Saturday, November 6, 2010

အတိတ်စိမ်း

Posted by ခါတော်မီ

အတိတ်စိမ်း

ရင်ခုန်သံတွေကို
ထုဆစ်လို့မရဘူး
အရိုးတွန်သံတွေဟာ
သင်တို့အား
နာပျော်ဖွယ်တေးသွားတပုဒ်
ဖျော်ဖြေနေတာမဟုတ်
တော်လှန်ဖို့အသင်အနေအထား
သတိပေးအချက်ပြနေတာ
သမိုင်းကြွေးရဲ့ အမိန့်နဲ့
နှလုံးသားနဲ့ နာခံလော့ ။။

ထလော့ ကြွလော့
သင့်ကိုယ်သင်
အသိစိတ်နဲ့အမိန့်ပေးလိုက်ပါ
ရဲသော်မသေ
သေသော်ငရဲမလား
သင့်ရှေ့ကရောက်နှင့်နေတဲ့
ခွပ်ဒေါင်းနတ်သမီးများ
ဆီးကါကြိုနေလိမ့်မယ် ။။

ထုခတ်ခံထားရတဲ့
သင်တို့ရဲ့လွတ်လပ်ခွင့်တွေကို
သင်တို့ကိုယ်တိုင်
ရိုက်ချိုးမှ ရလိမ့်မယ်
ကမ္ဘာမြေအနှံ
ခွပ်ဒေါင်းအရိုးတွေ တွန်နေပြီ

တုတ်နှောင်မရတဲ့
ခွပ်ဒေါင်းဝိဥာဉ်တွေ
သင်တို့ထံသို့
ပူးကပ်ဖို့လာချေပြီ
အတ္တတွေကို ဇကါစစ်ချ
အသေသတ် ပစ်လိုက်ပါ

ထလော့ ကြွလော့
အသင်တို့
အတိတ် တဘောင်
နမိတ်ဆောင်တဲ့
နှစ်ဆယ်ကို တစ်ဆယ်တိုး
ကြံဖွတ် အသေဆိုး မယ့်နှစ် ။။

မြေကြီး





Powered by ScribeFire.

Thursday, November 4, 2010

နောင်ဘဝ

Posted by ခါတော်မီ

နောင်ဘဝ

မွေးဖွါးခြင်း
သေဆုံးခြင်း
အလယ်မှာ
ရှင်သန်ခြင်းက
ရပ်တည်နေ
(သို့)
ရွေ့လျားနေ

အစရှိရင်
အဆုံးရှိမယ်
မွေးဖွါးခြင်းရှိရင်
သေဆုံးခြင်းကရှိနေတယ်
အစရှိပြီး
အဆုံးမရှိတာ
ရှိနေရော့ ..လား
စ ..လယ် ..အဆုံး
နိဂုံးမသတ်နိုင်တာ
အာဏါရှင်ဖြစ်နေရော့..လား
ဒါ မှ မဟုတ်
ရှင်သန်ထမြောက်နေတာလား

လူသေလို့
လူပြန်ဖြစ်လား
အတိတ် ..ပစ္စုပ္ဂန် ..အနာဂတ်
အတိတ် ဘဝ
ပစ္စုပ္ဂန် ဘဝ
အနာဂတ် (သို့) နောင် ဘဝ
လူသေ လူပြန်ဖြစ်လို့
နောင် ဘဝဆိုတာများ
ရှိခဲ့ရင်
ဗမာပြည်မှာ လူပြန်မဖြစ်ဖို့
ပြင်ဆင်ရဦးမယ်
အာဏါရှင်အောက်က
ခေတ်သစ်ကျွန် မဖြစ်ချင်လို့

နောင် ဘဝ မှာ
နောင်မှ မ..တ ချင်လို့
နောင်ဘဝ ဆိုတာများ ရှိခဲ့ရင်
အာဏါရှင် လက်သစ်ရဲ့
ခေတ်သစ်ကျွန် လက်သစ်လေး
မဖြစ်ရစေလိုသား ။။။
(( မှတ်ချက်။။ သေခါနီး ဗမာပြည်ကို မစွဲလမ်းလေနဲ့ ))

မြေကြီး

Post By :MyaeGyi , 5 Nov 2010
ဘလော့လိပ်စာပြောင်းသွားပါသဖြင့်
http://myaegyiup.blogspot.com သို့အလည်လာကြပါရန်
ဖိတ်မန္တက ပြုပါသည် ။




Powered by ScribeFire.

Sunday, October 31, 2010

ဘလော့လိပ်စာပြောင်းသွားပါသည်

Posted by ခါတော်မီ

ဘလော့လိပ်စာပြောင်းသွားပါသဖြင့်
http://myaegyiup.blogspot.com သို့ အလည် လာကြပါရန်




Powered by ScribeFire.

Saturday, October 30, 2010

အား အား ယား ယား

Posted by ခါတော်မီ

အား အား ယားယား

သူတို့ မို့
အား အား ယားယား
လမ်း သလားနေကြလားလို့
ဘယ် ဟုတ်လိမ့် မလဲ
အဆိတ်ခတ်ထားတဲ့ ထ္မင်းပွဲ
မျြုဆွယ်နေကြတာ
ယောင်လို့များ
သွားမစားလေနဲ့
မာလကီးယားသွားမယ်

သူတို့ မို့
အား အား ယားယား
ညသန်းခေါင် ခွေးဟောင်ခံတယ်
ဘယ် ဟုတ်လိမ့်မလဲ
ဧည့်စာရင်းစစ်သယောင်နဲ့
ခြင်ထောင်လိုက်လှန်နေတာ
ယောင်လို့များ
တိုင်မထူလိုက်နဲ့
မာလကီးယားသွားမယ်

သူတို့ မို့
အား အား ယားယား
ခြသေ့င်္နှစ်ကေါင် အမြီးထောင်လို့
ဘယ် ဟုတ်လိမ့် မလဲ
ခေတ်သစ်ကျွန် ရွေးမလို့
ကြိုတင်မဲကေါက်နေတာ
ယောင်လို့များ
အား အား ယားယား
ဖင်သွားမယမ်းလိုက်လေနဲ့

မြေကြီး
Post By :Myaegyi , 31 oct 2010




Powered by ScribeFire.

Thursday, August 26, 2010

ကြက်ခြေခတ်လိုက်ပါ

Posted by ခါတော်မီ

ကြက်ခြေခတ်လိုက်ပါ

တစ်နေရာတော့ ချန်ထားပေးပါ
ရွေးချယ်စရာ ရွေးချယ်ခွင့် ရှိခဲ့ရင်
အနောက်က  နေထွက်လာမဲ့
နေ့ရက်တွေ  ရှိနိုင်ဦးမလား
ဆန့်ကျင်ဘက်တွေ လွှမ်းခြုံထားတဲ့
ကါလတွေ ရှည်ကြာ နေဦးမယ်
တံခါးခေါက်သံတွေ  ကျယ်လောင်နေပြီ

တခါကဆိုတဲ့ ဉာဉ်လေးကို မေ့ထားပေးပါ
နှလုံးသားက    တပ်လှန့်သံတွေ
ပေတစ်ရာပေါ်   ပြန့်ကျဲနေပြီ
ဒီ ဝဋ်ကြွေးတွေ
သံသရာ တဆုံး  မသယ်ချင်တော့လို့
ကိုယ့်ဘဝကို ခဏလောက်
ကြက်ခြေခတ်လိုက်ပါ
မျက်ရည်တွေ တမံ တုတ်လိုက်စို့

ခဏလောက်ဆိုတဲ့
အငှါးစကါးလေးတခွန်းနဲ့
ပြန်ပေးဖို့ မေ့လျှော့နေတော့
တောင်းသူအပြစ်  ဖြစ်စမြဲပါ
ခဏလောက်
နေရာပေးမိပါတယ်
နောင်ဘဝထိ
သယ်သွားမယ့်သူမျိုးကို
ပေးမိမှားလေတော့
ရေစက်ချအမျှဝေရုံပဲ
ဒီတခါဆိုရင်တော့
ကြက်ခြေခတ်လိုက်ပါ ။။။

မြေကြီး
Post By:Myaegyi Aug 26  2010




Powered by ScribeFire.

Monday, August 23, 2010

လားရာမဲ့သို့

Posted by ခါတော်မီ

လားရာမဲ့သို့

ကံကြမ္မာကို ကျောပေးထားသူလား
ကံကြမ္မာကို စားသုံးအသက်ရှင်သူလား
ကံကြမ္မာကို ကျောခင်းတံတားထိုးသူလား
ကံကြမ္မာကို အလောင်းအစားလုပ်သူလား
ကံကြမ္မာကို ပွဲစားလုပ်သူလား ..

ကိုယ့်အရိပ်နဲ့ကိုယ့်ကို
အခါခါ ခြောက်လှန့်နေ
ကိုယ့်စိတ်နဲ့ကိုယ်ဟာ
အခါခါ ကျဆုံးနေ
လဲပြိုနေတဲ့
စိတ်ဓါတ်မြို့ပျက်ကြီးထဲ
အခါခါ ချော်လဲခဲ့ရ
နေသားမကျဖြစ်နေတဲ့
အမှုအကျင့်တွေကို
ရှောင်တိမ်းလို့မရတဲ့အဆုံး
ကိုယ့်ဒူးကို ကိုယ်ကိုတိုင်
သံပတ်ပေးခဲ့ရ ..

အမှောင်ဆိုတာ မမြင်ရခြင်း
သန်းခေါင်ယံညဉ်နက်နဲ့အတူ
ထပျံခဲ့ရတဲ့
ဝိညဉ်တခုကို
လမ်းပြအဖေါ်ယူရင်း
မြင်ရသူထက်
မမြင်ရသူက
စိတ်အချရဆုံးမို့
ရုပ်ဝထ္တုတွေဟာကိုယ့်ကို
ဒုက္ခရောက်စေတယ်ဆိုတာ
နားလည်ခဲ့ရ ...

ရှိတာတွေကိုမလိုချင်ကြ
မရှိတာကိုမှ
တပ်မက်ဝါးမျိုချင်
ဖြစ်တည်ခြင်းဟာ
ပျက်သုန်းမှု့အတွက်
ရင်းနှီးမြှုပ်နှံမှု့ဆိုရင်
ငါတို့အားလုံးဟာ
ပုံသဏ္ဍန်မတူတဲ့
ရင်းနှီးမြှုမ်နှံမှု့ကို
ကိုယ်စီလုပ်နေကြတာပါ ..

ကေါက်နေတဲ့မျဉ်းတကြောင်း
ဖြေင့်ချင်ရင်တော့
ဖျက်ရာတော့ရှိစမြဲ
စိတ်ရဲ့အင်အားကေါင်းချင်ရင်
စိတ်ဓါတ်ကို
အဖြောင့်တိုင်းကျင့်ပါလေ ။။

မြေကြီး
Post By: myaegyi  Aug 24 2010


ScribeFire


Powered by ScribeFire.

Saturday, August 21, 2010

ရာသီစာ

Posted by ခါတော်မီ

ရာသီစာ

ဆာလောင်မွတ်သိပ်တယ်
ပူပြင်းတဲ့ ဘဝခရိးထဲ
ဆူးကြမ်းတွေခက်ထန်တယ်
အကြောမပေးနိုင်
ဒီ ..ခရီးဘဝထဲ
ဖိသိပ်တဲ့ လောကဓံလား
ဖိနှိပ်တဲ့ အာဏါလား
ဝေမဝါး ခွဲခြားမယ်
ငါတို့အားလုံး
ဒီ.. ခရီးဘဝထဲ
နစ်မွန်း ယစ်နေမလား ..

ပြွတ်သိပ်ကါစီတန်းနေ
မလှပတဲ့ အဓမ္မ္မ္မများ
သောကနဲ့ မျက်ရည်စက်များ
အလျှော့မပေးနိုင်
ဒီ..ခရီးဘဝထဲ
မွန်းကြပ်တဲ့ အမှောင်တိုက်လား
ဖိနှိပ်တဲ့ အာဏါလား
ဝေမဝါး ခွဲခြားမယ်
ငါတို့အားလုံး
ဒီ..ခရီးဘဝထဲ
ဓမ္မ္မ္မတေး သီနေမလား ....

တောက်ပတဲ့ နေမင်းမင်းအား
လက်တဝါးနဲ့ အုပ်မမိုးနိုင်
မမြင်ချင်တဲ့ မင်းတို့မျက်လုံးသာ
လက်တဝါနဲ့ အုပ်မိုးလို့ရနိုင်
တလောကရဲ့ အမှန်တရားကို
ဘယ်လိုဖုံးဖိမလဲ
မမြင်ချင်တဲ့ မင်းတို့ရဲ့
မျက်လုံးသာ ပိတ်လိုက်ပါတော့ ...

အတောင်ပံကျိုးငှက်လို့
အယောင်ဆောင်မနေပါနဲ့
ဟန်ဆောင်အပြုံးနဲ့
လှုပ်မနှိုးလိုက်ပါနဲ့
ရာသီစာ ..ပေါ်ချိန်အလိုက် ..

မြေကြီး

Post By: Myaegyi 22 Aug 2010 Am 4:55