Friday, February 19, 2010

ခိုးတယ်လို့ ဆိုပါစေတော့

Posted by ခါတော်မီ

ခိုးတယ်လို့ ဆိုပါစေတော့

ခိုး   ခိုး  ကြည့်နေခဲ့ရတဲ့
ကိုယ့်ရဲ့  မျက်ဝန်းလေးတွေကြောင့်
မင်း .အသက်ရှူမှား  ပင့်သက်များနဲ့
ကိုယ့်ကို အသိမှတ်ပြု ပေးနေတာလား

အလိုက်မသိတဲ့ ကိုယ့်အကြည့်ကြောင့်
မင်းခြေလှမ်း ပျက်ရော့လေမလား
မင်းအိနြေ္ဒပျက်အောင် ကိုယ်မရည်ရွယ်ပါ
မတမ်းတရဲတဲ့ ရောင့်ရဲမှူ့နဲ့
ကျေနပ်ခဲ့ရသူပါ

ခိုး   ခိုး  ကြည့်နေခဲ့ရတဲ့
ကိုယ့်ရဲ့  မျက်ဝန်းလေးတွေကြောင့်
ပါးနှစ်ဖက်က ရှက်သွေးများနဲ့
အသိမှတ်ပြုရုံနဲ့ ကိုယ်ကျေနပ်တယ်

ဘဝတသက်တာ မပေါင်းရလဲကွယ်
ရိုးမြေဆုံးထိချစ်မယ် နေနဲ့လပမာ
အလင်းပိုင်ဆိုင်တာချင်းတော့တူမယ်
နှစ်ဦးဆုံနိုင်ရန် ဘယ်လိုမျှမဖြစ်နိုင်ပြီ

နေ့အခါမှာ အင်အားအပြည့်နဲ့
ညအခါမှာ သာတဲ့အလင်း
ဘယ်လိုမှနှိုင်းယှဉ်လို့မရ
ညအခါမှာ သာတဲ့လမင်းလို
အမှောင်ရှိမှ လင်းအားရှိပေမဲ့
အေးမြမှူ့အပြည့်
ညှိုးမနွမ်းစေမဲ့အချစ်
မင်းမြင်လှည့်ပါ
တိမ်မြူ ကြား ရုန်းထွက်ခဲ့မယ်

မြေကြီး
PostBy : Myaegyi  20 Feb 2010
့်




Powered by ScribeFire.

0 comments:

Post a Comment