Saturday, October 3, 2009

ABFSU (ပြည်သူလူထုသို့ ပန်ကြားချက်)

Posted by ခါတော်မီ



စစ်အစိုးရက သံဃာထုကို ၀န်ချတောင်းပန်ရန် သတ်မှတ်ထားသည့် နောက်ဆုံးရက် သီတင်းကျွတ်လပြည့် နေ့သံဃာတော်များ တတိယအ ကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ ကျင်းပသည်ဟု သတင်းရရှိသည်။
ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲနှင့် အချိန်နှင့်တပြေးညီ ရန်ကုန်မြို့ နှင့်မန္တလေး
မြို့ များတွင်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသမဂ္ဂများအဖွဲ့ ချုပ်မှ ပြည်သူ သို့ ပန်ကြားချက်(သဘောထားထုတ်ပြန်ချက်)တစောင်ကို ဖြန့် ဝေလိုက်
ကြောင်း သိရပါသည်။ ရန်ကုန်မြို့ အလုပ်သမားဆေးရုံကြီးရှေ့ ၊ကန်တော် ကြီးပန်းခြံရှေ့ ၊တောင်ဥက္ကလာပမြို့  ဝေဇန္တယလမ်းမပေါ် ၊မြောက်ဥက္က လာပ ကျောက်ရေတွင်းဈေးရှေ့ ရန်ကင်းမိုးကေါင်းဘုရား၊
မန္တလေး မြို့ တွင် မန္တလေးတက္ကသိုလ် (ပင်မ)မန္တလေးရတနာပုံတက္ကသိုလ၊် တခွန်
တိုင်ဈေးထောင့် ၇၈လမ်းနှင့်၃၆လမ်းထောင့် ရှမ်းစုဘူတာအနီးတဝိုက်
တို့ တွင် စာများဖြန့် ဝေခဲ့ကြောင်း ကို ABSFU အတွင်းရေးမှုး ကိုထွန်းထွန်းထံမှ သတင်းရရှိပါသည်။ ကိုထွန်းထွန်းမှ ပြည်တွင်းမှလုံခြုံရေးအခက်အခဲများကြားမှ နေ၍ စစ်အစိုးရကို ဆက်လက်တိုက်ပွဲဝင်လှုပ်ရှား
သွားမည်ဖြစ်ကြောင်း ပြည်တွင်းပြည်ပအသီးသီးမှ အင်အားစုများက ဘုံရန်သူကိုဝိုင်းဝန်း တော်လှန်ရမည့်အ
ချိန်ဖြစ်ကြောင်း ပူးပေါင်းဆောင်ရွက်ကြပါစို့ လို့ ပြောကြားသွားပါသည်၊
Post by:myaegyi 3 oct 2009 am1:30

0 comments:

Post a Comment