Thursday, September 17, 2009

ဘောင်မရှိတဲ့မျဉ်း

Posted by ခါတော်မီ

ဘောင်မရှိတဲ့မျဉ်း

ဒုက္ခတွေ ခဏရပ်တန့် ထားကြည့်ပါ
အရောက်ကိုအနံသွင်းဖို့ မကြိုးစားနဲ့ 
သက်တန့် ကိုဖန်ဆင်းလို့ မရပါ
သဘာဝကိုအားကိုးနေရင်
ငုတ်တုတ်မေ့သွားမယ်

ချုပ်ရိုးမဖြေရသေးတဲ့ဒဏ်ရာ
ရေးစီးသန်တဲ့ရာဇဝင်ထဲကမြစ်
အမှည့်လွန်နေတဲ့
နေမင်းထဲကမျိုးစေ့တစေ့
ဆွံအနေတဲ့ မျိုးဆက်တွေ
မွေးဖွါးနေ

လျှာဖြတ်ခံလိုက်ရတဲ့..သူငယ်ချင်းတွေ
သွေးလဲခံလိုက်ရတဲ့..သူရဲကေါင်းတွေ
ကြိုးဆွဲခံနေရတဲ့..ရုပ်သေးရပ်တွေ
ဘဝမကူးနိုင်သေးတဲ့...လမ်းပေါ်ကဝိဥာဉ်တွေ

သေမိန့် ကျတာကိုမသိဟန်ပြုလို့ ရပေမယ့်
လုပ်စားလို့ မရတဲ့ခေတ်ကို
တွန်းလှဲဖို့ ကြိုစားကြရင်း
မြေမြိုသလိုဝါးမြိုခံရပြီ
လုံးပါးပါးလို့ ချိန်ခွင်ရှာမဲ့ကုန်ပြီ ။။။

မြေကြီး

post by:myaegyi :comment : link: 18sep2009 16:45



0 comments:

Post a Comment