အရင်းအနှီး
ကိုယ့်အရိပ်ဟာ ကိုယ့်ကိုကိုယ်
အခါခါခြောက်လှန့်နေတယ်
ကိုယ့်စိတ်နဲ့ကိုယ်ဟာ
အခါခါကျဆုံးနေပြီးသား ။။
လဲပြိုနေတဲ့
စိတ်ဓါတ်ပျက်မြို့ကြီးထဲ
အခါခါချော်လဲခဲ့ရ
နေသားမကျဖြစ်နေတဲ့
အမှုအကျင့်တွေကို
ရှောင်တိမ်းလို့မရတဲ့အဆုံး
ကိုယ့်ဒူးကို ကိုယ်ကိုတိုင်
သံပတ်ပေးခဲ့ရတယ် ။။
အမှောင်ဆိုတာ မမြင်ရခြင်း
သန်းခေါင်ယံ ညဥ့်ငှက်နဲ့အတူ
တောတိုးအားပြုထပျံခဲ့ရင်း
ဝိညဉ်တစုံကိုလမ်းပြအဖေါ်ပြု
မြင်ရသူထက် မမြင်ရသူက
စိတ်အချရဆုံးပေမို့
အကေါင်အထည်ရုပ်ဝတ္ထုတွေဟာ
ပိုဒုက္ခဖြစ်စေတယ်ဆိုတာ
နားလည်ခဲ့ရတယ်
အသက်ရှူသူတွေရဲ့ဒုက္ခ
ပိုနက်ရှိုင်းစေတယ် ။။
ရှိနေတာကိုမလိုချင်ကြ
မရှိတာကိုမှတပ်မက်ဝါးမြိုချင်
ဘယ်လိုပဲအမြင့်ကိုတက်သွားပါစေ
အချိန်တန် အောက်ကိုရောက်စမြဲပါ
ဖြစ်တည်ခြင်းဟာ ပျက်သုန်းမှူ့အတွက်
ရင်းနှီးမြှုပ်နှံမှူ့ဆိုရင်
ငါတို့အားလုံးဟာပုံသဏ္လန်မတူတဲ့
ရင်းနှီးမြှုပ်နှံမှူ့ကို
ကိုယ်စီလုပ်နေကြတာပါ ။။
ဖြစ်တည်ခြင်းသည် ပျက်သုန်းမှူ့
ပျက်သုန်းမှူ့သည် အရင်းအနှီးတခု
အရင်းအနှီးတခုသည်ပေးဆပ်မှူ့
ပေးဆပ်မှူ့သည် ဖြစ်တည်မှူ့တခုအတွက် ။။
ဘယ်လောက်အထိအရင်းအနှီးပြုမလဲ
ဘယ်လောက်အထိပေးဆပ်နိုင်မလဲ
များများရင်းရင် များများပေးဆပ်ဖို့သာပြင်
များများဆုံရှူံးဖို့သာပြင်
တိုးရင်းပွါးဖို့တော့ မစဉ်းစားလိုက်လေနဲ့ ။။
မြေကြီး
Post By:myaegyi ,,24 jan 2010
ကိုယ့်အရိပ်ဟာ ကိုယ့်ကိုကိုယ်
အခါခါခြောက်လှန့်နေတယ်
ကိုယ့်စိတ်နဲ့ကိုယ်ဟာ
အခါခါကျဆုံးနေပြီးသား ။။
လဲပြိုနေတဲ့
စိတ်ဓါတ်ပျက်မြို့ကြီးထဲ
အခါခါချော်လဲခဲ့ရ
နေသားမကျဖြစ်နေတဲ့
အမှုအကျင့်တွေကို
ရှောင်တိမ်းလို့မရတဲ့အဆုံး
ကိုယ့်ဒူးကို ကိုယ်ကိုတိုင်
သံပတ်ပေးခဲ့ရတယ် ။။
အမှောင်ဆိုတာ မမြင်ရခြင်း
သန်းခေါင်ယံ ညဥ့်ငှက်နဲ့အတူ
တောတိုးအားပြုထပျံခဲ့ရင်း
ဝိညဉ်တစုံကိုလမ်းပြအဖေါ်ပြု
မြင်ရသူထက် မမြင်ရသူက
စိတ်အချရဆုံးပေမို့
အကေါင်အထည်ရုပ်ဝတ္ထုတွေဟာ
ပိုဒုက္ခဖြစ်စေတယ်ဆိုတာ
နားလည်ခဲ့ရတယ်
အသက်ရှူသူတွေရဲ့ဒုက္ခ
ပိုနက်ရှိုင်းစေတယ် ။။
ရှိနေတာကိုမလိုချင်ကြ
မရှိတာကိုမှတပ်မက်ဝါးမြိုချင်
ဘယ်လိုပဲအမြင့်ကိုတက်သွားပါစေ
အချိန်တန် အောက်ကိုရောက်စမြဲပါ
ဖြစ်တည်ခြင်းဟာ ပျက်သုန်းမှူ့အတွက်
ရင်းနှီးမြှုပ်နှံမှူ့ဆိုရင်
ငါတို့အားလုံးဟာပုံသဏ္လန်မတူတဲ့
ရင်းနှီးမြှုပ်နှံမှူ့ကို
ကိုယ်စီလုပ်နေကြတာပါ ။။
ဖြစ်တည်ခြင်းသည် ပျက်သုန်းမှူ့
ပျက်သုန်းမှူ့သည် အရင်းအနှီးတခု
အရင်းအနှီးတခုသည်ပေးဆပ်မှူ့
ပေးဆပ်မှူ့သည် ဖြစ်တည်မှူ့တခုအတွက် ။။
ဘယ်လောက်အထိအရင်းအနှီးပြုမလဲ
ဘယ်လောက်အထိပေးဆပ်နိုင်မလဲ
များများရင်းရင် များများပေးဆပ်ဖို့သာပြင်
များများဆုံရှူံးဖို့သာပြင်
တိုးရင်းပွါးဖို့တော့ မစဉ်းစားလိုက်လေနဲ့ ။။
မြေကြီး
Post By:myaegyi ,,24 jan 2010

Powered by ScribeFire.
0 comments:
Post a Comment