Sunday, September 20, 2009

မရည်ရွယ်၍စူးသောဆူး

Posted by ခါတော်မီ

မရည်ရွယ်၍စူးသောဆူး

မုသာဝါဒ
တမူးသာနေသူတွေအဖို့ 
လိုအပ်ရင်ထုတ်သုံးတာ
အဆန်းမဟုတ်တဲ့
သူတွေအဖို့ တော့

အမှန်တရားကို
ကိုးကွယ်သူတွေနဲ့ 
ပြဒါးတလမ်း
သံတလမ်းလော
ပေါင်းစပ်ဖို့ ရန်ခက်

မလိုအပ်လို့ 
ခဏတာဆိုတဲ့
ရည်ရွယ်ခဲ့ရိုးမှန်ရင်
ကိုယ့်ရဲ့ ဆူးကို
ကိုယ်တိုင်နူတ်လိုက်ပါ့မယ်

အစမ်းသတ်သဘော
မရည်ရွယ်ခဲ့ရိုး
မှန်ခဲ့ရင်တော့
ကိုယ့်သစ္စာကိုယ်
မရည်ရွယ်၍ဆူး

ခဏတာရဲ့ ဒေါသ
တွေဝေတဲ့မောဟ
မရောင့်ရဲနိုင်တဲ့လောဘ
ခံစားရတဲ့သောက
စူးနစ်ခဲ့ရတဲ့ဝေဒနာ
မမျှပါလားလို့ 
သိလိုက်ရတဲ့အချိန်မှာတော့....

မြေကြီး

0 comments:

Post a Comment