နာခံတိုင်းကေါင်းသွားမလား (1)
ကျနော်တို့ ဗမာလူမျိုးတွေမှာ မိဘစကါး မြေဝယ်မကျနားထောင်သော သားသမီးသည် ခလုတ်မထိ ဆူးမငြိ ဘေးအန္တရယ် ကင်းတယ်။သွားလမ်း လာလမ်း ဝယ်လမ်းဖြောင်တယ်။ အရာရာ ဖြောင့်ဖြူးတယ်လို့ ဆိုရိုးစကါးရှိခဲ့ တယ်။ ညီအစ်ကိုမောင်နှမ ကြီးစဉ်
ငယ်လိုက် ထက်အောက်ရိုသေမှု့တွေဆိုတာ ရှိကြတယ်၊ အမိန့် ပေး အာဏါဆန်တဲ့ ဖြစ်စဉ်တွေ မိသားစု တော်တော်များများမှာ တွေ
့ရပါတယ်။မိဘက ကေါင်းတယ်ထင်လို့  လုပ်ခိုင်းတာကို နင်တို့က မိဘကိုအာခံတာလား ဒါမျိုးတွေကလည်းရှိပါသေးတယ်။ မိဘက
လက်နဲ့ရေးတာကို နင်တို့ကခြေနဲ့ဖျက်ချင်တာလား ဒါမျိုးကလည်းပါလိုက်ပါသေးတယ်၊ နင်တို့လုပ်စာဖြင့်မစားရသေးဘူး ငါတို့ 
မွေးလို့ ကျွှေးလို့ ကြီးလာတာ နင်တို့ ကခြေ ရာတိုင်းချင်နေပြီပေါ့။ ဒါမျိုးအပြောလေးတွေ ကင်းခဲ့တဲ့ သူများရှိမယ်တော့ ကျနော်မထင်မိပါ၊ အနည်းနဲ့အများအ ပြော ခံ ခဲ့ရမယ်လို့ကျနော်ထင်ပါတယ်၊ ဒီလိုပြောလို့ မိဘတွေကိုစော်ကါးချင်စိတ် နဲ့ ပြောတာမဟုတ်ပါ၊ အခံတယ်
ခြေရာ တိုင်းတယ် ရိုင်းတယ်လို့ ထင်လိမ့်တယ်၊ ကျနော်တို့ ဗမာလူမျိုးမှာ မိဘနဲ့သားသမီး ဖြေရှင်းခွင့် အယူခံတင်ခွင့် ဆိုတာ မရှိတဲ့ သဘောဖြစ်နေတယ်၊ ဖြေရှင်းတာ ရှင်းပြခွင့်တောင်းတာတွေဟာ သူတို့ ကို ပြန်ပြောတယ် မနာခံဘူး ရိုင်းစိုင်းတယ် သေရင်ငရဲကျမဲ့သူ
မြေမျိုမယ်လို့  တောင်ကျိန်းမောင်းခံရ သေးတယ်၊ ဒီတော့ ဖြေရှင်းခွင့် အယူခံဝင် တောင်းဆိုတာတွေဟာ စစ်အုပ်စုဆီမှတင်မဟုတ်ဖူး ကျ
နော်တို့  မိဘတွေ ဗမာလူမျိုးတွေရဲ့ မိရိုးဖလာ ထုံးတမ်းစဉ် လာ တရပ်လို ဖြစ်နေကြပြီ၊ ကျနော်ဘဝင်မကျတာလေးကို နည်းနည်း တော့ဆွေးနွေးကြည့်ချင်တယ်၊ မှား သလား မှန်သလား ဆိုတာ ကျနော့်ရဲ့  စာကိုဖတ်မိသူများ ဝေဖန်နိုင်ပါတယ်၊ အပြစ်တင်နိုင်ပါတယ် ။
ပထမဆုံးအနေဖြင့် စာပေအပိုင်း ကို ကျနော်အရင်ဆွေးနွေး ပါ့မယ်။ ကျနော် ငယ်ဘဝ ကျောင်းသား ဘဝမှာ
မိဘတွေဟာ ကျောင်းစာကိုလေ့လာဖို့နဲ့ ကျောင်းစာလွဲရင် ဘယ်အရာကိုမျှ စိတ်ဝင်စားတာကို မကြိုက်ဖူး။ ကျောင်းစာကိုပဲ သီးသန့် 
လေ့လာရမယ်။ ကျန်တဲ့ ဗဟု သုတဖြစ်စေမဲ့ စာတွေလေ့လာမယ်ဆိုရင် လုံးဝလက်မခံပါဖူး။ ကျနော် ၁၄နှစ် ၁၅နှစ်အရွယ်ရောက်လာတဲ့
အချိန် တားမြစ်ထားကနေ တခြားစာ တွေကို ဖတ်ချင်စိတ်ပေါက်လာတယ်၊ အကြောင်းကတော့ ကျောင်းနေဖက် သူငယ်ချင်းတွေ
ကျောင်း ရောက်လာရင် သူတို့ဖတ်ခဲ့တဲ့ စာအုပ်အကြောင်းတွေကို ပြန်ပြောပြ ကြတဲ့အခါတိုင်း ကျနော်မှာ ပါးစပ်အဟောင်းသားနဲ့
နားထောင် ရုံသက်သက်ဖြစ်နေတယ်။ ကိုယ့်မှာ သူတို့နဲ့အပြန်အလှန်ဆွေးနွေးလိုစိတ် သူတို့လိုပြန်ပြောပြချင်စိတ်တွေ ဖြစ်လာခဲ့
တယ်။ စိတ်ထဲမှာသူတို့ရွှီးသမျှကိုခံခဲ့ရတာပေါ့။ သူတို့ပြောသမျှကို မှန်သော်ရှိ မမှန်သော်ရှိ သူတို့ရွှီးသမျှကို ကိုယ်က ကန့်ကွက်ဆွေး
နွေးလိုစိတ် ရှိသော်လည်း အသိဗဟုသုတက ကိုယ့်မှာမရှိတော့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အသိဝင်လာတယ်၊ ငါလည်းသူတို့လိုဘဲ စာကို
ဖတ်ရမယ် ဆိုတာ သိလာတယ်၊ ကျနော်တို့ခေတ်က ခုလိုအင်တာနက်ခေတ်မဟုတ်သေးဘူး။ စာအုပ်အငှါးဆိုင်တွေက ငှါးဖတ်ရတယ်။
စာအုပ်ဆိုင်မှာ သွား ပြီးစာအုပ်ငှါး ဖတ်ဖို့မဆိုထား နဲ့ အိမ်ပေါ်ကနေ အိမ်အောက်ကို ဆင်းခွင့်တောင်မရဘူး၊ ကျောင်းသွားတဲ့ အချိန်က
လွဲရင်ပေါ့။ စကါးမစပ် ကြားဖြတ်ပြီး ကျနော့်အိမ်က ချူပ်ချယ်တယ်ပြောမလား သူများခလေး တွေလမ်းမပေါ်ထွက်ပြီး ကစားနေတာကို ဝရံတာနေမေးထောက်ကြည့်ရင်ကြည့်ရမလားဆိုပြီး အမေကနောက်ကနေ ကြက်မွှေးတံမြက်စည်း နဲ့သမခံရသေးတယ်၊ ကိုယ်ထွက်
ကစားတာ မဟုတ်ဘူးနော်၊ အားကျရမလားပေါ့၊အကျင့်ကေါင်းတွေကို အတုခိုးရမလားပေါ့။ လမ်းဘေးရောက်မဲ့ကေါင် လမ်းမကိုမျှော်
တယ်ပေါ့ဗျာ၊ ဘာညာပေါ့၊ အဲ့ဒီလိုကြည့်မိတဲ့ အတွက် အပြစ်လို့လုပ်တယ်လို့သတ်မှတ်ပြီး စာသွားကျက်ဆိုတဲ့ ဒဏ်ပေးခြင်းကိုခံရပြီမှတ်၊ အမေရှိတဲ့အချိန် စာမကျက်ချင်ရင်တောင် လမ်းကိုမမျှော်ရဲဘူး။ စာကျက်ရမှာစိုးလို့၊ အိမ်ထဲမှာဟိုယောင်ဒီယောင်လုပ်နေရတယ်၊ အိမ်မှာ လွတ်လပ်ရေးရတဲ့အချိန်တော့ရှိတယ်။ ဘယ်အချိန်တွေလဲဆိုရင် ဧည့်သည် အိမ်ကိုလာတဲ့အချိန်ရယ် အိမ်မှာအလှူ လုပ်တဲ့အချိန်ရယ်
အဲ့ဒီအချိန်တွေက လွတ်လပ်ရေးပေါ့ဗျာ။ အဲ့ဒီတော့ အမေအလှူ ခဏခဏလုပ်ပါစေလို့ ဆုတောင်းရတာကတော့ အမြဲဘဲ၊ မသိစိတ်နဲ့ လွတ်လပ်ရေးရလိုမှု့နဲ့ဆုတောင်းတာ ကုသိုလ်ရမှန်း ကြီးလာမှပဲ သိလာရတော့တယ်။ ပြောရင်းနဲ့ မဆိုင်တဲ့ဘေးတွေရောက်ကုန်ပြန်ပြီ၊ ပြင်ပစာအုပ်တွေစဖတ်ဖြစ်တဲ့ အကြောင်းကိုပြန်စမယ်။
ကိုယ်က စာဖတ်အားမရှိတော့ သူများတွေဆရာလုပ်သမျှ ရွှီးသမျှကို ခံရဖန်များတော့ ကိုယ်လဲသူတို့လိုပြန်ရွှီးချင်စိတ်နဲ့
စာဖတ်မယ်ပေါ့ဗျာ။ ဘယ်အရွယ်လဲဆိုတော့ ကျနော် ၈တန်းကျောင်းသားဘဝမှာပါ။ ကျနော်မှာ တဦးတည်းသောအစ်ကိုတယောက်
ရှိတယ်ဗျ။ သူကအဲ့ဒီ အချိန်မှာ တက္ကသိုလ်ရောက်နေပြီ။ ဒေသကေါ်လိပ် (ဗိုလ်တထောင်နယ်မြေ) မှာသူတက်တယ်၊ သူက အဲ့ဒီအချိန်မှာ
လွတ်လပ်ရေး ရသွားပြီ။ လွယ်လွယ်နဲ့ ရတယ်မထင်နဲ့ အမေနဲ့သူုတိုက်ပွဲတွေ ဆင်နွဲပြီးမှရတာ၊ ဆန္ဒပြမှု့တွေ အိမ်သပိတ် (အိမ်မှာ
အမေ့ကိုသပိတ်မှောက်တာကိုပြောတာ) သူလည်းအဆင့်ဆင့် ဆင်နွဲခဲ့ရတာအဲ့ဒါကြောင့် လွတ်လပ်ရေးဆိုတာ တိုက်ယူမှပဲရတာ ပါးစပ်
နဲ့တောင်းယူလို့ဘယ်တော့မှမရဘူး ...ဒါတောင်အမေနဲ့သားနော်။ တခြားသူ ဆိုရင်တော့ ပြောစရာတောင် မလိုဘူးလို့ထင်တယ်။
ဒီထက်ပြောရင် ရေကြည်အိုင် ရောက်နေဦးမယ်။ ကျနော်တို့ခေတ် ကိုပြောတာ ခုခေတ်ဆိုရင် အောင်သပြေတို့ သံလျှင်တို့ ရဲမွန်
တို့ကို ပျော်ပွဲစားခရီး လေယာဉ်ပျံတွေ ဆိုင်ကယ်တွေစီးနေရဦး ။သားသားကြောက်ကြောက်၊ ဟိုရောက်ဒီရောက်နဲ့ လေကြောရှည်တယ်
ဆိုဦးမယ်။ အဲ့ဒီမှာ ကျနော့်အစ်ကိုက လွတ်လပ်ရေးရနေပြီဆိုတော့ သူဆီက စာအုပ်တွေကို ကျနော်ခိုးပြီး ဖတ်ပြီပေါ့။ ဒါပေမဲ့ အမေလစ်
တဲ့အချိန်မှာပဲ ခိုးပြီးဖတ်ရတာ။ မိသွားရင်တော့များ အပြောခံရတာ မကါမိဘူး ၊နင်တို့ကကျောင်းစာတော့ စိတ်မဝင်စားဘူး အရေမရ
အဖတ်မရ ခွေးဖြစ်မဲ့ ဟာတွေကို စိတ်ဝင်စားတယ် ခွေးဖြစ်မဲ့ကေါင် ဆိုပြီး သမခံရတာပေါ့၊ အစ်ကို့ကိုလည်း အကြီးကရှေ့ကနေပြီး
အတတ်ကေါင်းတွေ သင်ပေးတယ်ဆိုပြီး သူ့ကိုပါရောသမတော့ တာပဲ။ ဒါနဲ့သူ့ဆီကစာအုပ် ယူဖတ်ခွင့်ပါပိတ်သွားရော ဆိုပါတော့ဗျာ။
ကျနော်တို့ ညီအစ်ကိုနှစ်ယောက်က သိပ်မတဲ့ဘူးဗျ လုံးဝ မတဲ့ ဘူးဆိုရင်ပိုမှန်မယ်။ နေ့နံကြောင့်လား အကျင့်စရိုက် မတူတာပဲလား
တော့မသိဘူး။ တနလာင်္နဲ့သောကြာလေ၊ စာအုပ်သွားဖတ်ရင် သူ့အခန်းသွားဖတ်ရတာ ပထမကတော့ ဟုတ်နေတာပေါ့၊ ညီအစ်ကို
နှစ်ယောက် တည့်နေတဲ့အထာနဲ့ အမေကထင်နေတာ လာချောင်းတော့မှမိသွားပြီး ပါမစ်ပိတ်သွားတာ၊ ဒါပေမယ့် ဒီအတိုင်းတော့
ဘယ်ငြိမ်ခံမလဲ အမေကိုသွေးတိုးစမ်းတဲ့ အနေနဲ့ အမေသားကျတော့ ဘာမျှမပြောဘူး သားကိုကျတော့ချုပ်ချယ်တယ်ဆိုပြီး မသိမသာ
လေး တော်လှန်ရေး စလိုက်တာပဲ။ အမေက.... နင်ကဆယ်တန်းမအောင်သေးဘူး ကျောင်းတတ်နေတုန်း သူကတက္ကသိုလ် ရောက်နေပြီ
တဲ့၊ ဘာရမလဲ ချက်ချင်း တက္ကသိုလ် ရောက်ရင် အမေ့သားလိုအခွင့်ရေးရမှာလားလို့ မေးလိုက်တယ်၊ နင်သာဆယ်တန်းအောင် အောင်
လုပ်ပါတဲ့၊ လူကိုအထင်သေးတဲ့ အထာနဲ့။ သိပ်တော့ဘဝင်မကျဖူးပေါ့၊ တိုက်ပွဲတခုတော့ အောင်သွားပြီပေါ့။ အခွင့်ရေးက ရသေးတာ
မဟုတ်ဖူးနော် ရမဲ့ဟာကြိုပြီး ကျေနပ်နေမိတာ။ ဒါနဲ့ ၈တန်းစာမေးပွဲဖြေပြီးတော့ ထပ်ပြီးတော်လှန်ရေးတခု ထပ်ဆင်နွဲလိုက်တယ်။ စာမေး
ပွဲဖြေပြီးတော့ တပတ်နေတော့ ခပ်တည်တည်နဲ့ စာအုပ်အငှါးဆိုင်သွားပြီး ဝထ္ထုစာအုပ်ငှါးပြီးလာဖတ်တာပေါ့။ စာအုပ်ဆိုင်ရောက်တော့
ဘာစာအုပ်ငှါးရမလဲ ဘာစာအုပ်ဖတ်ရမလဲဆိုတာ မသိဘူး။ ကြောင်တောင်ဖြစ်နေတာ။ ကျနော့်အစ်ကိုနဲ့ သူ့သူငယ်ချင်းတွေပြောနေကြ
တဲ့ စာရေးဆရာငြိမ်းကျော်တို့  နွမ်ဂျာသိုင်း တို့ စာအုပ်တွေလိုက်ရှာ ဘာဖတ်ရမှန်းမသိ ဖတ်ချင်စိတ်ရှိတာပဲ သိတယ်။ နောက်ဆုံးတော့
နံမည်ဆန်းဆန်းလေး ဖြစ်တဲ့ လွမ်းလို့ကျန်ရစ်မှာကိုအားနာပါတယ်လေ စာအုပ်ကိုရွေးပြီး ပြန်ခဲ့တယ်။ ပြောရဦးမယ် စာအုပ်ဆိုင်က
အပြန်လမ်းမှာ ဒီစာအုပ်လေးကိုင်ပြီးပြန်လာ ရတာအဲ့ဒီအရသာကိုခုထိ မမေ့သေးဘူး။ကိုယ့်ကို ကိုယ်ဂုဏ်ယူနေတာစာအုပ်ကို ဘယ်ညာ
ပြောင်းကိုင်လိုက် ဂျိုင်းခြားညှပ်လိုက် မျောက်အုန်းသီးရသလို ပေါ့။ ဟန်ကလည်းထုတ်ချင်သေးတယ်၊ ငါ့ကိုဘယ်သူကများကြည့်နေသေး
လဲပေါ့၊ တကယ်တော့ ဘယ်သူက စာအုပ်ဆိုင်ကဝထ္ထုစာအုပ် ငှါးလာတာကိုအရေးတယူလုပ်နေမှာလဲ၊ ကိုယ့်မှာသာ အထူးအဆန်းနဲ့ ဘ
ဝင်မြင့်နေတာ။ အိမ်ရောက်မှဂွမ်းတော့တာ၊ အိမ့်ရှေ့ရောက်တော့ အမေက ဒါဘယ်ကပြန်လာတာလဲလက်ထဲမှာလဲစာအုပ်နဲ့ဆိုတော့ စာအုပ်ငှါးပြီးပြန်လာတာ လေလို့ကြောက်ကြောက်နဲ့ပြောလိုက်မိတယ်။အမေ့ရဲ့အလစ်မှာခိုးထွက်လာခဲ့တာလေ၊အပြစ်နှစ်ခု၊အပြင်ကို
သွားတာဘယ်သူ့ပြောသွားသလဲ သတ္တိ သိပ်ကေါင်း နေတယ်ပေါ့လေဆိုပြီး အမေကြိမ်လုံး ပြေးဆွဲပါလေရော၊ စာအုပ်ကိုလဲဆွဲဆုတ်
ပြစ်မယ်တဲ့ ဗျင်းလဲခံရဦးမယ် စဉ်းစားကြည့်ပေတော့ ငါတော့ မှားပီ ပေါ့ ဗျင်းခံရတာက ပြသနာမဟုတ် ရိုးနေပြီ စာအုပ်ဆွဲဆုတ်မှာက
ပြသနာ ရော်ရမှာ။အဲ့ဒီမှာ ကျနော့်အစ်ကိုရှိနေလို့သူက ဝင်ပြီးအမေကိုဝိုင်း ပြောပေးလို့ပြေလည် သွားတယ်၊ နွေရာသီကျောင်းပိတ်
ရက်မှာပြင်ပစာတွေကိုဖတ်ခွင့်ခဲ့တယ်။ဒါတောင်ကန့်သတ်ချက်နဲ့နော် ၈တန်းအောင်စာရင်းထွက် သည့်အထိပဲ ။အောင်စာရင်းထွက်
ပြီးရင် ၉တန်းကိုကြိုပြီးလုပ်ရမှာ၊ ခုခေတ်စကါးနဲ့ပြောရရင်မိုးနတ်မင်းကြီးကယ်ပေလို့။လမ်းမှာကြည်နူးခဲ့တာလေးတွေ ထွက်ပြေးကုန်ပြီ။ ဘာနဲ့တူသလဲဆိုတော့ ၈၈ခုနှစ်မှ တပါတီ မ.ဆ.လ စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ ကျောင်းသား ပြည်သူလူထု
သံဃာတွေ ဒီမိုကရေစီစံနစ် လွတ်ရေးရပြီလို့ပျော်နေတဲ့အချိန်၊ ဗြုန်းဆို ဗိုလ်ချုပ်စောမောင်ရဲ့ စစ်အုပ်ချုပ်ရေးစံနစ်ကြေငြာပြီး လူဖမ်းပွဲ
လုပ်လို့ တောထဲနယ်စပ် ထွက်ပြေးကြရတာနဲ့တူနေတယ်။
အဲ့ဒီတော့ ကျနော်ငယ်ဘဝ ကပြင်ပစာပေကိုလေ့လာခြင်းဟာ အမေပြောသလို ခွေးပဲဖြစ်တော့မလို လို လူညွန့်တုန်း
တဲ့ဘဝပဲ ရောက်တော့မလိုလိုနဲ့ တားမြစ်မှု့တွေတပုံကြီးပါ။ အမေတို့ပြောတဲ့ကျောင်းစာကိုပဲလေ့လာရမယ် ။ ဒါမှကြီးပွါးမယ် ချမ်းသာ
မယ်ဆိုတဲ့ အမေ့ရဲ့စကါးတွေ မှားသလားမှန်သလား ကျနော်ပြောရင်လည်း အကုသိုလ်ဖြစ်မယ်။ ဗမာပြည်က သင်ထားတဲ့ ပညာနဲ့
ကျနော်လုပ်စားရင် ထမင်းမပြောနဲ့ ထမင်း ရည်တောင်သောက်ရမှာ မဟုတ်ဘူး။ စာဖတ်လို့အကျိုးယုတ်သွားနိုင်လား။ တနေရာရာမှာ
တော့ အသုံးဝင်မှာပါ၊ မကေါင်းတဲ့စာပေတော့ ရှိမယ်မထင်ပါ ဖူး။ သုံးတတ်ရင်တော့ဆေးဖြစ်ပါတယ်။ မသုံးတတ်ရင်တော့ဘေးဖြစ်စေ
တယ်ပေါ့ဗျာ။ ကျနော့်ရဲ့စာဖတ်ပရိတ်သတ် သူငယ်ချင်းတွေဆီမှာ သားသမီး တွေရှိကေါင်းရှိလိမ့်မယ် ၊သူတို့လေးတွေကျနော်လို မဖြစ်
စေချင်ဘူး၊ ကျောင်းပညာရေးကို ထိခိုက်မှာစိုးလို့ တားမြစ်ချင်ရင်တောင် သူတို့လေးတွေရဲ့ စာဖတ်ချင်တဲ့ စိတ်အာသာပြေအောင်
သင့်လျော်တဲ့ စာပေကို လမ်းညွန်ပေးစေလိုတယ်။ ဒါကြောင့် နာခံမှု့တိုင်းဟာကေါင်းသွားတာလဲ ရှိနိုင်သလို ဆိုးသွားတာလည်းရှိ
နိုင်ပါတယ်၊ ဘယ်အရာမှပုံသေကါးချပ်ယူလို့မရပါ။ တခြားကြည့်နေစရာမလိုဘူး။ ကျနော်တို့တိုင်းပြည်ကိုပဲ ကြည့်ပါ၊ လက်ရှိမင်းမှုနေ
တဲ့ စစ်အုပ်စုကေါင်းတယ် ဆိုးတယ် ကျနော် မဝေဖန်ပါ။ သူတို့အုပ်ချုပ်တာကေါင်းတယ်ဆိုရင်နာခံလိုက် ၊ မကေါင်းဖူးဆိုရင်တော်လှန်
လိုက်။ ရှင်းရှင်းလေးပါ၊ မတော်လှန်နိုင်ဘူးဆိုရင် နာခံတဲ့သဘောကို ဆောင်နေတယ်။ အဲ့ဒီတော့ နာခံတာ ကေါင်းတယ်ဆိုးတယ် ဝေဖန်သုံးသတ်နိုင်ကြပါစေ။ မကြိုက်လို့မကေါင်း လို့မတော်လှန်နိုင်ဘူးဆိုရင် ဒါဟာနာခံခြင်းတမျိုးဘဲ။ တနည်းမဟုတ် အပြင် ခြံစည်း
ရိုးကနေ ဂဲနဲ့သာထုပေတော့ ...။။။။။။။။။။
ခဏနားလိုက်ပါဦးမည်.........ဆက်လက်ဖေါ်ပြသွားပါမည်...........
မြေကြီး
Post By :မြေကြီး ..Label: ဆောင်းပါး AT 16oct2009AM6:16

Powered by ScribeFire.
0 comments:
Post a Comment