Monday, January 11, 2010

ခေါင်းစဉ်တပ်မှားနေလို့

Posted by ခါတော်မီ

ခေါင်းစဉ်တပ်မှားနေလို့

ဒုက္ခတွေကိုကျနော်လည်းကြောက်ပါတယ်
သောကတွေကိုကျနော်လည်းမနှစ်သက်ပါ
အမုန်းတွေကိုလည်းကျောခိုင်းချင်ပါတယ် ။

ဒုက္ခတွေကိုရွရွလေးတွေပြီး
မွမွလေးခံစားချင်ပါတယ်
ခပ်စိပ်စိပ်ဒုက္ခတွေက
ဂဒီးဂဒီဒုက္ခပေးနေတော့
နုနုလှလှလေးတွေက
အပါးကထွက်ပြေးကုန်ကြပြီ ။

ဖြစ်တတ်ကြပါတယ်
မဆန်းသလို ဆန်းသလိုမျိုး
ဒါပေမဲ့ ..ဒါတွေဟာသဘာဝပါ
သူတို့ထင်ကြလို့ပါ
ရိုးရိုးလေးပါ ။

နှလုံးသားတွေကအဖြူထည်တွေချည်းပါ
အမြင်တွေကြည်မယ်ဆိုရင်
အားလုံးကအတူတူပါ
ဒါတွေကိုသူတို့တွေက
အမျိုးအမည်မခွဲတတ်လို့
ခေါင်းစဉ်တပ်လွဲနေတာပါ ။

မတူညီတာတွေက
တူညီနေတာတွေကို
သိတတ်နားလည်ကြမယ်ဆိုရင်
အားလုံးကေါင်းချီးပေးမှာပါ
အဲ့ဒီလိုဆိုရင်
လာထားပေါ့ ။။

မြေကြီး
PostBy: myaegyi , 12 jan 2010




Powered by ScribeFire.

0 comments:

Post a Comment