Thursday, January 28, 2010

ရန်သူ

Posted by ခါတော်မီ

ရန်သူ

ရန်သူကကိုယ့်ကို ရန်သူလိုမြင်တာ ဆန်းသလား
ရက်စက်တာ နှိပ်စက်တာ ဖိနှိပ်တာ ဆန်းသလား
ကိုယ်ကရော ရန်သူကို ရန်သူလို မြင်ရဲ့လား ။

ရန်သူကို နေလိုမီးလို ကျင့်ရမယ်တဲ့
ရန်သူက ကိုယ့်ကို ဘယ်တော့မှ ပန်းနဲ့မပေါက်ဖူး
ဘယ်တော့မှ ကိုယ့်ကို ဖက်မနမ်းဘူး ။

ငြိမ်းချမ်းရေး  ငြိမ်းချမ်းရေးနဲ့
ငြိမ်းချမ်းရေးကို ခေါင်းအုံးပြီး အိပ်နေမလား
ငြိမ်းချမ်းရေးကို ထွေးပွေ့မြတ်နိုးယုံနဲ့
ရန်သူ့ဆီက ငြိမ်းချမ်းရေးရမလား ။

အကြမ်းမဖက်ဘူး လက်နက်မကိုင်ဘူးနဲ့
အပြောနဲ့လေပေါနေတာလည်း ထုနဲ့ဒေး
အကြမ်းမဖက်ပဲ အချောဖက်ကြလို့
ရန်သူဆီ လျှောပုံကျနေတာလဲ လက်တွေ့ပဲ
ရန်သူကို မယားငယ်အတွေးနဲ့
ပြေးကပ်ကြတာလဲ မအေပေးတွေပဲ ။

ရန်သူကို ရန်..ငါစည်းမပြတ်လို့ကတော့
ရန်သူက ဆီတောင်မစွတ်ဖူးမှတ် ။။

မြေကြီး
Post By: myaegyi  ,28 jan 2010






Powered by ScribeFire.

0 comments:

Post a Comment