Saturday, August 21, 2010

ရာသီစာ

Posted by ခါတော်မီ

ရာသီစာ

ဆာလောင်မွတ်သိပ်တယ်
ပူပြင်းတဲ့ ဘဝခရိးထဲ
ဆူးကြမ်းတွေခက်ထန်တယ်
အကြောမပေးနိုင်
ဒီ ..ခရီးဘဝထဲ
ဖိသိပ်တဲ့ လောကဓံလား
ဖိနှိပ်တဲ့ အာဏါလား
ဝေမဝါး ခွဲခြားမယ်
ငါတို့အားလုံး
ဒီ.. ခရီးဘဝထဲ
နစ်မွန်း ယစ်နေမလား ..

ပြွတ်သိပ်ကါစီတန်းနေ
မလှပတဲ့ အဓမ္မ္မ္မများ
သောကနဲ့ မျက်ရည်စက်များ
အလျှော့မပေးနိုင်
ဒီ..ခရီးဘဝထဲ
မွန်းကြပ်တဲ့ အမှောင်တိုက်လား
ဖိနှိပ်တဲ့ အာဏါလား
ဝေမဝါး ခွဲခြားမယ်
ငါတို့အားလုံး
ဒီ..ခရီးဘဝထဲ
ဓမ္မ္မ္မတေး သီနေမလား ....

တောက်ပတဲ့ နေမင်းမင်းအား
လက်တဝါးနဲ့ အုပ်မမိုးနိုင်
မမြင်ချင်တဲ့ မင်းတို့မျက်လုံးသာ
လက်တဝါနဲ့ အုပ်မိုးလို့ရနိုင်
တလောကရဲ့ အမှန်တရားကို
ဘယ်လိုဖုံးဖိမလဲ
မမြင်ချင်တဲ့ မင်းတို့ရဲ့
မျက်လုံးသာ ပိတ်လိုက်ပါတော့ ...

အတောင်ပံကျိုးငှက်လို့
အယောင်ဆောင်မနေပါနဲ့
ဟန်ဆောင်အပြုံးနဲ့
လှုပ်မနှိုးလိုက်ပါနဲ့
ရာသီစာ ..ပေါ်ချိန်အလိုက် ..

မြေကြီး

Post By: Myaegyi 22 Aug 2010 Am 4:55

0 comments:

Post a Comment