ကြက်ခြေခတ်လိုက်ပါ
တစ်နေရာတော့ ချန်ထားပေးပါ
ရွေးချယ်စရာ ရွေးချယ်ခွင့် ရှိခဲ့ရင်
အနောက်က နေထွက်လာမဲ့
နေ့ရက်တွေ ရှိနိုင်ဦးမလား
ဆန့်ကျင်ဘက်တွေ လွှမ်းခြုံထားတဲ့
ကါလတွေ ရှည်ကြာ နေဦးမယ်
တံခါးခေါက်သံတွေ ကျယ်လောင်နေပြီ
တခါကဆိုတဲ့ ဉာဉ်လေးကို မေ့ထားပေးပါ
နှလုံးသားက တပ်လှန့်သံတွေ
ပေတစ်ရာပေါ် ပြန့်ကျဲနေပြီ
ဒီ ဝဋ်ကြွေးတွေ
သံသရာ တဆုံး မသယ်ချင်တော့လို့
ကိုယ့်ဘဝကို ခဏလောက်
ကြက်ခြေခတ်လိုက်ပါ
မျက်ရည်တွေ တမံ တုတ်လိုက်စို့
ခဏလောက်ဆိုတဲ့
အငှါးစကါးလေးတခွန်းနဲ့
ပြန်ပေးဖို့ မေ့လျှော့နေတော့
တောင်းသူအပြစ် ဖြစ်စမြဲပါ
ခဏလောက်
နေရာပေးမိပါတယ်
နောင်ဘဝထိ
သယ်သွားမယ့်သူမျိုးကို
ပေးမိမှားလေတော့
ရေစက်ချအမျှဝေရုံပဲ
ဒီတခါဆိုရင်တော့
ကြက်ခြေခတ်လိုက်ပါ ။။။
မြေကြီး
Post By:Myaegyi Aug 26 2010ိ
တစ်နေရာတော့ ချန်ထားပေးပါ
ရွေးချယ်စရာ ရွေးချယ်ခွင့် ရှိခဲ့ရင်
အနောက်က နေထွက်လာမဲ့
နေ့ရက်တွေ ရှိနိုင်ဦးမလား
ဆန့်ကျင်ဘက်တွေ လွှမ်းခြုံထားတဲ့
ကါလတွေ ရှည်ကြာ နေဦးမယ်
တံခါးခေါက်သံတွေ ကျယ်လောင်နေပြီ
တခါကဆိုတဲ့ ဉာဉ်လေးကို မေ့ထားပေးပါ
နှလုံးသားက တပ်လှန့်သံတွေ
ပေတစ်ရာပေါ် ပြန့်ကျဲနေပြီ
ဒီ ဝဋ်ကြွေးတွေ
သံသရာ တဆုံး မသယ်ချင်တော့လို့
ကိုယ့်ဘဝကို ခဏလောက်
ကြက်ခြေခတ်လိုက်ပါ
မျက်ရည်တွေ တမံ တုတ်လိုက်စို့
ခဏလောက်ဆိုတဲ့
အငှါးစကါးလေးတခွန်းနဲ့
ပြန်ပေးဖို့ မေ့လျှော့နေတော့
တောင်းသူအပြစ် ဖြစ်စမြဲပါ
ခဏလောက်
နေရာပေးမိပါတယ်
နောင်ဘဝထိ
သယ်သွားမယ့်သူမျိုးကို
ပေးမိမှားလေတော့
ရေစက်ချအမျှဝေရုံပဲ
ဒီတခါဆိုရင်တော့
ကြက်ခြေခတ်လိုက်ပါ ။။။
မြေကြီး
Post By:Myaegyi Aug 26 2010ိ
Powered by ScribeFire.
0 comments:
Post a Comment