Monday, November 2, 2009

မရောက်ခင်...အရင်သွား

Posted by ခါတော်မီ

မရောက်ခင်..အရင်သွား
တွေ့ကြုံဆုံကွဲ
ဒီလောကဓမ္မတာထဲ
....ငါလေ....
ဖြစ်ပျက်သဘာဝ
အမှန်တရားကို
မြင်ခွင့်ရချင်တယ်
ပြောခွင့်ရချင်တယ်
ကြားခွင့်ရချင်တယ်
သိခွင့်ရချင်တယ်
ကိုယ်တိုင်ပြုခွင့်ရချင်တယ်
တွေ့ကြဆုံကြ
ဒီတဘဝ ဒီခဏလေးမှာ
မရယ်(ရီ)ချင်လည်း
မပြုံးချင်လည်း
မပြောချင်လည်း
မခေါ်ချင်လည်း
မကြားချင်လည်း
မတွေ့ချင်လည်း
မနေချင်လည်း
မသွားချင်လည်း
အနှစ်မပါ ရင်ဗလာချည်း
ဟန်ဆောင်မှု့တွေကို
သော့ခတ်ထားလို့ရယင်
ဒါဟာ..ဒုက္ခ
ဒါဟာ..သောက
ဒါဟာ..မောဟ
ဒါဟာ..လောဘ..တွေကို
စစ်ခွေးတိုက်ပို့ပြီး
ကြိုးမိန့်ပေးလိုက်ချင်
ကြုံရ ဆုံရ သမျှကို
ကြားရင်..ကြားတယ်လို့
မြင်ရင်..မြင်တယ်လို့
သိရင်..သိတယ်လို့
ရှုမှတ်နိုင်ဖို့
ငါကလည်း
သူတော်စင် မဟုတ်
အပုတ်ကေါင်..ရုပ်ဆောင်နေတဲ့
ကိလေသာ တောက်လောင်နေတဲ့
မီးတောင်ကြီး
အချိန်တန်ရင် ပြာဖြစ်မယ့်
မီးတောက်လူသား
အပူသည်တွေ အချင်းချင်း
မာန်တက်နေကြလိုက်တာ
ကြုံရဆုံရ ဒီခဏလေးမှာ
ပိုင်ဆိုင်ခြင်းဆိုတာ
အမြဲမရှိတဲ့
မရှိတရား..မသိတရား
လက်ကိုင်ထားလို့
အတ္တကင်းစင် ငြိမ်းချမ်းရေးလွင်ပြင်ဆီသို့
ခဏလေးဖြစ်ဖြစ်
........သွားကြည့်လိုက်ပါ........
နေဝန်းနီ
Post BY:MyaeGyi >Label :ကဗျာ >Oct 3,2009,Am 3:45




Powered by ScribeFire.

0 comments:

Post a Comment