါ

Posted by ခါတော်မီ

ကြက်ခြေခတ်လိုက်ပါ

တစ်နေရာတော့ ချန်ထားပေးပါ
ရွေးချယ်စရာ ရွေးချယ်ခွင့် ရှိခဲ့ရင်
အနောက်က  နေထွက်လာမဲ့
နေ့ရက်တွေ  ရှိနိုင်ဦးမလား
ဆန့်ကျင်ဘက်တွေ လွှမ်းခြုံထားတဲ့
ကါလတွေ ရှည်ကြာ နေဦးမယ်
တံခါးခေါက်သံတွေ  ကျယ်လောင်နေပြီ

တခါကဆိုတဲ့ ဉာဉ်လေးကို မေ့ထားပေးပါ
နှလုံးသားက    တပ်လှန့်သံတွေ
ပေတစ်ရာပေါ်   ပြန့်ကျဲနေပြီ
ဒီ ဝဋ်ကြွေးတွေ
သံသရာ တဆုံး  မသယ်ချင်တော့လို့
ကိုယ့်ဘဝကို ခဏလောက်
ကြက်ခြေခတ်လိုက်ပါ
မျက်ရည်တွေ တမံ တုတ်လိုက်စို့

ခဏလောက်ဆိုတဲ့
အငှါးစကါးလေးတခွန်းနဲ့
ပြန်ပေးဖို့ မေ့လျှော့နေတော့
တောင်းသူအပြစ်  ဖြစ်စမြဲပါ
ခဏလောက်
နေရာပေးမိပါတယ်
နောင်ဘဝထိ
သယ်သွားမယ့်သူမျိုးကို
ပေးမိမှားလေတော့
ရေစက်ချအမျှဝေရုံပဲ
ဒီတခါဆိုရင်တော့
ကြက်ခြေခတ်လိုက်ပါ ။။။

မြေကြီး
Post By:Myaegyi Aug 26  2010




Powered by ScribeFire.

Monday, August 23, 2010

လားရာမဲ့သို့

Posted by ခါတော်မီ

လားရာမဲ့သို့

ကံကြမ္မာကို ကျောပေးထားသူလား
ကံကြမ္မာကို စားသုံးအသက်ရှင်သူလား
ကံကြမ္မာကို ကျောခင်းတံတားထိုးသူလား
ကံကြမ္မာကို အလောင်းအစားလုပ်သူလား
ကံကြမ္မာကို ပွဲစားလုပ်သူလား ..

ကိုယ့်အရိပ်နဲ့ကိုယ့်ကို
အခါခါ ခြောက်လှန့်နေ
ကိုယ့်စိတ်နဲ့ကိုယ်ဟာ
အခါခါ ကျဆုံးနေ
လဲပြိုနေတဲ့
စိတ်ဓါတ်မြို့ပျက်ကြီးထဲ
အခါခါ ချော်လဲခဲ့ရ
နေသားမကျဖြစ်နေတဲ့
အမှုအကျင့်တွေကို
ရှောင်တိမ်းလို့မရတဲ့အဆုံး
ကိုယ့်ဒူးကို ကိုယ်ကိုတိုင်
သံပတ်ပေးခဲ့ရ ..

အမှောင်ဆိုတာ မမြင်ရခြင်း
သန်းခေါင်ယံညဉ်နက်နဲ့အတူ
ထပျံခဲ့ရတဲ့
ဝိညဉ်တခုကို
လမ်းပြအဖေါ်ယူရင်း
မြင်ရသူထက်
မမြင်ရသူက
စိတ်အချရဆုံးမို့
ရုပ်ဝထ္တုတွေဟာကိုယ့်ကို
ဒုက္ခရောက်စေတယ်ဆိုတာ
နားလည်ခဲ့ရ ...

ရှိတာတွေကိုမလိုချင်ကြ
မရှိတာကိုမှ
တပ်မက်ဝါးမျိုချင်
ဖြစ်တည်ခြင်းဟာ
ပျက်သုန်းမှု့အတွက်
ရင်းနှီးမြှုပ်နှံမှု့ဆိုရင်
ငါတို့အားလုံးဟာ
ပုံသဏ္ဍန်မတူတဲ့
ရင်းနှီးမြှုမ်နှံမှု့ကို
ကိုယ်စီလုပ်နေကြတာပါ ..

ကေါက်နေတဲ့မျဉ်းတကြောင်း
ဖြေင့်ချင်ရင်တော့
ဖျက်ရာတော့ရှိစမြဲ
စိတ်ရဲ့အင်အားကေါင်းချင်ရင်
စိတ်ဓါတ်ကို
အဖြောင့်တိုင်းကျင့်ပါလေ ။။

မြေကြီး
Post By: myaegyi  Aug 24 2010


ScribeFire


Powered by ScribeFire.

Saturday, August 21, 2010

ရာသီစာ

Posted by ခါတော်မီ

ရာသီစာ

ဆာလောင်မွတ်သိပ်တယ်
ပူပြင်းတဲ့ ဘဝခရိးထဲ
ဆူးကြမ်းတွေခက်ထန်တယ်
အကြောမပေးနိုင်
ဒီ ..ခရီးဘဝထဲ
ဖိသိပ်တဲ့ လောကဓံလား
ဖိနှိပ်တဲ့ အာဏါလား
ဝေမဝါး ခွဲခြားမယ်
ငါတို့အားလုံး
ဒီ.. ခရီးဘဝထဲ
နစ်မွန်း ယစ်နေမလား ..

ပြွတ်သိပ်ကါစီတန်းနေ
မလှပတဲ့ အဓမ္မ္မ္မများ
သောကနဲ့ မျက်ရည်စက်များ
အလျှော့မပေးနိုင်
ဒီ..ခရီးဘဝထဲ
မွန်းကြပ်တဲ့ အမှောင်တိုက်လား
ဖိနှိပ်တဲ့ အာဏါလား
ဝေမဝါး ခွဲခြားမယ်
ငါတို့အားလုံး
ဒီ..ခရီးဘဝထဲ
ဓမ္မ္မ္မတေး သီနေမလား ....

တောက်ပတဲ့ နေမင်းမင်းအား
လက်တဝါးနဲ့ အုပ်မမိုးနိုင်
မမြင်ချင်တဲ့ မင်းတို့မျက်လုံးသာ
လက်တဝါနဲ့ အုပ်မိုးလို့ရနိုင်
တလောကရဲ့ အမှန်တရားကို
ဘယ်လိုဖုံးဖိမလဲ
မမြင်ချင်တဲ့ မင်းတို့ရဲ့
မျက်လုံးသာ ပိတ်လိုက်ပါတော့ ...

အတောင်ပံကျိုးငှက်လို့
အယောင်ဆောင်မနေပါနဲ့
ဟန်ဆောင်အပြုံးနဲ့
လှုပ်မနှိုးလိုက်ပါနဲ့
ရာသီစာ ..ပေါ်ချိန်အလိုက် ..

မြေကြီး

Post By: Myaegyi 22 Aug 2010 Am 4:55

Tuesday, February 23, 2010

ဘယ့်နဲ့ရှိစ

Posted by ခါတော်မီ

ဘယ့်နဲ့ရှိစ

တမ်းတခြင်းအခါခါ
ငြိမ်းချမ်းရေးသံစဉ်တွေရှာနေဆဲ
ခုထိ .. သီချင်းတပုဒ်
မပြီးရှာသေးဘူး

တီးဝိုင်းအမည်
တီးဝိုင်းခေါင်းဆောင်
ရှိပါရဲ့
ပါဝင်တီးခတ်မယ့်သူ
စုစည်းလို့မရသေးပါဘူး

ပြဇတ်တပုဒ်တော့
ရေးပြီးပါရဲ့
ပါဝင်ကပြမယ့်သူတွေ
စုစည်းလို့မပြီးသေးပါဘူး

ဗျူဟာကေါင်းတခုတော့
ဆွဲပြီးပါရဲ့
တိုက်ပွဲဝင်သူရဲကေါင်းများ
ထွက်မလာကြသေးပါ

ပရိတ်သတ်ကအားပေးဖို့
စောင့်နေပါရဲ့
ကွင်းလယ်အားကစားသမား
ထွက်မလာကြသေးပါ

နှစ်ဖက်အသင်း ပြိုင်ပွဲစရန်
အသင့်ဖြစ်ပါပြီ
ကွင်းလယ်ဒိုင်လူကြီး
ရောက်မလာသေးလို့ပါ

ကဲ .....ဘယ်နဲ့ရှိစ

မြေကြီး
PostBy: Myaegyi : 24 Feb 2010





Powered by ScribeFire.

Friday, February 19, 2010

ခိုးတယ်လို့ ဆိုပါစေတော့

Posted by ခါတော်မီ

ခိုးတယ်လို့ ဆိုပါစေတော့

ခိုး   ခိုး  ကြည့်နေခဲ့ရတဲ့
ကိုယ့်ရဲ့  မျက်ဝန်းလေးတွေကြောင့်
မင်း .အသက်ရှူမှား  ပင့်သက်များနဲ့
ကိုယ့်ကို အသိမှတ်ပြု ပေးနေတာလား

အလိုက်မသိတဲ့ ကိုယ့်အကြည့်ကြောင့်
မင်းခြေလှမ်း ပျက်ရော့လေမလား
မင်းအိနြေ္ဒပျက်အောင် ကိုယ်မရည်ရွယ်ပါ
မတမ်းတရဲတဲ့ ရောင့်ရဲမှူ့နဲ့
ကျေနပ်ခဲ့ရသူပါ

ခိုး   ခိုး  ကြည့်နေခဲ့ရတဲ့
ကိုယ့်ရဲ့  မျက်ဝန်းလေးတွေကြောင့်
ပါးနှစ်ဖက်က ရှက်သွေးများနဲ့
အသိမှတ်ပြုရုံနဲ့ ကိုယ်ကျေနပ်တယ်

ဘဝတသက်တာ မပေါင်းရလဲကွယ်
ရိုးမြေဆုံးထိချစ်မယ် နေနဲ့လပမာ
အလင်းပိုင်ဆိုင်တာချင်းတော့တူမယ်
နှစ်ဦးဆုံနိုင်ရန် ဘယ်လိုမျှမဖြစ်နိုင်ပြီ

နေ့အခါမှာ အင်အားအပြည့်နဲ့
ညအခါမှာ သာတဲ့အလင်း
ဘယ်လိုမှနှိုင်းယှဉ်လို့မရ
ညအခါမှာ သာတဲ့လမင်းလို
အမှောင်ရှိမှ လင်းအားရှိပေမဲ့
အေးမြမှူ့အပြည့်
ညှိုးမနွမ်းစေမဲ့အချစ်
မင်းမြင်လှည့်ပါ
တိမ်မြူ ကြား ရုန်းထွက်ခဲ့မယ်

မြေကြီး
PostBy : Myaegyi  20 Feb 2010
့်




Powered by ScribeFire.

Sunday, February 14, 2010

တိုက်ပွဲ

Posted by ခါတော်မီ

တိုက်ပွဲ

အမျှမဝေလို့
ရက်လည်မလုပ်နိုင်လို့
ဆုတောင်းပွဲမလုပ်နိုင်လို့
မွေးနေ့အထိမ်းအမှတ်မလုပ်နိုင်လို့
ရဲဘော် သူငယ်ချင်း စိတ်ဆိုးမလား
ခွင့်လွှတ် နားလည်ပေးပါ
တိုက်ပွဲက မပြီးပြတ်သေးလို့ပါ ။

ရဲဘော် သူငယ်ချင်း
နယ်ဝေးထောင်က လွတ်မြောက်ဖို့
ငါးလွှတ်ငှက်လွှတ် ယတြာမချေလို့
သံရုံးရှေ့မှာ မအော်ပေးလို့
ဆုတံဆိပ်ရအောင်မလုပ်ပေးလို့
မီဒီယာက မအော်ပေးလို့
နာကျည်းမယ် မထင်ဘူး
ရဲဘော်တို့လိုချင်တာ
အနစ်နာခံ အရင်းပြုနေတာ
ဒါတွေအတွက် မဟုတ်ဘူးဆိုတာ
ခွင့်လွှတ်နားလည်ပေးပါ
တိုက်ပွဲက မပြီးပြတ်သေးလို့ပါ ။။

တိုက်ပွဲဆိုတာ
အနိုင်အရှူံးရှိမယ်
အကျအဆုံးလည်းရှိမယ်
ကျိုးတာလဲရှိမယ် ကန်းတာလဲရှိမယ်
ဒါဏ်ရာရတာလဲရှိမယ်
သေတာလဲရှိမယ်
တိုက်ပွဲကါလမှာ
လွမ်းနေ ဆွေးနေ ငိုနေဖို့
အထိမ်းအမှတ်တွေလုပ်ဖို့အချိန်မရှိဘူး
လွတ်လပ်မှအမျှဝေပါ ..ဆိုတဲ့အတိုင်း
ရဲဘော်သူငယ်ချင်း
တိုက်ပွဲက မပြီးပြတ်သေးလို့ပါ ။။။

မြေကြီး
PostBy: Myaegyi : 15 Feb 2010





Powered by ScribeFire.



 ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗဟိုစည်းရုံးရေးကော်မတီ)

        (၆၃) ကြိမ်မြောက်ပြည်ထောင်စု့နေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေငြာချက်  ၁/၂၀၁၀

   


          POST BY: myaegyi  : 13 Feb 2010




Powered by ScribeFire.

Thursday, February 11, 2010

သားရေပေါ်အိပ် ..သားရေနားစား

Posted by ခါတော်မီ

သားရေပေါ်အိပ် ..သားရေနားစား

အဖွါးပြောဖူးတဲ့စကါး
သားရေပေါ်အိပ်
သားရေနားစား
ဘယ်တော့မျှ မဖြစ်ထွန်းဘူးတဲ့
အဲ့ဒီတုန်းက အဖွါးရဲ့စကါး
နားလည်သလို နဲ့ နားမလည်ခဲ့
ကိုယ့်အခင်းကိုတောင်
ကိုယ်ပြန်စားတဲ့
တိရိစ္ဆာန်လိုအကေါင်လို့
ခိုင်းနှိုင်းခဲ့တဲ့ အဖွါးရဲ့စကါး
ခုမှနားလည်ခဲ့
ကိုယ်နေတဲ့နိုင်ငံ
ပြည်သူတွေပိုင်သယံဇာတ
တိရိစ္ဆာန်တကေါင်လို
အဖွါးပြောသလို
စစ်အုပ်စုတွေ
စားသုံးနေကြပြီ
ဒါဆိုရင်..စစ်အုပ်စုတွေဟာ
အဖွါးပြောတဲ့
သားရေပေါ်အိပ် သားရေနားစား
တိရိစ္ဆာန်ကေါင်တွေပေါ့ ။။

မြေကြီး
Post By: Myaegyi : 12 Feb 2010







Powered by ScribeFire.

Wednesday, February 3, 2010

ပန်းပု

Posted by ခါတော်မီ

ပန်းပု

ပန်းပုဆရာဟာ ပန်းပုထုတဲ့အခါ
လက်ရာမြောက်ပန်းပုရုပ်ထုတခုဖြစ်ဖို့
မလိုအပ်သည်များကို
ရဲဝံ့ပြတ်သားစွာ ဖယ်ထုတ်ရဲရတယ်
မလိုအပ်တာတွေကိုချန်ထားပြီး
လိုအပ်နေတာကိုထုဆစ်မိရင်တော့
ထင်းစလောက်တောင်အသုံးမဝင်ပါ
ပန်းပုရုပ်တခုရဲ့တန်ဖိုးဟာ
ပန်းပုဆရာရဲ့လက်ထဲမှာပါ

သေချာစဉ်းစားရင်
ကျနော်တို့လူသားတိုင်းဟာ
ဘဝကိုထုဆစ်နေတဲ့
ပန်းပုဆရာတွေပါ
ကိုယ့်ဘဝကို ကိုယ်တိုင်ထုဆစ်နေကြ
လိုနေတာတွေကိုထုဆစ်မိရင်
ထင်းလောက်တောင်အသုံးမဝင်
သေချာစဉ်းစားမိရင်
ဒီခန္တာဟာ
ထင်းလောက်တောင်အသုံးမဝင်ပါလားလို့ .....

မြေကြီး
Post By : myaegyi  , 4 Feb 2010






Powered by ScribeFire.

Thursday, January 28, 2010

ရန်သူ

Posted by ခါတော်မီ

ရန်သူ

ရန်သူကကိုယ့်ကို ရန်သူလိုမြင်တာ ဆန်းသလား
ရက်စက်တာ နှိပ်စက်တာ ဖိနှိပ်တာ ဆန်းသလား
ကိုယ်ကရော ရန်သူကို ရန်သူလို မြင်ရဲ့လား ။

ရန်သူကို နေလိုမီးလို ကျင့်ရမယ်တဲ့
ရန်သူက ကိုယ့်ကို ဘယ်တော့မှ ပန်းနဲ့မပေါက်ဖူး
ဘယ်တော့မှ ကိုယ့်ကို ဖက်မနမ်းဘူး ။

ငြိမ်းချမ်းရေး  ငြိမ်းချမ်းရေးနဲ့
ငြိမ်းချမ်းရေးကို ခေါင်းအုံးပြီး အိပ်နေမလား
ငြိမ်းချမ်းရေးကို ထွေးပွေ့မြတ်နိုးယုံနဲ့
ရန်သူ့ဆီက ငြိမ်းချမ်းရေးရမလား ။

အကြမ်းမဖက်ဘူး လက်နက်မကိုင်ဘူးနဲ့
အပြောနဲ့လေပေါနေတာလည်း ထုနဲ့ဒေး
အကြမ်းမဖက်ပဲ အချောဖက်ကြလို့
ရန်သူဆီ လျှောပုံကျနေတာလဲ လက်တွေ့ပဲ
ရန်သူကို မယားငယ်အတွေးနဲ့
ပြေးကပ်ကြတာလဲ မအေပေးတွေပဲ ။

ရန်သူကို ရန်..ငါစည်းမပြတ်လို့ကတော့
ရန်သူက ဆီတောင်မစွတ်ဖူးမှတ် ။။

မြေကြီး
Post By: myaegyi  ,28 jan 2010






Powered by ScribeFire.

Saturday, January 23, 2010

အရင်းအနှီး

Posted by ခါတော်မီ

အရင်းအနှီး

ကိုယ့်အရိပ်ဟာ ကိုယ့်ကိုကိုယ်
အခါခါခြောက်လှန့်နေတယ်
ကိုယ့်စိတ်နဲ့ကိုယ်ဟာ
အခါခါကျဆုံးနေပြီးသား ။။

လဲပြိုနေတဲ့
စိတ်ဓါတ်ပျက်မြို့ကြီးထဲ
အခါခါချော်လဲခဲ့ရ
နေသားမကျဖြစ်နေတဲ့
အမှုအကျင့်တွေကို
ရှောင်တိမ်းလို့မရတဲ့အဆုံး
ကိုယ့်ဒူးကို ကိုယ်ကိုတိုင်
သံပတ်ပေးခဲ့ရတယ် ။။

အမှောင်ဆိုတာ မမြင်ရခြင်း
သန်းခေါင်ယံ ညဥ့်ငှက်နဲ့အတူ
တောတိုးအားပြုထပျံခဲ့ရင်း
ဝိညဉ်တစုံကိုလမ်းပြအဖေါ်ပြု
မြင်ရသူထက် မမြင်ရသူက
စိတ်အချရဆုံးပေမို့
အကေါင်အထည်ရုပ်ဝတ္ထုတွေဟာ
ပိုဒုက္ခဖြစ်စေတယ်ဆိုတာ
နားလည်ခဲ့ရတယ်
အသက်ရှူသူတွေရဲ့ဒုက္ခ
ပိုနက်ရှိုင်းစေတယ် ။။

ရှိနေတာကိုမလိုချင်ကြ
မရှိတာကိုမှတပ်မက်ဝါးမြိုချင်
ဘယ်လိုပဲအမြင့်ကိုတက်သွားပါစေ
အချိန်တန် အောက်ကိုရောက်စမြဲပါ
ဖြစ်တည်ခြင်းဟာ ပျက်သုန်းမှူ့အတွက်
ရင်းနှီးမြှုပ်နှံမှူ့ဆိုရင်
ငါတို့အားလုံးဟာပုံသဏ္လန်မတူတဲ့
ရင်းနှီးမြှုပ်နှံမှူ့ကို
ကိုယ်စီလုပ်နေကြတာပါ ။။

ဖြစ်တည်ခြင်းသည် ပျက်သုန်းမှူ့
ပျက်သုန်းမှူ့သည် အရင်းအနှီးတခု
အရင်းအနှီးတခုသည်ပေးဆပ်မှူ့
ပေးဆပ်မှူ့သည် ဖြစ်တည်မှူ့တခုအတွက် ။။

ဘယ်လောက်အထိအရင်းအနှီးပြုမလဲ
ဘယ်လောက်အထိပေးဆပ်နိုင်မလဲ
များများရင်းရင် များများပေးဆပ်ဖို့သာပြင်
များများဆုံရှူံးဖို့သာပြင်
တိုးရင်းပွါးဖို့တော့ မစဉ်းစားလိုက်လေနဲ့ ။။

မြေကြီး
Post By:myaegyi ,,24 jan 2010







Powered by ScribeFire.

Wednesday, January 13, 2010

ပုံရိပ်တချပ်

Posted by ခါတော်မီ

ပုံရိပ်တချပ်

မေ့နိုင်ပါစေ
ရိုးရှင်းတဲ့အသိတခု
တည်ဆောက်ရလွယ်မယ်ထင်
တိမ်မယောင်နဲ့ နက်ဒုက္ခ
ကိုယ်တိုင်လွယ်မိမှ လေးမှန်းသိ

အရွယ်လွန်စေ
နူတ်ရန်ခက် နောင်တနဲ့
မဖြေသာတဲ့အတွေးအိမ်တည်ဆောက်ကါ
ဖျောက်ဖျက် ရုန်းထွက်ခက်
အမှိုက်စ တခုဟာ
တဘဝလုံး စုတ်ပြတ်သွားပြီဗျာ

အရောင်မထင်တဲ့
ပန်းချီကါးတချပ်ပုံဖေါ်
ရေးဆွဲခဲ့တဲ့ ငါ့လက်တွေ
တန်ဖိုး အနဂ္ဂ ဘယ်သူတွေ
သတ်မှတ်ပေးကြမလဲ
အဖြူရောင်အရင်းအနှီးတွေနဲ့
အရာမထင်တဲ့
စိတ္တဇပန်းချီမဟုတ်တဲ့
ဒါဟာ
ငါ့ရဲ့  ဘဝပုံရိပ်တချပ်

မြေကြီး
Postby: myaegyi , 14 jan 2010




Powered by ScribeFire.

နိုင်ငံရေး အာဘတ်မသင့် စေချင်

ယ္ခု ကျနော့် စာကိုဖတ်နေတဲ့သူတိုင်း အတန်းပညာ ကျောင်းပညာသင်ခဲ့ကြရမှာပါ။စာသင်ခန်းကို မဝင်ခဲ့ဘူးတဲ့သူ ရှိမယ်မထင်ပါ ။ အကြောင်းရှိလို့ပါ ။ အတန်းထဲမှာ ဆရာမကအရှေ့က စာသင်ကြားပို့ချမယ် ။ ရှင်းပြမယ် ။ ပြီးရင်နားလည်ပြီလားလို့ မေးမယ် ။ မရှင်းတာ နားမလည်တာရှိရင် ဆရာမကို မေးနိုင်တယ် ။ ဒါပေမဲ့ ကျောင်းသား ကျောင်းသူတွေကတော့ ရောယောင်ပြီး နားလည်ပါတယ် ဆရာမလို့ သံပြိုင်ပြန် ဖြေပြီးသားပါ ။ နားလည်တဲ့သူ ရှိသလို နားမလည်တဲ့သူလည်း ရှိပါတယ် ။ နားမလည်တဲ့သူကလည်း ကျနော်ကဖြင့် ကျမကဖြင့် နားမလည်လို့ နောက်တခေါက်လောက် ထပ်ရှင်းပြ ပေးပါဦးလို့ ထပြောတဲ့လူက ခပ်ရှားရှားပါ ။ မတတ်သေးလို့ထပ်မေးခဲ့ရင် ဒီကေါင် ဒီလောက်တောင် တုံးရသလား ထုံရသလားလို့အားပေးခံရမှာကို ကြောက် တာလဲ ပါပါတယ်။ နားမလည်ဘဲနဲ့ နားလည်ချင်ဟန်ဆောင်လိုက်တာတွေဟာ အကျင့်ပါမှန်းမသိ ပါလာကြတယ် ။ သိယောင်ကါး တတ်ယောင်ကါး အကျင့်တွေဟာ ဟိုးမှုလတန်းလောက် ကတည်း က လေ့လာခဲ့သလိုဖြစ်နေပါတယ် ။ ကျနော်တို့ ဗမာလူမျိုးတွေဟာ မသိတာကိုမသိဘူး မတတ်တာကိုမတတ်ဘူး လို့ ပြောရမှာကို အင်မတန်ဝန်လေးတဲ့ လူမျိုးပါ။ ကိုယ့်အချင်းဆိုရင် ပိုတောင် ဆိုးသေးတယ် ။ ဆရာမမွေးချင်ကြဘူး ။ တပည့်ပဲမွေးချင်ကြတာ။ တပည့်မွေးမှတော့ ကိုယ့်ထက်တော်တဲ့သူ ဘယ်ရပါ့မလဲ ကိုယ့်ထက်ညံ့တဲ့သူ ပဲရမှာပေါ့။

အဓိက ပြောချင်တာကတော့ ဗမာလူမျိုးတွေဟာ ခေါင်းဆောင်ကေါင်းကို မလိုချင်ကြဘူး။ ကိုယ်ပဲခေါင်းဆောင် လုပ်ချင်နေကြတာ ။ ဒီတော့ ကျနော်တို့ လူမျိုးမှာခေါင်းဆောင်လုပ်ချင်တဲ့ သူကများနေတော့ အာဏါလုပွဲတွေ ပြည်တွင်းစစ်တွေ ဖြစ်နေတာ ဆန်းများ ဆန်းနေသလား ။ မဆန်းပါဘူး ။ ကျနော်တို့နိုင်ငံ အာဏါရှင်နိုင်ငံဖြစ်တာ အဆန်းမဟုတ်ပါဘူး ။ ကိုယ်လုပ်တာပဲ အကေါင်းထင်ပြီး သူများလုပ်တာကို အဆိုးမြင်နေသရွေ့ ဘယ်တော့မှ ကျနော်တို့ နိုင်ငံ ကေါင်းလာမှာ မဟုတ်ဘူး ။ ပြဿနာကို ဖြေရှင်းလို့ရမှာ မဟုတ်ဘူး ။ အမှန်တရားကို မြင်တတ် အောင်ကြည့်ပြီး လိုက်လုပ်နိုင်မှ ကျနော်တို့ နိုင်ငံ ငြိမ်းချမ်းမှာ ။ အသိဥာဏ်မရှိတဲ့ ခေါင်းဆောင် တက်လုပ်ချင်တဲ့သူတွေကြောင့် ပြည်သူခမျှာ ကြားထဲကနွား ခါးနာတာပဲ အဖတ်တင်တယ် ။ အဓိက က ကျနော်တို့နားလည်တာက ဘယ်ခေါင်းဆောင် ဘယ်အစိုးရပဲ တက်တက် တိုင်းပြည်ကို ကေါင်းအောင်လုပ်ပေး နိုင်မယ့်သူပဲ လိုချင်တယ် ။ ကျနော်တို့ ပြည်သူနားလည်တာ ဒါပဲသိတယ်။ ကွန်မြူနစ်တွေ ဆိုရှယ်လစ်တွေ နားမလည်ဘူး ။ လူသားတယောက်အနေနဲ့ လူတဦးချင်းစီရပိုင်ခွင့် အခွင့်အရေးတန်းတူရှိရမယ် ။ ဥပဒေရဲ့ မျှတတဲ့ အခွင့်အရေးတန်းတူဖြစ်ရမယ် ။ပညာသင်ချင် တဲ့သူ လူတန်းစားမရွေးပညာသင်ခွင့်ရှိရမယ် ။ စီးပွါးကုန်ကူးသန်းချင်တဲ့သူလွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ရှိ ရမယ် ။ စသည်ဖြင့် လူတဦးချင်းစီရဲ့ အခွင့်အရေး တန်းတူလုပ်ဆောင် ပေးနိုင်တဲ့ အစိုးရကိုပဲ ပြည်သူကလိုချင်တောင့်တနေကြတာပါ၊ လက်ရှိ စစ်အစိုးရ ကေါင်းသည်ဆိုးသည်ကို ကျနော်တို့ ပြည်သူတွေသာမက ကမ္ဘာက ပါ သိနေကြတာပဲ ။ စစ်အစိုးရ အာဏါရှင်အုပ်စု ပြောင်းအောင်လုပ်ကြဖို့ လိုပါတယ် ။ တိုင်းပြည်အစိုးရပြောင်းအောင် လုပ်ဖို့ က ပြည်တွင်း မှာပဲ လုပ်လို့ ရပါတယ် ။ ပြည်ပကနေ အော်နေလို့နဲ့ မပီးပါဘူး ။ ပြည်တွင်းကလူတွေကသာ
လုပ်နိုင်တာပါ၊ ကျနော် ကို ပြည်တွင်း ဗကသ ကျောင်းသားခေါင်းဆောင် တယောက်က ပြောဖူးပါတယ် ။ ဗကသ အလံကို ပြည်ပမှာ လွှင့်တင်တာ ဗကသ အလံကို ပြည်ပမှာ စိုက်တာဟာနိုင်ငံရေး အာဘတ်သင့်ပါတယ်တဲ့ ။ သူပြောတဲ့စကါး သိပ် မှန်ပါတယ် ။ သတ္တိရှိရင် ပြည်တွင်းမှာလာစိုက်ပါ ။ လာလုပ်ပါတဲ့ ။

ခွပ်ဒေါင်းအလံကို ပြည်ပမှာစိုက်ထားနိုင်လို့ မပီးပါဘူး ။ စဉ်ပြိုင်အစိုးရကို ပြည်ပမှာ လုပ်နိုင်ယုံနဲ့မပီးပါဘူး ။ ပြည်တွင်းမှာ စဉ်ပြိုင်အစိုးရ လုပ်နိုင်မှ ပြည်သူက ကျေနပ်နိုင်မှာပါ၊ ပြည်တွင်းမှာ ခွပ်ဒေါင်းအလံ စိုက်နိုင်ဖို့က အဓိကပါ ၊ အနှစ် နှစ်ဆယ်ကျော်နေပါပြီ ။ အာဘတ်သင့်ယုံတင် မကဘူး ။ အာဘတ်ဖြေ လို့တောင်ရတော့မယ် မထင်ပါ ။ ပြည်က ကနေ ကိုယ်တိုင် မလုပ်နိုင်ရင်လည်း အော် မနေကြပါနဲ့ ။ အော်နေယုံနဲ့ ဘာမျှ ဖြစ်မလာပါဘူး ။ လုပ်နိုင်တဲ့ ပြည်တွင်းက အင်အားစုတွေကို စစ်စစ်မှန်မှန် ထောက်ပံ့ပေးဖို့ အချိန်ရောက်နေပါပြီ ။ ပြည်တွင်းမှာ လှုပ်ရှားရတာ အရမ်းကိုကြပ်ပါတယ် ၊ စွမ်းအားရှင် ကြံ့ဖွတ် ရဲ ထောက်လှမ်းရေးတွေ ချေချင်းလိမ်နေပါတယ်။ သူတို့နဲ့  ပြည်သူ့ဘက်တော်သား နိုင်ငံရေးလှုပ်ရှားသူတွေ ဟာ စိမ်ပြေးတမ်း တူတူပုန်းတမ်း ကစားနေရသလိုပါပဲ ။ ဘဝကို လောင်းကြေးထပ်ပြီး ကစားနေကြရတာပါ ။ သူတို့မှာ စားဝတ်နေရေးကို လုံးပမ်းချိန်မရှိပါဘူး ။ပြေးလိုက် ပုန်းလိုက် လှုပ်ရှားလိုက်နဲ့ မရှိတာလေးကို ချစ်ချုပ်ပြီး ရအောင်လုပ်နေကြရတာပါ ၊။ တချို့တွေဆိုရင် လာဖမ်းမယ်မှန်း သိရဲ့သားနဲ့ ပြေးစရာ ရှောင်စရာ လမ်းစရိတ် ငွေမရှိလို့ အဖမ်းခံလိုက်ရ အသက်ဆုံးရှုံးရတဲ့သူတွေမနည်းပါဘူး။ ကျနော်ရဲ့ကေါင်လေး ကျောင်းသားခေါင်းဆောင်လေးဆိုရင် ထောက်လှမ်းရေးတွေ လိုက်ဆွဲလို့ ပြေးခဲ့ရတယ် ။ ပြေးတဲ့အချိန်မှာ လက်ထဲမှာငွေမရှိ ကျနော်တို့နဲ့ အဆက်အသွယ်ပြတ် သွားလို့ လမ်းဘေးမှာ လယ်ကွင်းထဲမှာ သုံးညအိပ်ခဲ့ရတယ် ။ ကိုယ်ကိုတိုင် မလုပ်နိုင်ရင်တောင်မှ လုပ်နေတဲ့သူ လုပ်ချင်တဲ့သူကို တတ်နိုင်သလောက် ပြည်ပကနေ ထောက်ပံ့ပေးကြပါ ။ တိုင်းပြည်ကို ပြောင်းအောင်လုပ်ပေးနိုင်တဲ့သူတွေ သည် ပြည်တွင်းမှာပဲရှိပါတယ် ။ အင်အားသည်ပြည်တွင်းမှာပါ ၊ကျနော် တို့ ၁၉၉၀ ရလဒ်ကိုလည်း အော်တောင်းခဲ့ပြီးပြီ ။ ညောင်နှစ်ပင်ညီလာခံကိုလည်း ကန့် ကွက်ခဲ့ပြီး ပြီ ။ လမ်းပြမြေပုံ (၇)ဆင့် ကိုလည်း ငြင်းခဲ့ပြီးပါပြီ ။ အခြေခံဥပဒေ ကိုလည်း ကန့်ကွက်ဆဲ ပြင်ဆင်ရေးဆွဲဖို့တောင်းဆိုဆဲပါ ။ လူထုဆန္ဒခံယူပွဲကိုလည်း VOTE NO လို့ အော်ခဲ့ပြီးပါပြီ ။ဘာများထူးခြားမှု့ရှိသလဲ ။ သုံးသပ်ကြပါ၊ စစ်အုပ်စုက သူတို့လုပ်ချင်တာကို အကုန်လုပ်ခဲ့တာ အရှင်းကြီးပါ ။ ထပ်ပြီး ရွေးကေါက်ပွဲလုပ်ဦးမယ်။ စစ်အုပ်စုက စစ်အာဏါတည်မြဲရေးကို အခိုင်အမာ တည်ဆောက်နေပြီ ။ ကျနော်တို့အတိုက်အခံဘက်က အုပ်မြစ်တောင် မချနေသေးပါ ။ ဆုတောင်းပွဲတွေ အထိမ်းအမှတ်ပွဲ မွေးနေ့ဆုတောင်ပွဲတွေလုပ်နေတာနဲ့ ကို အတိုက်ခံဘက်က အချိန်မ လောက်ဘူး ဖြစ်နေတယ် ။ အတိုက်အခံ ခေါင်းဆောင်ကြီးများ အာရှ ဥရောပ တိုင်းခန်းလှည့်လည်ပြီး ၃လ စီမံကိန်း ၄လစီမံကိန်း စစ်အုပ်စုကိုအပြုတ်တိုက်မယ် ကြွေးကြော်ပြီး ရန်ပုံငွေတောင်း တရားဟောသွားတယ် ။ တကယ့်တကယ် ဘာများထူးလို့လဲ ။ ပြည်ပမှာ ခိုလှုံခွင့်ဒုက္ခသည်တွေသာ ပိုများလာပါတယ်။ အထူးသဖြင့် အာရှဘက်က ထိုင်း မလေးရှား ကိုရီးယား ဂျပန် တို့မှာသာ ဒုက္ခသည်ခိုလှုံခွင့်ပိုများသွားတယ် ။ ဗမာပြည်က ခုထိ ပြောင်းလဲမှု့ မရှိသေးပါဘူး ။ ဂျပန်မှာဆိုရင် ဒုက္ခသည် အဖြစ်နေထိုင်ခွင့်ပေးပေမယ့် ရတဲ့အခွင့်အရေးကနည်းနေသေးလို့ အမေရိကကို ထပ်ပြောင်းသွားကြတယ်လို့သိရတယ်။ဗမာပြည်နိုင်ရေးကို တကယ်ပဲပြောင်းစေချင်ရဲ့လားလို့တောင်မေးချင်ပါတယ် ။မမေးကေါင်းပါဘူး ။နိုင်ငံရေး အရိပ်အာဝါသအောက်ဝင်မိလို့ မကေါင်းတပ်လို့ သံရုံးရှေ့လေး ထွက်အော်ပြလိုက် ဆွေးနွေးပွဲလေးလုပ်ပြလိုက် သဘောထားထုတ်ပြန်ချက်လေးထုတ်လိုက် အင်တာနက်ပေါ်တက်အော်လိုက် အင်တာဗျုး လေးထွက်လုပ်လိုက်နဲ့ မြင်ကေါင်း ရှု့ ကေါင်းအောင် လုပ်နေတာလားလို့ တောင် သံသယဝင်မိတယ် ။ တွေးမိတာလေးတခု ရှိပါတယ်။ စစ်အုပ်စုက တိုင်းပြည်ကိုတရားဝင်ရောင်းစားတယ် ။ တရားဝင်တိုင်းပြည်ကို ပျက်အောင်ဖျက် တယ် ။ ပြည်ပရောက် ဗမာတွေကလည်း စစ်အုပ်စုမကေါင်းပါဘူး တိုင်းပြည်အခြေအနေ မငြိမ်မသက်နဲ့ ဥပဒေစိုးမိုးမှု့ မရှိလို့ပါဆိုပြီး တိုင်းပြည်ကို လက်ညှိုးထိုးပြီး ခိုလှုံခွင့်ယူ လုပ်စားနေကြတယ် ။ သံရုံးရှေ့ အရောင်ပြအော် လုပ်စားနေကြတာတွေ ရပ်တန်းက ရပ်သင့်ပါပြီ။ စစ်အုပ်က သူတို့ထာဝရအုပ်ချုပ်လို့ရမယ့် အခြေခံဥပဒေနဲ့ အခြေခိုင်အောင်လုပ်နေပြီ ။ ဒီအတိုင်းလက်ပိုက် ကြည့် နေတော့မှာလား ။

မီဒီယာသတင်း အနေနဲ့လည်း နဲနဲပြောချင်တယ် ။ ပြည်တွင်းမှာ စစ်အုပ်စုရဲ့ စီစစ်ရေး ကြောင့် သတင်းလွတ်လပ်ခွင့်မရှိဘူး ။ ပြည်တွင်းမှာ သတင်းအမှောင် ချခံထားရတယ် ။ ဒါကို မကျေနပ်ဘူး ။ သတင်းလွတ်လပ်ခွင့်ရှိရမယ် လို့ ပြောကြတယ် ။ ပြည်ပအတိုက်အခံမီဒီယာတွေက လွတ်လပ်စွာရေးသားပြောဆိုကြတယ် ။ ဒါဟာကေါင်းပါတယ်။ ဒါပေမဲ့ တချို့ သတင်းတွေက ရေးသင့်တယ် မရေးသင့်ဘူးဆိုတာကို စဉ်းစားချင့်ချိန်သင့်တယ်လို့ ထင်တယ် ။ ဥပမာအနေနဲ့ ပြည်တွင်းမှာ မျိုးဆက်သစ်လူငယ်လေးတွေအဖမ်းခံလိုက် ရတယ် ။ အဖမ်းခံ လိုက်ရတဲ့ သူတွေကို ထောက်လှမ်းရေးကတောင် မစစ်ရသေးဘူး ပြည်ပမီဒီယာတွေ က ဘယ်အဖွဲ့အစည်းက ပါ ဆိုတဲ့ တိကျတဲ့ သတင်းအချက်အလက်တွေတင်ပြီးသွားပြီ ။ အဖမ်းခံရတဲ့သူတွေမှာ ငြင်းမယ်ဆိုရင်တောင် ငြင်းပိုင်ခွင့်မရှိတော့ဘူး ။ ဖေါ်ထုတ်ပြီးသား ဖြစ်မနေဘူးလား ။ သတင်းဦး သတင်းထူးဖြစ်ရင် ပြီးရောဆိုတဲ့ အတွေးတခုတည်းနဲ့ လုပ်နေကြတာလား ။ နောက်တခုက သံဃာ တော်တွေ ကံဆောင် တဲ့ကိစ္စပါ ။ ဘယ်ကျောင်းကသံဃာတော်တွေ ကံဆောင်မယ်ဆိုတာတွေ ဘယ်နေ့ဘယ်အချိန်မှာ လမ်းပေါ်ထွက် ဆန္ဒပြကြမယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို ထုတ်ဖေါ်ပြတာတွေဟာ မလုပ်သင့်တဲ့ကိစ္စတွေပါ ။ မလုပ်ရသေးတဲ့ အကြောင်းအရာအချက်အလက်တွေကို ကြိုတင်ထုတ်ဖေါ်တာတွေဟာ အနှောက်အယှက်အဟန့်အတား ဖြစ်စေပါတယ် ။ သတင်းမီဒီယာတွေကြောင့် ပြည်တွင်းလှုပ်ရှားမှု့တွေမှာ အများကြီးအဟန့်အတား ဖြစ်စေတာတွေကို စဉ်းစားချင့်ချိန်ဖို့ လိုပါတယ်။ မီဒီယာသမားတွေနဲ့ အင်တာဗျုးလုပ်ကြတဲ့နေရာမှာ အထူး သတိပြုမိတာကတော့ ရှေ့လုပ်ငန်းစဉ်တွေမှာ ဘာတွေလုပ်ဖို့ ပြင်ဆင်ထားသလဲ လုပ်ဖို့ရှိကြသလဲဆိုတဲ့ မေးခွန်းပါ ။ ဒီမေးခွန်းဟာ အမေးခံရတဲ့သူတွေ အကျဉ်းအကြပ်နဲ့ အန္တရယ်ဖြစ်စေတဲ့ စကါးပါ ။ မဖြေပြန်ရင်လည်း ရှေ့လုပ်ငန်းစဉ်တွေ လုပ်စရာမရှိဘူးလို့သက်ရောက်စေသလို ဖြေလိုက် ပြန်ရင်လည်း အန္တရယ် ဖြစ်မယ် သတင်းပေါက်ကြားမှု့ကြောင့် ရှေ့လုပ်ငန်းစဉ်အတွက် ပျက်ဆီးနိုင်တယ် ။ ဒါကြောင့် မီဒီယာသမားများအနေဖြင့် အလုပ်ပျက်စေလောက်တဲ့ သတင်းအချက်အလက်တွေကို မီဒီယာပေါ်တင်နေခြင်းဟာ ကေါင်းစေချင်တဲ့စိတ်ဖြင့်  ဖေါ်ပြသော်လည်း အနှောက်အယှက်ဖြစ်စေနိုင်သလား ဆိုတဲ့ အတွေးကိုတော့ သတိလက် မလွတ်ဖို့တော့ လိုပါတယ် ။

လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေဟာ အချိုးအကွေ့ အလှည့်အပြောင်း ကိုရောက်နေပါပြီ ။ ချောက်ထဲရောက်တော့မဲ့ ဆဲဆဲပါ ။ မှန်မှန်ကန်ကန်နဲ့ တိုင်းပြည်ကို စစ်အုပ်စုလက်ထဲကနေ လုယူရမဲ့အခြေအနေပါ ။ ဆွေးနွေးတောင်းယူရမည့် အချိန် မဟုတ်တော့ပါ ။ နည်းပေါင်းစုံ တိုက်ပွဲပေါင်းစုံနဲ့ တိုက်ယူရမည့် အခြေအနေပါ ။ စိတ်ကူးယဉ်နေရမည့် အခြေအနေ အတိုက်အခံဘက်မှာရော ပြည်သူဘက်မှာရော လုံးဝအခြေအနေမပေးတော့ပါ ။ စစ်အုပ်စုကို တရား ဒေသနာ နဲ့ မေတ္တာပို့ မျက်နှာချိုသွေးနေရမည့် အနေအထားမဟုတ်တော့ပါ ။ ဘီလူးဆိုင်းတီးနေတာကို နှစ်ပါးသွားအကလေးနဲ့ကနေမယ်ဆိုရင် ဘယ်လိုမှကြည့်မ ကေါင်းပါ ။ ဘီးလူးဆိုင်းတီးရင် ဘီးလူးအကပဲ ကရမှာပါ ။ စစ်အုပ်စုဟာ အစစအရာရာ အသာစီးမှာရထားတယ် ။ စစ်ကျွန်ပြုဖွဲ့စည်းပုံမှူကြမ်းနဲ့ ပြည်သူကိုဒုက္ခမျိုးစုံ ဆက်ပေးတော့မှာကို လက်ပိုက်ကြည့်မနေသင့်တော့ပါ ။ တတိယနိုင်ငံတွေမှာ မြန်မာနိုင်ငံသား စွန့်လွတ်ပြီး ဘဝမေ့ ကိုယ်ကျိုးရှာနေသူများ နိုင်ငံရေး အာဘတ်သင့်နေ သူများ အာဘတ်မသင့်စေချင်ပါ ။ အာဘတ်ဖြေဖို့ အချိန်ရှိပါသေးတယ် ။ ပြည်တွင်းမှာ တိုင်းပြည်အတွက် ပြည်သူအတွက် အသက်စွန့်မည့်သူများ အသင့်ရှိနေပါတယ်။ တိုင်းပြည်အပြောင်းအလဲ ဖြစ်ဖို့ စစ်အုပ်စုပြုတ်ကျစေဖို့ ပြည်တွင်းဝင်ပြီး ကိုယ်တိုင်မပါဝင်နိုင်ရင်တောင်မှ ပြည်တွင်းရှိတိုက်ပွဲဝင်မည့် အင်အားစုများကို ထောက်ပံ့ ကူညီမှု့များကို လုပ်ပေးနိုင်ပါတယ် ။ အထူးသဖြင့် နိုင်ငံရေးဆိုင်းဘုတ်ချိတ်ပြီး ပြည်ပရောက် ပရိုပိုဆယ်နိုင်ငံရေးသမားများ လခစားနိုင်ငံရေးသမားများ နိုင်ငံရေး အရေခြုံပြီး ဒုက္ခသည်အယောင်ဆောင်များ ခိုလှူံခွင့်ယူပြီးစစ်အုပ်စုနှင့်လက်ဝါးရိုက်၍ ကိုယ်ကျိုးရှာစီးပွါးရှာနေသူများ နိုင်ငံရေးအာဘတ်မသင့်စေချင်ပါဘူး ။ အချိန်မှီ ပါသေးတယ် ။ နိုင်ငံရေးအာဘတ်ဖြေလိုရပါသေးတယ် ။ အာဘတ်သင့်သူများ အာဘတ်မဖြေသူများဟာဖြင့် ..........ဘာဖြစ်နိုင်သလဲဆိုတာကတော့ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


မြေကြီး

Post By : Myaegyi .14 Jan 2010





Monday, January 11, 2010

ခေါင်းစဉ်တပ်မှားနေလို့

Posted by ခါတော်မီ

ခေါင်းစဉ်တပ်မှားနေလို့

ဒုက္ခတွေကိုကျနော်လည်းကြောက်ပါတယ်
သောကတွေကိုကျနော်လည်းမနှစ်သက်ပါ
အမုန်းတွေကိုလည်းကျောခိုင်းချင်ပါတယ် ။

ဒုက္ခတွေကိုရွရွလေးတွေပြီး
မွမွလေးခံစားချင်ပါတယ်
ခပ်စိပ်စိပ်ဒုက္ခတွေက
ဂဒီးဂဒီဒုက္ခပေးနေတော့
နုနုလှလှလေးတွေက
အပါးကထွက်ပြေးကုန်ကြပြီ ။

ဖြစ်တတ်ကြပါတယ်
မဆန်းသလို ဆန်းသလိုမျိုး
ဒါပေမဲ့ ..ဒါတွေဟာသဘာဝပါ
သူတို့ထင်ကြလို့ပါ
ရိုးရိုးလေးပါ ။

နှလုံးသားတွေကအဖြူထည်တွေချည်းပါ
အမြင်တွေကြည်မယ်ဆိုရင်
အားလုံးကအတူတူပါ
ဒါတွေကိုသူတို့တွေက
အမျိုးအမည်မခွဲတတ်လို့
ခေါင်းစဉ်တပ်လွဲနေတာပါ ။

မတူညီတာတွေက
တူညီနေတာတွေကို
သိတတ်နားလည်ကြမယ်ဆိုရင်
အားလုံးကေါင်းချီးပေးမှာပါ
အဲ့ဒီလိုဆိုရင်
လာထားပေါ့ ။။

မြေကြီး
PostBy: myaegyi , 12 jan 2010




Powered by ScribeFire.

Saturday, January 9, 2010

သေပြီဆရာရေ ...( ၂ )

Posted by ခါတော်မီ

သေပြီဆရာရေ ..( ၂ )

အတိတ်ကိုလူသားတိုင်း
ဖြတ်ကျော်ခဲ့ရတာချည်းပဲ
အတိတ်ဆိုတာ
မေ့ပစ်လိုက်လို့လည်းမရ
သယ်သွားလို့မဖြစ်နိုင်
ချန်ထားခဲ့လို့လည်းမရ
လိုအပ်လို့အသုံးတည့်ရင်
အသုံးချနိုင်ရမယ် ။။
ပစ္စုပ္ပန်မှာ လူသားတိုင်း
ရှင်သန်ရုန်းကန်ကြရတယ်
တရားသောနည်းလမ်းနဲ့
ရှင်သန်ကြတာလည်းရှိမယ်
မတရားသောနည်းလမ်းနဲ့
ရှင်သန်ကြတာလည်းရှိမယ် ။။
အနာဂတ်ကိုတော့
လူသားတိုင်း သက်ရှိတိုင်း
ဖြတ်သန်းမယ့် သူရှိသလို
မဖြတ်သန်းနိုင်မယ့် သူလည်းရှိမယ်
လူသားတိုင်း အနာဂတ်ကို
အတွေးနဲ့ပုံဖေါ်ဆေးခြယ်
ရောက်နင့်နေပြီးသားပါ ။။
ကိုယ့်ရဲ့အတိတ်သမိုင်းကို
ကေါင်းအောင်လျှောက်ခဲ့ရဲ့လား
ပစ္စုပ္ပန်မှာရော
တည့်တည့်ရပ်နိုင်ရဲ့လား
အနာဂတ်ဆိုတာရော ရှိသေးရဲ့လား
အနာဂတ်မရှိတဲ့သူဟာ
ဘယ်သူဖြစ်မလဲ
ဖြေကြည့်လိုက်ပါ
------
သေပြီ..ဆရာရေ
မြေကြီး
PostBy :myaegyi: 10 Jan 2010




Powered by ScribeFire.

ဗကသများ (အဖွဲ့ချုပ်) ဗဟိုစည်းရုံးရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူမှ တပြည်လုံးရှိ သမဂ္ဂ၀င်များသို့ ပေးပို့သည့် သဘောထား

နေ့စွဲ။ ။ ဇန်န၀ါရီလ၊ ၄ ရက်၊ ၂၀၁၀

ဒီကနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဆောင်ရွက်ချက် အားလုံးကို စုပေါင်း ခေါ်မယ်ဆိုရင် “၂၀၁၀ လွန် နိုင်ငံရေးကာလအတွက် အကြိုပြင်ဆင်ချက်” လို့ ပြောရမှာဖြစ်ပါတယ်။

ဦးစွာ အပေါ်ပိုဒ်ကိုဖတ်ပြီး ရဲဘော်တို့အနေနဲ့ မေးခွန်းမေးချင်စရာ ရှိလိမ့်မယ်ထင်ပါတယ်။ ၂၀၁၀ နိုင်ငံရေးကာလအတွက် ပြင်ဆင်ချက်လို့ မပြောပဲ ဘာလို့ ၂၀၁၀ လွန် နိုင်ငံရေးကာလအတွက် အကြိုပြင်ဆင်ချက်လို့ ပြောရတာလဲ ဆိုတဲ့ မေးခွန်းပါ။

ဒီနေရာမှာ ရဲဘော်တို့ ကျနော်တို့ အနေနဲ့ ရှင်းရှင်းလင်းလင်း သိထားရမယ့် ၂၀၁၀ နိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သတ်တဲ့ သဘောထားတွေရှိပါတယ်။ ၂၀၁၀ ဟာ ရန်သူပေးတဲ့ နှပ်ကြောင်းပါ။ နိုင်ငံရေးထောင်ချောက်ပါ။ နိုင်ငံရေး လမ်းခွဲလည်း ဖြစ်ပါတယ်။ သမိုင်းအတွေ့အကြုံအရပြောရရင် အင်္ဂလိပ်နယ်ချဲ့ လက်ထက်ကပေးတဲ့ ၉၁ ဌာန အုပ်ချုပ်ရေးနဲ့ အလားတူဖြစ်ပါတယ်။

၂၀၁၀ နဲ့ပတ်သက်လို့ လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တချို့ကို မိတ်ဆက်ချင်ပါတယ်။ အခုက ရန်သူစစ်အုပ်စုနဲ့ ပတ်သက်ပြီး “ထိတွေဆက်ဆံရေးနည်းနာ” ကို အင်အားစု အတော်များများက ကျင့်သုံးလာကြတာကို ရဲဘော်တို့လည်း သတိထားမိမှာပါ။ ဒီနည်းနာကို အမြင့်မားဆုံး အဆင့်ကနေ ဖေါ်ပြမှုကတော့ အမေရိကန်အစိုးရက ရန်သူစစ်အုပ်စုကို ထိတွေ့ဆက်ဆံမှုလုပ်မယ်လို့ လူသိရှင်ကြား ပြောလိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ ရန်သူ စစ်အုပ်စု အတွက် သံခင်းတမာန်ခင်း အောင်ပွဲဖြစ်ခဲ့ရပါတယ်။ ဒါတင်ပြချက်ရဲ့ လက်တွေ့နိုင်ငံရေး ရရှိချက်ကတော့ စစ်အုပ်စုရဲ့ ၀န်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး နယူးယောက်ကို သွားခွင့် ရလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အမေရီကန်နိုင်ငံရဲ့ မြေပေါ်မှာလုပ်တဲ့ နိုင်ငံတကာပွဲမှာ စစ်အုပ်စုအနေနဲ့ စကားကြီး စကားကျယ်တွေ ပြောခွင့်ရသွားခဲ့ပါတယ်။ အမေရိကန်တွေရဲ့ ဗမာပြည် ဆိုင်ရာ ပေါ်လစီဟောင်းအရ စစ်အစိုးရရဲ့ အဖွဲ့ဝင်တွေကို အမေရိကန်ထဲ ပြည်ဝင်ခွင့်မပေးရေးဖြစ်ပါတယ်။

ဒါတွေနဲ့ တဆက်တည်း ဗမာပြည်အတိုက်အခံအင်အားစုများကြားမှာလည်း အပြောင်းအလဲတွေ ဖြစ်လာပါတယ်။

  • ဒေါ်အောင်ဆန်းစုကြည် က စီးပွားရေး ပိတ်ဆို့ထားမှုနဲ့ ပတ်သက်ပြီးဆွေးနွေးဖို့ ဗိုလ်သန်းရွှေဆီကို စာပို့ခဲ့ပါတယ်။
  • ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အုပ်စုရဲ့ ကိုယ်စားလှယ် ၀န်ကြီးအောင်ကြည် တွေ့ခွင့်ရခဲ့တယ်။
  • NLD လူကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့် တကြိမ် ရရှိခဲ့ပါတယ်။
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံတင်တာကို ပြန်လည်လက်ခံလိုက်တယ်။
  • “ထိတွေ့ဆက်ဆံရေးနည်းနာ”ကို ကိုယ်ကျိုးစွန့်ပြီး လုပ်ခဲ့တာပါလို့ ဒေါက်တာဇာနည်က မဏ္ဍပ်တိုင် တက်ပြပါတယ်။ သူကိုယ်ကျိုးစွန့်ဖောက်ခဲ့တဲ့လမ်းကို လိုက်လာရချေပြီလို့ လက်ခမောင်းခတ်ပါတယ်။ တချိန်တည်းမှာ စစ်အုပ်စုကိုလည်း နည်းနည်းပါးပါး ပုတ်ခတ်ပြပါတယ်။
  • စစ်အုပ်စုရဲ့ နိုင်ငံရေးရှေ့နေကြီးတွေ အတွက် “မရှိတာထက် ရှိတာကောင်းတယ်” သဘောတရားကို ထောက်ခံချက်ပေးရာ ရောက်တဲ့အတွက် ရွှင်လန်းအားတက်စရာဖြစ်ခဲ့တယ်။
  • စစ်အုပ်စုအတွင်း ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်မှုလုပ်နေသော်လည်း ယခုတိုင် မကြေငြာနိုင်သေး။
  • ရွေးကောက်ပွဲဥပဒေနဲ့ ရွေးကောက်ပွဲကော်မရှင် ယခုတိုင် မရှိသေး။

တဆက်တည်း ရန်သူစစ်အုပ်စုဟာ သူကို အတိုက်အခံလုပ်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်နေကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို အရက်စက်အကြမ်းကြုပ်ဆုံး နည်းတွေနဲ့ ဖိနှိပ်နေတာကို ရဲဘော်တို့လည်း အသိပဲဖြစ်တယ်။

  • ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတယ်။
  • ဦးတင်ဦးကို ဖမ်းထားတယ်
  • ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းထားတယ်
  • ကျနော်တို့ရဲ့ ဥက္ကဌ ကိုကျော်ကိုကို နဲ့ သမဂ္ဂ၀င်တွေကို ဖမ်းထားတယ်

ဒီလို အခင်းအကျင်းအောက်မှာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်လို့ ဒီရွေးကောက်ပွဲကို ကျနော်တို့အနေနဲ့ စိတ်ကူးယဉ်လို့ မသင့်ပါဘူး။

၂၀၁၀ ရွေးကောက်ပွဲကို ပစ်မှတ်ထားပြီး ဆန့်ကျင်နေတဲ့ အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ရှိနေမယ်ဖြစ်ပေမယ့် ယတိပျက်တိုက်ပွဲကို သွားနိုင်မယ့် အခြေအနေလို့ သတ်မှတ်လို့ မရသေးပါဘူး။ ဒီအခြေအနေမှာ ကျနော်တို့ ဗကသများ အဖွဲ့ချုပ်အနေနဲ့ ရေရှည်မျှော်မှန်းချက်ရှိရှိ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။

ဗကသများအဖွဲ့ချုပ်အနေနဲ့ ၉၀ ခုနှစ် ရလာဒ်ကို ဆက်လက်ဆုတ်ကိုင်ထားရပါလိမ့်မယ်။ NLD ရဲ့ ရွှေဂုံတိုင် ကြေငြာချက်နဲ့ထပ်တူ ချီတက်ရပါလိမ့်မယ်။ အနိမ့်ဆုံးအနေနဲ့ စစ်အုပ်စုဟာ နာဂစ်အခြေခံဥပဒေကို ပြင်ဖို့ လိုပါလိမ့်မယ်။ ဓားမိုးခံထားရတဲ့ လွှတ်တော်ရဲ့ အုပ်ချုပ်မှုကို ကျနော်တို့ဗကသများ(အဖွဲ့ချုပ်) အနေနဲ့ လုံးဝ မလိုလားပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် ကျနော်တို့ ဗကသများ (အဖွဲ့ချုပ်) က အစဉ်အဆက်တောင်းဆိုလာတဲ့ “ကြားဖြတ်အစိုးရ” တရပ်ရဲ့ ကြီးကြပ်မှုအောက်မှာ နိုင်ငံရေးအခြေခံ ပြဿနာတွေကို အဖြေရှာဖို့ လိုပါတယ်။

ဗကသများအဖွဲ့ချုပ်ဟာ မြေအောက်သဏ္ဍာန်နဲ့ ဆက်လက်ရပ်တည်ရဦးမှာပါ။ ဗကသများအဖွဲ့ချုပ်ဟာ လူထုနဲ့အတူနေ လူထုနဲ့အတူ စစ်အုပ်စုကို ရင်ဆိုင်တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ ဗကသများအဖွဲချုပ်ဟာ ရှေးအစဉ်အဆက် နောင်တော်ကြီးများရဲ့ သမိုင်းအစဉ်အလာအတိုင်း ဗမာပြည်က ကျောင်းနံရံတွေမှာ ဒေါင်းအလံပြန်စိုက်ဖို့ အားထုတ်ရမှာပါ။ ဗမာပြည် ကျောင်းသားထုနဲ့ အတူ ရှင်သန်ကြီးထွားရမှာပါ။ တိုက်ပွဲစဉ်ဆက် ကျောင်းသားတို့ရဲ့ သမိုင်းအစဉ်အလာအတိုင်း လူထုလှုပ်ရှားမှုပုံသဏ္ဍာန်တွေနဲ့ပဲ ရန်သူစစ်အုပ်စုကို တိုက်ပွဲဝင်သွားရမှာ ဖြစ်ပါတယ်။

ဗကသရဲ့ အစဉ်အလာတိုက်ပွဲသဏ္ဍာန်က လူထု လက္ခဏာဆောင်ပါတယ်။ ကျနော်တို့ရဲ့ ၂၁ ရာစု ဗကသများအဖွဲ့ချုပ် - ဗဟိုစည်းရုံးရေးကော်မတီကလည်း ဒီအစဉ်အလာကို ဆက်ခံရယူရမှာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို ပစ်မှတ်ထားပြီး ဆန့်ကျင်နေတဲ့ အင်အားစုမှန်သမျှနဲ့ လက်တွဲသွားရပါမယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ပစ်မှတ်ထားပြီး ဆန့်ကျင်နေတဲ့ နိုင်ငံရေးလှုပ်ရှားမှု မှန်သမျှရဲ့ တပ်ဦးအခန်းက ပါဝင်သွားဖို့ကိုလည်း ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ စွန့်လွှတ် အနစ်နာခံမှုမရှိပဲ ကျနော်တို့ သမဂ္ဂအနေနဲ့ တပ်ဦးအခန်းကို ရောက်လာမယ်မဟုတ်ပါဘူး။ မီဒီယာပေါ်မှာပဲ တပ်ဦးဖြစ်နေတာမျိုး မဟုတ်ပဲ ဘ၀အရ၊ လက်တွေ့အရ တပ်ဦးအခန်းကို ရောက်ဖို့ ကြိုးပမ်းရမှာက ဗကသများ (အဖွဲ့ချုပ်)နဲ့ သမဂ္ဂ၀င်တိုင်းရဲ့ ကြဲီးလေးတဲ့ နိုင်ငံရေးတာဝန်ဖြစ်ပါတယ်။

အိုးဝေဟိန်း

ဗကသများ (အဖွဲ့ချုပ်) ဗဟိုစည်းရုံးရေးကော်မတီ

Post By:Myaegyi,9 JAN 2010


ကျောင်းသားသံမဏိတပ် ကြေငြာချက် အမှတ် (၂)

လူမိုက်အလိုရှိသည်

နေ့စွဲ။ ။ ဇန်န၀ါရီ၊ ၄ ရက်၊ ၂၀၁၀

စစ်အာဏာရှင် အုပ်စိုးသူအဆက်ဆက် အမြင့်မားဆုံးလိုလားတောင့်တခဲ့သည့် တရားဝင် အုပ်ချုပ်ခွင့်အာဏာကို ထူထောင်ရန် အစီအစဉ်ချမှတ်ထားသည့် ၂၀၁၀ သို့ ချဉ်းနင်းဝင်ရောက်လာခဲ့ပေပြီ။ ၂၀၁၀ တွင် စစ်အာဏာရှင် - စစ်အုပ်စုမှ ကျင်းပသွားမည်ဟု “ဟေး”တိုက် ကြွေးကြော်နေသည့် ရွေးကောက်ပွဲသည် ငါတို့ ကျောင်းသားထု တရပ်လုံးနှင့် ငါတို့ မိဘပြည်သူ လူထုတရပ်လုံးကို စစ်ကျွန်ဇာတ်သွင်းကာ တတိုင်းတပြည်လုံးကို စစ်ဘားတိုက်ထဲ ကျုံးသွင်းရန်စီစဉ်နေသည့် ထောင်ချောက်သာလျင်ဖြစ်သည်။ ငါတို့ ကျောင်းသားထုအနေဖြင့် ရွေးချယ်ရမည်မှာ …

- စစ်ကျွန်အဖြစ် နွံနစ်ခံမလား

- သူပုန်ထကြမလား

ငါတို့ကျောင်းသားထုသည် နယ်ချဲ့အင်္ဂလိပ်၊ ဖက်ဆစ်ဂျပန်နှင့် ဖောက်ပြန်သော မည်သည့်အုပ်စိုးမှုကိုမဆို ခေတ်တိုင်း၊ ခေတ်တိုင်း မဆုတ်မနစ်သော ဇွဲ၊ လုံးလဖြင့် တွန်းလှန် တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်သည်။ မည်သည့်ခေတ်တွငိမဆို ငါတို့ ကျောင်းသားထုသည် ကျွန်ကျောင်းသား၊ ကျွန်ကျောင်းသူများ မဟုတ်ခဲ့။ “သူပုန်ခေတ်” ဟုဆိုရမည်ဖြစ်သော ယခုအချိန်တွင် အခြားတိုင်းပြည်ရှိ လူများနှင့် အဆင့်အတန်းတူအောင် ဗမာပြည်အား ဖန်တီးပေးနိုင်သော သူပုန်ကျောင်းသား၊ ကျောင်းသူများက သင်တို့ ငါတို့တတွေပင် ဖြစ်ပေသည်။ ၁၉၃၈ - တတိယအကြိမ် ကျောင်းသားသပိတ်ကာလ ကြွေးကြော်သံများက ငါတို့ ကျောင်းသားထုတရပ်လုံး၏ ထာဝရ စိတ်ဓာတ်ပင်ဖြစ်သည်။

- လာမယ့်ဘေး ပြေးတွေ့

- လူမိုက်အလိုရှိသည်

လက်ရှိ ဗမာပြည်၏ စစ်အုပ်စုသည် နာဂစ်မုန်တိုင်းကြောင့် တတိုင်းတပြည်လုံး ၀မ်းနည်းကြေမွနေရသည်ကို ဂရုမထား လစ်လျှူရှု့ကာ သူ့အာဏာတည်မြဲရန် ကြံဆထားသည့် အခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြုခဲ့သည်။ နောက်ဆက်တွဲအဖြစ် ယခုနှစ်တွင် ရွေးကောက်ပွဲကျင်းပကာ ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့၏ အလောင်းပုံပေါ်တက်ကာ ခေါင်းပေါင်းစတလူလူဖြင့် တရားဝင်အစိုးရ လုပ်ပေတော့မည်။ ငါတို့ ကျောင်းသားထုအနေဖြင့် ငြိမ်ခံနေကြရမည်လော။ ငါတို့ ငြိမ်ခံနေ၍မဖြစ်။ မိုက်ကြရပေတော့မည်။ တတိုင်းတပြည်လုံးအရေးအတွက် သူပုန်ထကြရပေတော့မည်။ လူသတ်သမားတွေ တရားဝင် အစိုးရမဖြစ်ရေးအတွက် ဆူဆူပူပူ လုပ်ကြရပေတော့မည်။ ၂၀၁၀ ရွေးကောက်ပွဲကို ဖြစ်သည့်နည်းဖြင့် ဖျက်ဆီးရမည့် အဖျက်သမားများ လုပ်ကြရပေတော့မည်။ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်နှင့် စစ်အစိုးရ ဗမာမြေပေါ်မှ ထာဝရပျောက်ကွယ်သွားအောင် ဓါး ဓါး ချင်း၊ လှံ လှံ ချင်း စိတ်ဓာတ်ဖြင့် အကြမ်းဖက်သမားများ လုပ်ကြရပေတော့မည်။

ရဲဘော်ကျောင်းသားတို့

- တိုက်ပွဲဝင်စိတ်ဓာတ်ကို အမြင့်မားဆုံးလွှင့်တင်ကြ

- လူမိုက်တွေ ရှေ့ကို ထွက်လာကြ

- အရေးတော်ပုံ မုချ အောင်ရမည်

ကျောင်းသားသံမဏိတပ်

(Iron student’s Force (ISF))

ဆက်သွယ်ရန်

ironstudentforce2010@gmail.com

Poost By: myaegyi ,5 jan 2010