Thursday, September 10, 2009

အမေသို့ ....တမ်းချင်းတစိတ်တဒေသ

Posted by မြေကြီး



အမေသို့ ....တမ်းချင်းတစိတ်တဒေသ


အမေ..ကျွေးရကျိုးမနပ်
ဝမ်းရေစစပ်တယ်လို့ ပြောပါတော့
အကြိမ်ကြိမ်အခါခါအမေ့ကိုလေ
မွေးကျေးဇူးမဆပ်နိုင်ခဲ့ပေမဲ့
အမေ့ရဲ့ နောက်ဆုံးဆိုဆုံမကို
မကြားနိုင်တော့ပြီ
ကန်တော့ခွင့်မဲ့ခဲ့ပြီ ........

အမေ..ကြွေကျသွားတဲ့
ကြယ်တပွင့်ကိုလိုက်ကေါက်ခင်ပါရဲ့ 
လွှတ်ချလိုက်တဲ့ အမေ့ရဲ့ 
ဝိဉာဉ်ကိုလိုက်ကေါက်လို့ ရယင်ဖြင့်
ဘဝအင်္သေချေပါစေ
အမေ့ခန္ဓာကိုယ်ထဲ ....
ပြန်ကေါက်ထည့်ပေးချင်ပါတယ်......

လွတ်မြောက်ရာလမ်းအမေထွက်ခွက်ခွါသွား
အဓမ္မလောကမှ.. အမေလွတ်မြောက်သွား
ဓမ္မလောမှာ ...အမေငြိမ်းချမ်းစေသား
သံသရာတကွေ့  ခရီးတနေရာမှာ
အမေနဲ့  ပြန်တွေ့ ရယင်ဖြင့် ...
အမေ ဝမ်းရေမစပ်စေရတော့ပါ

မြေကြီး

1 comments:

ATN said...

အန်တီ အခု ငြိမ်းချမ်းတဲ့ နေရာမှာ ရောက်နေပြီပဲလေ...
သူ့ ဘ၀ အပူမှုတွေကို ထမ်းပိုးထားစရာ မလိုတော့ဘူး မဟုတ်လား...
အဲသည်အတွက်ပဲ ကျေနပ်ကြည်နူး ၀မ်းမြောက်လိုက်ပါ ညီလေးရေ့...

Post a Comment